Wikipedia ဆိုတာဟာ အင်တာနက်ပေါ်ကစွယ်စုံကျမ်းကြီးတစ်ခုအဖြစ်လူအများသိရှိထားကြပါတယ်။ Wikipedia မှာ တစ်လောကလုံးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာအဖြစ်အပျက်မျိုးစုံကို အင်တာနက်အသုံးပြုသူတွေအနေနဲ့ လေ့လာဖတ်ရှုနိုင်ပါတယ်။ စစ်တမ်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း Wikipedia မှာလူစိတ်ဝင်စားမှုအရှိဆုံးနဲ့ ဝင်ရောက်ဖတ်ရှုမှုအများဆုံးစာမျက်နှာ (၁၀) ခုကိုဖော်ပြရမယ်ဆိုရင်တော့ …… shwekhitonlinetv.com
၁။ Death in 2021

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ဝီကီပီဒီးယားမှာ ဝင်ရောက်ဖတ်ရှုမှုအများဆုံးအကြောင်းအရာကတော့ Death in 2021 ပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာကိုတော့ ဝင်ရောက်ဖတ်ရှုသူစုစုပေါင်း (၄၅,၃၈၅,၉၁၄) ဦးရှိပါတယ်။ shwekhitonlinetv.com
၂။ Elizabeth II

ဒုတိယမြောက် လူဝင်ရောက်ဖတ်ရှုမှုအများဆုံးအကြောင်းအရာကတော့ ဗြိတိန်ဘုရင်မကြီး Elizabeth II နဲ့ပတ်သက်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာကိုတော့ ဝင်ရောက်ဖတ်ရှုသူစုစုပေါင်း (၂၆,၆၈၀,၃၃၂) ဦးရှိပါတယ်။ shwekhitonlinetv.com
၃။ Elon Musk

Space X , Telsa စတဲ့ကုမ္ပဏီတွေရဲ့ သူဋ္ဌေးကြီးဖြစ်တဲ့ Elon Musk ရဲ့အကြောင်းကိုတော့ပြီးခဲ့တဲ့နှစ်အတွင်း ဝင်ရောက်ဖတ်ရှုတဲ့သူ (၂၅,၅၆၉,၃၂၄) ဦးရှိခဲ့ပါတယ်။ ဒါကြောင့် Elon Musk ဟာ ၂၀၂၁ ခုနှစ်ရဲ့ အင်တာနက် စွယ်စုံကျမ်းမှာ တတိယမြောက်လူစိတ်ဝင်စားမှုအရှိဆုံးအကြောင်းအရာဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com
၄။ Squid Game

Netflix ရဲ့ ကိုရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Squid Game ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာအတော်လေးရေပန်းစားခဲ့တဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး Wikipedia မှာဝင်ရောက်ဖတ်ရှုသူကတော့ (၂၃,၁၅၆,၈၃၂) ဦးထိရှိခဲ့ပါတယ်။ shwekhitonlinetv.com
၅။ Spider-Man : No Way Home

၂၀၂၁ ခုနှစ်အတွင်းမှာထွက်ရှိခဲ့တဲ့ Marvel ရဲ့ စူပါဟီးရိုး ဇာတ်လမ်းတစ်ခုဖြစ်တဲ့ Spider-Man : No Way Home ကတော့ ဒီစာရင်းရဲ့အဆင့် (၅) နေရာမှာတည်ရှိပါတယ်။ ဒီဇာတ်လမ်းနဲ့ပတ်သက်တဲ့ Wikipedia ကိုဝင်ရောက်ဖတ်ရှုသူကတော့ (၂၀,၇၃၀,၈၈၃) ဦးရှိပါတယ်။ shwekhitonlinetv.com
၆။ Characters of The Marvel Cinematic Universe

ဒီစာရင်းရဲ့နံပါတ် (၆) နေရာမှာရှိနေတာကလည်း Marvel နဲ့ဆိုင်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ လူပေါင်း (၁၉,၈၀၄,၇၀၂) ဟာ Marvel ရဲ့ စူပါဟီးရိုးတွေအကြောင်းကို Wikepedia မှာဝင်ရောက်ဖတ်ရှုခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Cristiano Ronaldo

စီရော်နယ်လ်ဒိုကတော့ ဒီစာရင်းမှာပါဝင်တဲ့ အားကစားလောက က တစ်ဦးတည်းသောလူပုဂ္ဂိုလ်ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း သူ့အကြောင်းကို Wikipedia မှာဝင်ရောက်ဖတ်ရှုသူဦးရေဟာ (၁၉,၅၆၃,၆၇၃) ဦးရှိခဲ့ပါတယ်။ shwekhitonlinetv.com
၈။ Prince Philip , Duke of Edinburgh

အီဒင်ဘတ်မြို့စားကြီး Philip ကတော့ ဗြိတိန်ဘုရင်မကြီး Elizabeth II ရဲ့ကြင်ယာတော်လည်းဖြစ်ပါတယ်။ သူနဲ့ပတ်သက်တဲ့အကြောင်းတွေကို Wikipedia မှာဝင်ရောက်ဖတ်ရှုထားသူဦးရေကတော့ (၁၈,၉၈၅,၃၆၄) ဦးရှိပါတယ်။ shwekhitonlinetv.com
၉။ United States

Wikipedia မှာ အမေရိကန်ပြည်ထောင်စုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ဝင်ရောက်ဖတ်ရှုခဲ့တဲ့သူဦးရေကတော့ (၁၈,၀၈၆,၉၆၃) ဦးရှိပါတယ်။ shwekhitonlinetv.com
၁၀။ UEFA Euro 2020

နံပါတ် (၁၀) နေရာမှာရှိနေတဲ့အကြောင်းအရာကတော့ UEFA Euro 2020 နဲ့ပတ်သက်တဲ့အကြောင်းအရာဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ UEFA Euro 2020 ဆိုပေမယ့် COVID-19 ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ်ထဲမှာမှ ကျင်းပခဲ့ရတဲ့ပြိုင်ပွဲဆိုရင်လည်းမမှားပါဘူး။ ဒီအကြောင်းအရာကို ဝင်ရောက်လေ့လာဖတ်ရှုခဲ့တဲ့သူကတော့ (၁၈,၀၇၇,၃၂၅) ဦးထိရှိပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။