ကမ္ဘာပေါ်ကနိုင်ငံအသီသီးမှာတော့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ထင်ပေါ်ကျော်ကြားတဲ့သူတွေရဲ့ အထိမ်းအမှတ်ဂုဏ်ပြုရုပ်တုတွေ ယုံကြည်ကိုးကွယ်တဲ့ ဘာသာရေးဆိုင်ရာရုပ်တုတွေ အသီးသီးရှိနေကြပါတယ်။ ဒီရုပ်တုတွေထဲကမှာ ကမ္ဘာပေါ်မှာအမြင့်ဆုံးရုပ်တုကြီး (၁၀) ခုကိုဖော်ပြရမယ် ဆိုရင်တော့ ….. shwekhitonlinetv.com
၁၀။ The Motherland Calls – Russia

အမိမြေကိုသရုပ်ဖော်ထားတဲ့ The Motherland Calls ရုပ်တုကတော့ ရုရှားနိုင်ငံ ဗိုဂိုဂရက်မြို့မှာတည်ရှိပြီး ဥရောပမှာရှိတဲ့အမြင့်ဆုံးရုပ်တုလည်းဖြစ်ပါတယ်။ ဒီရုပ်တုဟာ အောက်ခြေခုံတွေကိုထည့်မတွက်ဘဲ ရုပ်တုကြီးသက်သက် ၈၅ မီတာ (၂၇၉ ပေ) မြင့်ပါတယ်။ shwekhitonlinetv.com
၉။ Dai Kannon of Kita no Miyako park- Japan

၁၉၈၉ ခုနှစ်မှာတည်ဆောက်ခဲ့တဲ့ ဒီရုပ်တုကြီးကတော့ Kannon (တစ်နည်းကွမ်ရင်) ကိုသရုပ်ဖော်ထားတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးမှာရှိတဲ့ ဒီရုပ်တုကြီးဟာ အမြင့် ၈၈ မီတာ (၂၈၉ ပေ) မြင့်ပြီး ၁၉၈၉ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အထိ ကမ္ဘာ့အမြင့်ဆုံးရုပ်တုကြီးဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com
ဒီရုပ်တုနဲ့အမြင့်တူညီတဲ့နောက်ထပ် ရုပ်တုတစ်ခုရှိပါသေးတယ်။ အဲ့ဒီရုပ်တုကတော့ cလို့ ခေါ်တဲ့ အပျိုစင်မေရီ ရဲ့ရုပ်တုဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကမှ ဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်ဒီရုပ်တုကြီးက မျှော်စင်ပုံစံတည်ဆောက်ထားတာဖြစ်ပြီး အောက်ခြေအဆောက်အအုံကိုပါထည့်သွင်းတွက်ချက်ခြင်းရှိမရှိတော့ အတည်မပြုနိုင်သေးပါဘူး။ shwekhitonlinetv.com

၈။ Great Buddha – Thailand

ကွန်ကရစ်ပေါ်မှာရွှေအဆင်းခြယ်သထားတဲ့ Great Buddha ရုပ်တုကြီးကတော့ ထိုင်းနိုင်ငံမှာတည်ရှိပြီး ၂၀၀၈ ခုနှစ်က ပြုလုပ်ပြီးစီးခဲ့တာဖြစ်ပါတယ်။ ဒီရုပ်တုကြီးရဲ့ ညဏ်တော်အမြင့်ကတော့ ၉၂ မီတာ (၃၀၂ ပေ) ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Guishan Guanyin – China

အမြင့် ၉၉ မီတာ (၃၅၂ ပေ) မြင့်ပြီး လက်ပွားတော်ပေါင်းများစွာပါဝင်တဲ့ ကြေးသွန်းကွမ်ရင်မယ်တော်ရုပ်တုကြီးကတော့ တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှာတည်ရှိပြီး ၂၀၀၉ ခုနှစ်ကတည်ဆောက်ပြီးစီးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ Sendai Daikannon – Japan

ဒီရုပ်တုကြီးကလည်း Kannon ကိုပုံဖော်ထားတာပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံ မီယာဂီ စီရင်စုမှာရှိပြီးတော့ အမြင့်အားဖြင့် ၁၀၀ မီတာ (ပေ ၃၃၀) ရှိပါတယ်။ ဒီရုပ်တုကြီးကလည်း ၁၉၉၁ ကနေ ၁၉၉၃ ခုနှစ်အထိ ကမ္ဘာ့အမြင့်ဆုံးရုပ်တုကြီးဖြစ်ခဲ့ပါသေးတယ်။ shwekhitonlinetv.com
၅။ Ushiku Daibutsu – Japan

ဒီရုပ်တုကြီးကလည်း ဂျပန်နိုင်ငံမှာပဲတည်ရှိတာဖြစ်ပြီး ၁၉၉၃ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ကမ္ဘာ့အမြင့်ဆုံးရုပ်တုဖြစ်ခဲ့ပါတယ်။ အမြင့်ပေ ၃၃၀ (မီတာ ၁၀၀) ရှိပြီး ဂျပန်နိုင်ငံ အီဘာရာကီ စီရင်စုမှာတည်ရှိတာပါ။ shwekhitonlinetv.com
၄။ Statue of Belief – India

ယုံကြည်ချက်ကို ကိုယ်စားပြုဖော်ညွှန်းတဲ့ ရှီဗာ နတ်ဘုရားရုပ်တုကြီးကတော့ ကမ္ဘာပေါ်မှာ စတုတ္ထမြောက်အမြင့်ဆုံးရုပ်တုကြီးဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ရာဂျာ့စ်သန် မှာတည်ရှိတဲ့ဒီရုပ်တုကြီးကတော့ ၂၀၂၀ မှာဆောက်လုပ်ပြီးစီးခဲ့ပြီး ၁၀၆ မီတာ (၃၄၈ ပေ) မြင့်ပါတယ်။ shwekhitonlinetv.com
၃။ Laykyun Sekkya – Myanmar

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းမှာရှိတဲ့ လေးကျွန်းစင်္ကြာရပ်တော်မူ ဗုဒ္ဒရုပ်ပွားတော်မြတ်ကြီးကတော့ ဒီစာရင်းရဲ့ အဆင့် (၃) နေရာမှာရှိပါတယ်။ ဒီရုပ်တုကြီးကိုတော့ ၂၀၀၈ ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီး ညဏ်တော်အားဖြင့် ၁၁၅.၈ မီတာ (၃၈၀ ပေ) မြင့်ပါတယ်။ shwekhitonlinetv.com
၂။ Spring Temple Buddha – China

တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှာရှိတဲ့ ဗုဒ္ဒရုပ်ပွားတော်မြတ်ကြီးကတော့ ညဏ်တော် ၁၂၈ မီတာ (၄၂၀ ပေ) မြင့်ပြီး ကမ္ဘာပေါ်မှာဒုတိယအမြင့်ဆုံး ရုပ်တုကြီးလည်းဖြစ်ပါတယ်။ ဒီရုပ်ပွားတော်မြတ်ကြီးကိုတော့ ၂၀၀၈ ခုနှစ်မှာပဲတည်ဆောက်ပြီးစီးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ Statue of Unity – India

ကမ္ဘာပေါ်မှာအမြင့်ဆုံးဖြစ်တဲ့ ရုပ်တုကြီးကတော့ အိန္ဒိယနိုင်ငံ ဂူဂျာရတ်မှာတည်ရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့တဲ့ ဒီရုပ်တုကြီးဟာ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်တဲ့ Vallabhbhai Patel ကို ဂုဏ်ပြုထားတာဖြစ်ပြီး ညီညွှတ်ခြင်းကိုကိုယ်စားပြုတယ်လို့သိရပါတယ်။ ဒီရုပ်တုကြီးရဲ့ အမြင့်ကတော့ ၁၈၂ မီတာ (၅၉၇ ပေ) ဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။