လောကမှာတစ်ချို့လူတွေဟာ မွေးရာပါချို့ယွင်းချက်ကြောင့် သာမန်လူတွေနဲ့ကွဲပြားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း၊ ပုံပန်းသဏ္ဍာန်တွေနဲ့မွေးဖွားလာတက်ကြပါတယ်။ ဒါပေမယ့် သူတို့တွေထဲက အချို့ကတော့သာမန်လူတွေထက်တောင် ကိုယ်ရည်ကိုယ်သွေးထူးချွန်လှပြီး ကမ္ဘာနဲ့ချီတဲ့အောင်မြင်ကျော်ကြားမှုတွေကို ပိုင်ဆိုင်ထားကြပါတယ်။ အခုတစ်ခေါက်မှာတော့ အဲ့ဒီလိုမျိုး မွေးရာပါချို့ယွင်းချက်တွေရှိပေမယ့် ကိုယ်ပိုင်အလင်းရောင်နဲ့ တောက်ပနေကြတဲ့ နာမည်ကျော်ဆယ်လီတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ် …… shwekhitonlinetv.com
၁။ Kelly Knox – Born Without a Left Forearm

ဗြိတိန် Catwalk Model တစ်ဦးဖြစ်တဲ့ Kelly Knox ကတော့ မွေးရာပါဘယ်လက်ဖျံမပါဘဲမွေးဖွားလာသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမ Catwalk လျှောက်တဲ့အခါတိုင်းမှာ သာမန်လူတစ်ဦးထက်တောင်ပိုပြီး ဆွဲဆောင်မှုရှိသလို ညှို့အားလည်းပြင်းလှပါတယ်။ သူမအနေနဲ့ဒီအလုပ်ကိုလုပ်ကိုင်ခဲ့ရာမှာ လွယ်ကူမှုမရှိခဲ့ဘဲ မလိုမုန်းထားမှုမျိုးတွေနဲ့တောင်ကြုံတွေ့ခဲ့ရဖူးတယ်လို့ဆိုပါတယ်။ shwekhitonlinetv.com
၂။ Viktoria Modesta – An Amputated Leg

လတ်ဗီးယားမော်ဒယ်တစ်ဦးဖြစ်တဲ့ Viktoria Modesta ကတော့မွေးရာပါချို့ယွင်းချက်တစ်ခုကြောင့် အသက် (၂၀) အရွယ်မှာခြေထောက်တစ်ဖက်ကိုဖြတ်တောက်ပစ်ဖို့ဆုံးဖြတ်ချက်ချခဲ့တဲ့သူဖြစ်ပါတယ်။ သူမဟာ သူမကိုယ်မ Bionic Model တစ်ဦးအဖြစ်ခံယူထားပြီး သူမရဲ့ထူးခြားတဲ့ကိုယ်ရည်ကိုယ်သွေးတွေကို ဖော်ထုတ်ပြသကာ ဖက်ရှင်လောကကိုရဲဝင့်စွာ ဝင်ရောက်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ ဒါတင်မကသေးဘဲသူမဟာ အနုပညာဖန်တီးမှုအပိုင်းနဲ့ သိပ္ပံပညာရပ်တို့မှာလည်းထူးချွန်တဲ့သူတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Jillian Mercado – Muscular Dystrophy

New York မှာမွေးဖွားပြီး ဒိုမီနီကန် မိဘတွေကနေ မွေးဖွားလာခဲ့တဲ့ Jilian Mercado ကလည်းအောင်မြင်တဲ့ မော်ဒယ်တစ်ဦးပါ။ သူမကတော့မွေးရာပါ ကြွက်သားတွေချို့ယွင်းမှုကြောင့် မသန်စွမ်းတစ်ဦးဖြစ်ခဲ့ပေမယ့် မိမိ ဝါသနာပါရာကို မဆုတ်မနစ်ကြိုးပမ်းခဲ့မှုကြောင့် အောင်မြင်ကျော်ကြားလာခဲ့တာလည်းဖြစ်ပါတယ်။ အသက် (၃၅) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Mercado ဟာ ၂၀၁၄ ခုနှစ်မှာ Role Model တစ်ဦးအဖြစ် Diesel ရဲ့ဖက်ရှင်ရှိုးတွေမှာ စတင်ပါဝင်ခဲ့ Beyonce ရဲ့ World Tour တွေမှာလည်း Model တစ်ဦးအဖြစ်ပါဝင်ခဲ့ပါတယ်။ shwekhitonlinetv.com
၄။ Marsha Elle – Bionic Model

Marsha Elle ကတော့ မွေးရာပါချို့ယွင်းချက်တစ်ခုကြောင့် ခြေထောက်ဖြတ်တောက်ခဲ့ရတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်းသူမဟာ ဘဝကိုအရှုံးမပေးခဲ့ဘဲ သာမန်လူတွေလိုကြိုးစားခဲ့တာကြောင့် သူမဟာ မော်ဒယ်လ်၊ စာရေးဆရာ၊ စိတ်ခွန်အားတက်ကြွရေးလှုံ့ဆော်ပြောကြားသူတစ်ယောက်အဖြစ်ဘဝကို ကောင်းမွန်စွာရပ်တည်လျှက်ရှိပါတယ်။ လက်ရှိအချိန်မှာတော့ သူမဟာ Adidas၊ Afropunk တို့နဲ့ဖက်ရှင်ဆိုင်ရာလုပ်ငန်းတွေကို ပူးပေါင်းလုပ်ကိုင်နေပါတယ်။ shwekhitonlinetv.com
၅။ Melanie Gaydos – Marfan Syndrome

မွေးရာပါ Marfan Syndrome ခံစားနေရတဲ့ သရုပ်ဆောင်မော်ဒယ် Melanie Gaydos ကတော့ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့သူတစ်ဦးလို့ဆိုနိုင်ပါတယ်။ သူမဟာသာမန်လူတွေနဲ့ မတူဘဲ မွေးရာပါရောဂါကြောင့် ကွဲပြားခြားနားတဲ့ ပုံပန်းသဏ္ဍာန်ရှိပေမယ့် ဒီအချက်ကိုအကောင်းဆုံးအသုံးချကာ ဘဝကိုအောင်မြင်အောင်ကြိုးစားခဲ့တဲ့သူလို့ဆိုနိုင်ပါတယ်။ သူမအနေနဲ့မော်ဒယ်လောကအပြင် ရုပ်ရှင်ဇာတ်ကားများစွာမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး လက်ရှိအချိန်မှာတော့ ခင်ပွန်းဖြစ်သူနဲ့အတူ သာယာပျော်ရွှင်တဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်ထားပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။