ဒီတစ်ခေါက်မှာတော့ Shwe Khit ပရိသတ်ကြီးအတွက် ပြောပြပေးချင်တဲ့ ထူးထူးဆန်းဆန်း အကြောင်းအရာတစ်ခုရှိပါတယ်။ shwekhitonlinetv.com

ဒါကတော့ အမျိုးသားအဖြစ်ကနေ ပြောင်းလဲထားတဲ့ ကမ္ဘာ့အချောဆုံး အမျိုးသမီးလေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ တစ်ကယ့်ကို မျက်စိမှားသွားအောင် လှရဲ့လားဆိုတာကတော့ အောက်မှာ ဆက်ပြီး လေ့လာကြည့်လိုက်ရအောင်နော်… shwekhitonlinetv.com
၁။ Florencia Trinidad

Florencia ကတော့ အာဂျင်တီးနားနိုင်ငံမှာ ပထမဦးဆုံး ယောကျာ်းကနေ မိန်းမအဖြစ် ပြောင်းလဲခွဲစိတ်ထားတဲ့ အမျိူးသမီးပဲ ဖြစ်ပါတယ်။ သူမကို Flor de la Vလို့လည်း လူသိများကြပြီး လက်ရှိမှာတော့ TV Presenter အဖြစ်ရော သရုပ်ဆောင် မင်းသမီးအဖြစ်ပါ လုပ်ကိုင်ချက်ရှိပါတယ်။ shwekhitonlinetv.com
၂။ Caroline Cossey

၁၉၅၄ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Caroline ကတော့ ပြောင်းလဲခွဲစိတ်ထားတဲ့ အမျိုးသမီးတွေထဲမှာ ပေါ်ပြူလာအဖြစ်ဆုံး သူလည်း ဖြစ်ပါတယ်။ Caroline ဟာ သူမရဲ့ ဖြစ်တည်မှုကို တရားဝင်အသိမှတ်ပြုခံရဖို့နဲ့ လက်ထပ်ခွင့် ရှိဖို့စတဲ့ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်ခဲ့ရတာပါ။ ဒါ့အပြင် နာမည်ကြီး Playboy မဂ္ဂဇင်းရဲ့ ပထမဆုံး ဓာတ်ပုံမော်ဒယ် တစ်ယောက်လည်း ဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Carmen Carrera

တစ်ကယ့် မိန်းကလေး တစ်ယောက်နဲ့ ထင်မှတ်မှားလောက်အောင် လှနေတဲ့သူကတော့ Carmen Carrera ပဲ ဖြစ်ပါတယ်။ သူမဟာ ယောကျာ်းအဖြစ်ကနေ အမျိုးသမီးအဖြစ် ပြောင်းလဲ ခွဲစိတ်ထားပြီး အခုအခါမှာတော့ အမေရိကန် TV အစီအစဉ် တင်ဆက်သူအဖြစ် နာမည်ကြီးလျှက်ရှိပါတယ်။ shwekhitonlinetv.com
၄။ Christine Jorgensen

Christine ကတော့ အမေရိကမှာ ပထမဦးဆုံး ပြောင်းလဲ ခွဲစိတ်ထားတဲ့ အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ခေတ်သူ့အခါတုန်းကတော့ အတော်လေးကို လှတဲ့ transgender တစ်ယောက်အဖြစ် အများက အသိအမှတ်ပြုခဲ့ကြပါတယ်။ shwekhitonlinetv.com
၅။ Claudia Charriez

Claudia ကလည်း ပြောင်းလဲခွဲစိတ်ထားတဲ့ အမျိုးသမီးဖြစ်ပြီး မော်ဒယ် တစ်ယောက်အဖြစ် လုပ်ကိုင်လျှက်ရှိပါတယ်။ သူမကို လူသိများလာတာကတော့ အမေရိကရဲ့ နာမည်ကြီး Show တစ်ခုဖြစ်တဲ့ America Next top model မှာ ဖြစ်ပြီး ဒီပြိုင်ပွဲကနေ တဖြည်းဖြည်း နာမည်ကြီးလာခဲ့တာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ Andreja Pejic

Andreja ကတော့ နာမည်ကြီး ဒိတ်ဒိတ်ကြဲ Super Model တစ်ယောက်ပါ။ ဒါ့အပြင် သူမဟာ ပြောင်းလဲ ခွဲစိတ်ထားတယ်ဆိုတာ ကြော်ငြာပြီး သတ်မှတ်ထားတဲ့ စံတွေကို ချိုးဖျက်ပြခဲ့ပါတယ်။ shwekhitonlinetv.com
၇။ Jenna Talackova

Jenna ဟာ ၂၀၁၂ တုန်းက ကနေဒါနိုင်ငံရဲ့ အလှမယ်ရွေးပွဲမှာ transgender တစ်ယောက်ဖြစ်လို့ ပါဝင်ခွင့်မရတဲ့ အပေါ်အချေအတင်ဖြစ်ခဲ့ပြီး မီဒီယာရဲ့ အာရုံစိုက်မှုကို ရခဲ့ပါတယ်။ သူမဟာ အခုလက်ရှိမှာတော့ Canadian Model အဖြစ်ရော TV Personality အဖြစ်ပါ လုပ်ကိုင်နေပါတယ်။ shwekhitonlinetv.com
၈။ Chanel

စွဲမက်ဖွယ် အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ Chanelဟာ အရင်တုန်းက လူကြီးဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာ အမျိုးသမီးအဖြစ် ပြောင်းလဲ ခွဲစိတ်ထားတာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Kim Petras

Kim ကတော့ အမျိုးသမီး အဖြစ် ပြောင်းလဲခွဲစိတ်ပြီးနောက်မှာတော့ အရိုးရှင်းဆုံး အလှတရားကို ပိုင်ဆိုင်ထားတဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ transgender တစ်ယောက် ဖြစ်ပြီးတဲ့ နောက်ပိုင်း အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်ဖို့အတွက်ပါ ကြိုးစားနေပါတယ်။ shwekhitonlinetv.com
၁၀။ Thalita Zampirolli

တစ်ကယ့် မိန်းကလေးအစစ်နဲ့ ခွဲမရအောင် တူလွန်းလှတဲ့ Thalita ကတော့ ကမ္ဘာ့အချောဆုံး transgender တစ်ယောက်အဖြစ် စာရင်းဝင်ထား သူလည်း ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံသူတစ်ဦး ဖြစ်တဲ့ Thalita ဟာ အမျိုးသမီးအဖြစ် ပြောင်းလဲခွဲစိတ်တုန်းက အသက် ( ၁၈ ) နှစ်ပဲ ရှိပါသေးတယ်။ shwekhitonlinetv.com
အခုပြောပြပေးထားတာကတော့ ကမ္ဘာ့အချောဆုံး ပြောင်းလဲခွဲစိတ်ထားတဲ့ အမျိုးသမီးတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလို ထူးဆန်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးပါဦးနော်။ shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။