အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို အံ့သြမှင်သတ်သွားစေနိုင်လောက်တဲ့ သဘာဝတရားကြီးရဲ့ မှော်ဆန်လွန်းတဲ့ ဖြစ်စဉ်တွေအကြောင်းကိုဖော်ပြချင်ပါတယ်။ ဒီဖြစ်စဉ်လေးတွေကိုတော့ အင်မတန်ထူးချွန်လှတဲ့ ဓာတ်ပုံဆရာတွေက မှတ်တမ်းတင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ Ball Lightning

ဒီပုံလေးကတော့ အတော်လေးကို အံ့အားသင့်စရာကောင်းလွန်းပါတယ်။ မှိုတစ်ပွင့်ရဲ့ထိပ်မှာ ပူဖောင်းလေးတစ်ခုဖြစ်တည်နေချိန်မှာ ဓာတ်ပုံဆရာကအလင်းတစ်ခုကို ဖန်တီးပြီး ရိုက်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Amigos

Klyuchevskaya Sopka မီးတောင်ရဲ့ ပြာမှုန်တွေမှုတ်ထုတ်မှုက တိမ်တွေနဲ့ပေါင်းစပ်ပြီးထူးခြားတဲ့ သဘာဝဖြစ်စဉ်တွေဖြစ်ပေါ်နေတာပါ။ ကြည့်ရတာတောင်တွေက ဦးထုပ်ကိုယ်စီဆောင်းထားသလိုပါပဲနော်။ shwekhitonlinetv.com
၃။ The golden cliffs of the Sinyaya River

Sinyaya မြစ်ဆိုတာကတော့ ရုရှားနိုင်ငံ Yukutia ဒေသကိုဖြတ်သန်းစီးဆင်းနေတဲ့မြစ်တစ်စင်းပါ။ ဒီမြစ်ရဲ့ဘေးတစ်ဖက်မှာတော့ ကီလိုမီတာ (၁၀၀) ကျော်ရှည်လျားတဲ့ ကျောက်ဆောင်ကြီးတစ်ခုက မြစ်နဲ့အပြိုင်တည်ရှိနေပါတယ်။ ဒီကျောက်တောင်တွေဟာ ညနေ နေဝင်ဆည်းဆာအချိန်ဆိုရင် ရွှေတောင်တွေလို့ ထင်ရလောက်အောင်ကို သဘာဝတရားကြီးကလှပစွာလှည့်စားထားပါတယ်။ shwekhitonlinetv.com
၄။ Big Rainbow

သင့်အနေနဲ့သက်တံ့တစ်ခုကို အခုလောက်နီးကပ်စွာမြင်ဖူးပါသလား ? အခုလောက်နီးနီးကပ်ကပ်ကြီး မြင်ဖူးရင်တော့သွားပြီးတို့ထိချင်မိ မှာအသေအချာပါပဲ။ shwekhitonlinetv.com
၅။ Light and Darkness

ဒီတောအုပ်ကလည်း ရုရှားနိုင်ငံမှာတည်ရှိတာဖြစ်ပါတယ်။ ဒီတောအုပ်ရဲ့အလယ်မှာ Angara ဆိုတဲ့မြစ်တစ်ခုရှိပြီး အခုလိုမျိုးဝေဟင်ကနေ ဓာတ်ပုံရိုက်ကူးတဲ့အခါမှာတော့ မြစ်ရဲ့တစ်ဖက်ခြမ်းမှာရှိတဲ့ တောအုပ်ကလင်းပြီး တစ်ခြားတစ်ဖက်ကတောအုပ်ကတော့ အရိပ်ကျသလိုဖြစ်ပြီးမှောင်နေတာကို ထူးခြားစွာတွေ့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ A bombardier beetle

ဗုံးကျဲပိုး (bombardier beetle) တွေဟာသူတို့အန္တရာယ်ရှိမယ့်အခြေအနေတွေရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာ သူတို့ရဲ့ဝမ်းဗိုက်အနောက်ဖက်ထိပ်ကနေ ပူလောင်တဲ့ဓာတုရည်တစ်မျိုးကိုထုတ်လွှတ်တက်ကြပါတယ်။ ဒီဓာတုရည်ဟာ အခြားအင်းဆက်တွေကိုသေစေနိုင်ပြီး လူတွေကိုတောင်မှ နာကျင်စေနိုင်ပါတယ်။ shwekhitonlinetv.com
၇။ Black anf White

ရုရှားနိုင်ငံ Tolbachik မီးတောင်ပေါက်ကွဲမှုကနေထွက်ပေါ်လာတဲ့ အနက်ရောင်နှင့် အဖြူရောင်မီးခိုးများ။ဆန့်ကျင်ဘက်ဖြစ်နေတဲ့ မီးခိုးအရောင်တွေကတော့ အတော်လေးကိုထူးထူးဆန်းဆန်းဖြစ်နေပါတယ်။ shwekhitonlinetv.com
၈။ Droplets of pure beauty

တွဲခိုနေတဲ့ရေစက်ကလေးတွေရဲ့ အထဲမှာ အနောက်ခံပန်းကလေးတွေရဲ့ပုံရိပ်ထင်ဟပ်နေမှုကလည်း အတော်လေးကို လှပကြည်နူးဖွယ်ရာမြင်ကွင်းလေးဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Dancing

ဒါကတော့ ကော့ကေးရှပ်ဒေသမြောက်ပိုင်းက ပန်းပွင့်လေးတစ်ပွင့်အနားမှာ ကခုန်ပျံဝဲနေကြတဲ့ အင်းဆက်လေးတွေကို အမိအရမှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ At the edge of the world

ဒါကတော့ ရုရှားနိုင်ငံ Murmansk ဒေသဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင်တော့ မြောက်ဝင်ရိုးစွန်းနဲ့နီးကပ်လွန်းတာကြောင့် ကမ္ဘာကြီးရဲ့အစွန်းတစ်နေရာလို့တောင် တင်စားခေါ်ဝေါ်လို့ရပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။