၁။ “Operation London Bridge” ကိုစတင်မှာဖြစ်ပါတယ်။ Operation London Bridge ဆိုတာကတော့ အဲလိဇဘတ်ဘုရင်မကြီးအတွက် နိုင်ငံတော်ဈာပနအခမ်းအနားနဲ့ပတ်သက်ပြီး လုပ်ဆောင်ရမယ့် အစီအစဉ်တွေလို့ အလွယ်မှတ်ယူလို့ရပါတယ်။ shwekhitonlinetv.com
၂။ ချားလ်မင်းသားဟာ ဘုရင်ဖြစ်လာမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ လန်ဒန်မြို့အနှံ့က ဘုရားကျောင်းတွေမှာခေါင်းလောင်းသံတွေ ညံနေမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ White Hall အပါအဝင်နေရာအများစုမှာနိုင်ငံတော်အလံကို တစ်ဝက်သာလွှင့်ထူကြမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ လွှတ်တော်နဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေကို (၁၀) ရက်ကြာရပ်ဆိုင်းထားမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ ယူကေမှာတော့ ဘုရင်မကြီးကွယ်လွန်တဲ့နေ့ကို တစ်မျိုးသားလုံးဆိုင်ရာဝမ်းနည်းခြင်းနေ့အဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ ဘုရင်မကြီးကွယ်လွန်ပြီးချိန်မှာတော့ ဝန်ကြီးချုပ် Liz Truss အနေနဲ့ ဂျမေကာ၊ သြစတြေးလျ၊ ပါပူအာနယူးဂီနီ၊ နယူးဇီလန်၊ ကနေဒါ နဲ့ ဘဟားမားစ် အပါအဝင် ဘုရင်မကြီးနိုင်ငံတော်အကြီးအကဲအဖြစ်ရှိနေတဲ့ နိုင်ငံပေါင်း (၁၅) နိုင်ငံရဲ့ အစိုးရထံကို အသိပေးအကြောင်းကြားစာ ပေးပို့မှာဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ အဲ့ဒီနောက်မှာတော့ ဓနသဟာယ နိုင်ငံပေါင်း (၃၈) နိုင်ငံကိုလည်း အလားတူ အသိပေးအကြောင်းကြားစာတွေပေးပို့သွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ခြေလျင်တပ်သားတစ်ဦးက အနက်ရောင်ဝတ်စုံဝတ်ဆင်ပြီး ဘက်ကင်ဟမ်နန်းတော်ရဲ့ ဂိတ်အဝင်အဝမှာ တရားဝင်ကြေညာစာကို ချိန်ဆွဲရမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ ဘုရင်မကြီးရဲ့ ရုပ်အလောင်းကို သူမစံမြန်းခဲ့တဲ့ ပုလ္လင်နန်းဆောင်ကိုပို့မှာဖြစ်ပါတယ်။ ဆွေမျိုးသားချင်းနဲ့ မိသားစုဝင်တွေ နောက်ဆုံးအနေနဲ့ဂါရဝပြုနိုင်ဖို့ပါ။ shwekhitonlinetv.com
၁၁။ အဲ့ဒီမှာ (၅) ရက်ကြာထားရှိပြီးနောက်မှာတော့ ဘုရင်မကြီးရဲ့ရုပ်အလောင်းကို ဝက်မင်စတာခန်းမ (Westminster Hall) ကိုရွှေ့ပြောင်းထားရှိမှာဖြစ်ပြီး (၃) ရက်ကြာအဲ့ဒီမှာထားရှိမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၁၂။ ဝက်မင်စတာခန်းမမှာတော့ ဘုရင်မကြီးရဲ့ရုပ်အလောင်းကို တိုင်းသူပြည်သားတွေနဲ့ အစိုးရအဖွဲ့အစည်းတွေအပါအဝင် ဂါရဝပြုချင်သူတွေအတွက် တစ်နေ့ကို (၂၃) နာရီ အချိန်ပေးထားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၃။ (၁၀) ရက်မြောက်နေ့မှာတော့ ဘုရင်မကြီးရဲ့ရုပ်အလောင်းအား သင်္ဂြိုဟ်တဲ့အခမ်းအနားကို Westminster Abbey ဘုရားကျောင်းမှာပြုလုပ်သွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၁၄။ နိဂုံးချုပ်အနေနဲ့ပြောရရင်တော့ နှစ်ပေါင်း (၇၀) ကြာစိုးစံခဲ့တဲ့ ဘုရင်မကြီးကွယ်လွန်ခြင်းဟာ ယူကေအပါအဝင် ဓနသဟာယနိုင်ငံတွေမှာပါအပြောင်းအလဲများစွာဖြစ်ပေါ်လာဖို့ရှိပါတယ်။ ဥပမာအားဖြင့်ပြောရရင် နိုင်ငံတော်သီချင်း၊ ပတ်စ်ပို့၊ ရဲယူနီဖောင်း၊ ငွေကြေး စတဲ့ကဏ္ဍအများစုမှာ အပြောင်းအလဲတွေဖြစ်လာဖို့ရှိနေပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။