ရွှေခေတ်ပရိသတ်တွေအတွက် အခုတစ်ခေါက်ဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ကမ္ဘာတစ်လွှားကရင်သပ်ရှုမောဖွယ်ရှုခင်းတွေကို ကြည့်ရှုခံစားနိုင်မယ့်အမိုက်စား စားသောက်ဆိုင်တွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေက ဘယ်စားသောက်ဆိုင်တွေများ ဒီစာရင်းမှာပါဝင်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော် ….. shwekhitonlinetv.com
၁။ La View in Ubud – Bali

အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းမှာရှိတဲ့ La View in Ubud စားသောက်ဆိုင်ကတော့ တောတောင်ရေမြေသဘာဝ နဲ့ ကျေးငှက်သာရကာတွေရဲ့ သဘာဝအလှကိုခံစားချင်သူတွေအတွက် သွားရောက်ဖို့အသင့်တော်ဆုံး စားသောက်ဆိုင်တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Pierchic in Dubai – UAE

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာရှိတဲ့ Pierchic ကတော့ပင်လယ်ထဲကို တံတားထိုးပြီးဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်ဖြစ်ပါတယ်။ ဒီဆိုင်မှာအဓိကရနိုင်တာကတော့ အီတလီအစားအသောက်တွေဖြစ်ပြီး ဒူဘိုင်းမြို့ရဲ့အလှကိုမြို့ပြင်ပင်လယ်ထဲကနေကြည့်ရသလိုခံစားရမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Beyond Ngorongoro Crater Lodge – Tanzania

Beyond Ngorongoro Crater Lodge စားသောက်ဆိုင်ကတော့ အာဖရိကတိုက်က တန်ဇန်းနီးယားနိုင်ငံ Ngorongoro Conservation Area မှာတည်ရှိတာဖြစ်ပါတယ်။ ချစ်သူနဲ့ဟန်းနီးမွန်းထွက်ဖို့လိုမျိုး ရိုမန်းတစ်ဆန်ဆန် ညစာစားလိုသူတွေအတွက်တော့ အကောင်းဆုံးစားသောက်ဆိုင်ဖြစ်ပါလိမ့်မယ်။ shwekhitonlinetv.com
၄။ Skyline Restaurant in Queenstown – New Zealand

New Zealand နိုင်ငံ Queenstown မှာရှိတဲ့ Skyline Restaurant ကလည်း နာမည်နဲ့လိုက်အောင်ပဲ Queenstown မြို့ရဲ့အလှကို မိုးမြင့်ထက်ကနေ ကြည့်ရှုခံစားနိုင်မယ့် နေရာတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Piz Gloria in Mürren – Switzerland

နှင်းတွေဖုံးလွှမ်းနေတဲ့တောင်တန်းအလှတွေကို ခံစားရင်း အကောင်းဆုံးနေ့လည်စာတွေကို မြည်းစမ်းချင်သူတွေအတွက်တော့ Switzerland နိုင်ငံ Mürren မှာရှိတဲ့ Piz Gloria စားသောက်ဆိုင်ကကြိုဆိုလျက်ရှိပါတယ်။ နှင်းလျောစီးဝါသနာပါတဲ့သူတွေလည်း သွားရောက်သင့်တဲ့ စားသောက်ဆိုင်တစ်ခုပါ။ shwekhitonlinetv.com
၆။ Ali Barbour’s Cave Restaurant in Diani Beach – Kenya

အလီဘာဘာရဲ့ လှိုဏ်ဂူလို့ခေါ်တွင်ပြီး တစ်မူထူးခြားတဲ့ပတ်ဝန်းကျင်အနေအထား အပြင်အဆင်တွေနဲ့ စားသောက်ဆိုင်တစ်ခုကတော့ အာဖရိကတိုက်က ကင်ညာနိုင်ငံမှာတည်ရှိလို့နေပါတယ်။ လှိုဏ်ဂူထဲကနေ အိန္ဒိယသမုဒ္ဒရာကြီးရဲ့ အလှကိုလှမ်းမြင်တွေ့ရှိခံစားရမှာကတော့ ဘာနဲ့မှမလဲနိုင်တဲ့ အရသာတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Fangweng in Yichang – China

အလွန်အရသာရှိတဲ့အစားအသောက်တွေကို စွန့်စွန့်စားစား စားသောက်ချင်တဲ့သူတွေအတွက်ကတော့ တရုတ်နိုင်ငံ Yichang မြို့မှာ Fangweng ဆိုတဲ့စားသောက်ဆိုင်ရှိပါတယ်။ ဒီစားသောက်ဆိုင်ကတော့ မြင့်မားလှတဲ့ကျောက်တောင်ကြီးတွေရဲ့ နံရံမှာတည်ရှိတာမို့လို့ လာရောက်စားသုံးသူတွေကို အသည်းတအေးအေးဖြစ်စာမှာအမှန်ပါပဲ။ shwekhitonlinetv.com
၈။ Ristorante Grotta Palazzese in Puglia – Italy

အီတလီနိုင်ငံ Puglia မှာရှိတဲ့ Ristorante Grotta Palazzese စားသောက်ဆိုင်ကတော့ ပင်လယ်နဲ့ထိစပ်နေတဲ့ ကျောက်တောင်ကြီးတွေမှာ သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ လှိုင်ဂူလိုနေရာမျိုးမှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Altitude at Shangri-La in Sydney – Australia

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က Shangri-La ဟိုတယ်မှာရှိတဲ့စားသောက်ဆိုင်ကတော့ ဆစ်ဒနီမြီု့ရဲ့ အထင်ကရနေရာအတော်များများကို အထက်စီးကနေကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ Le Jules Verne in Paris – France

ပြင်သစ်နိုင်ငံပဲရစ်မြို့ကတော့ ဆယ်ကျော်သက်လူငယ်တွေအပါအဝင် ကမ္ဘာလှည့်ခရီးသွားတွေအတွက် သွားရောက်လည်ပတ်ချင်စရာအိပ်မက်မြို့တော်တစ်ခုဖြစ်ပါတယ်။ တစ်ကယ်လို့ ပဲရစ်မြို့ကိုရောက်ခဲ့ရင်တော့ နာမည်ကျော် အီဖယ်မျှော်စင်ပေါ်က Le Jules Verne ဆိုတဲ့စားသောက်ဆိုင်လေးမှာ ဝင်ရောက်စားသောက်ခဲ့ကြဖို့မမေ့ကြပါနဲ့ဦးနော် ……. shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။