ဆန်းပြားလှတဲ့ ဖန်တီးတီထွင်မှုတွေကြောင့် တခါတလေမှာ စိတ်ရှုပ်ထွေးရတဲ့ အခိုက်အတန့်တွေ ရှိတတ်ပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် မြင်လေ့မြင်ထမရှိတဲ့ ထူးဆန်းတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ အမျိုးသမီးရှုးပေါက်ခွက်

အမျိုးသားအိမ်သာတွေထဲမှာ မတ်တပ်ရပ်ပြီး ရှူးပေါက်နိုင်တဲ့ အိမ်သာခွက်အမျိုးအစားကို အားလုံးသိကြမှာပါ။ ဒါ့ကြောင့် အမျိုးသမီးတွေအတွက်လည်း မတ်တပ်ရပ်ပြီး ရှူးပေါက်နိုင်ဖို့အတွက် အဆိုပါ အိမ်သာခွက်ကို ဖန်တီးပြုလုပ်ခဲ့ပါတယ်။ shwekhitonlinetv.com
၂။ ဂျင်းဆိုင်ကယ်ဦးထုပ်

ဆိုင်ကယ်ဦးထုပ်ကို ဂျင်းဘောင်းဘီပုံစံ ပြုလုပ်ထားတဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်။ ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ ဘောင်းဘီကြီးကို ခေါင်းမှာစွပ်ထားသလို ဖြစ်တာကြောင့် လူကြိုက်မများခဲ့တဲ့ ဒီဇိုင်းဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com
၃။ ခါးကျိုးနေတဲ့ကား

ပုံထဲမှာ တွေ့မြင်ရတဲ့ ကားကတော့ ခါးကျိုးနေတာမဟုတ်ပဲ ကားနှစ်စီးကို တစ်စီးတည်းဖြစ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အန္တရာယ်များလွန်းတာကြောင့် လုံးဝကို မစီးကြည့်သင့်တဲ့ ကားအမျိုးအစားပါ ။ shwekhitonlinetv.com
၄။ အလှမီးဆိုင်းနဲ့ကား

ကားတွေကို ဒီဇိုင်းဖန်တီးတဲ့အခါ သူ့ထက်ငါ ပိုမိုဆန်းသစ်စေဖို့အတွက် ဖန်တီးပြုလုပ်ကြပါတယ်။ ပုံထဲမှာတွေ့ရတဲ့ကားကတော့ အိမ်အလှဆင်တဲ့ မီးဆိုင်းတွေကို ချိတ်ဆွဲထားပါတယ်။ shwekhitonlinetv.com
၅။ ဒေါက်လည်းစီးချင် ရှုးဖိနပ်လည်း စီးချင်သူများအတွက်

ပုံမှာတွေ့မြင်ရတဲ့ဖိနပ်ကတော့ ရှူးဖိနပ်ကို ဒေါက်ထည့်သွင်းပြီး ဒီဇိုင်းပြုလုပ်ထားတာ ဖြစ်ပါတယ်။ ရှူးဖိနပ်လည်းစီးချင် ဒေါက်လည်းပါချင်တဲ့ မိန်းကလေးတွေအတွက်တော့ ရွေးချယ်သင့်တဲ့ ဖိနပ်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ ကြွေပြားကပ်ထားတဲ့ကား

ကားရဲ့ ခြေနင်းအောက်ခြေမှာ ကြွေပြားကပ်ပြီး ဒီဇိုင်းပြုလုပ်ထားတဲ့ ကားပဲ ဖြစ်ပါတယ်။ မိုးတွင်းကာလတွေမှာတော့ တော်တော်ကို အသုံးဝင်မယ့် ကားပါပဲနော်။ shwekhitonlinetv.com
၇။ အမျိုးသမီးခန္ဓာကိုယ်ထိုင်ခုံ

ထိုင်ခုံရဲ့ ဒီဇိုင်းကို အမျိုးသမီးတယောက်ရဲ့ နောက်ကျောပိုင်းပုံစံ ဖန်တီးထားတာ ဖြစ်ပါတယ်။ ရုတ်တရက်ကြည့်မယ်ဆိုရင် ထိုင်နေသူကို ခြေထောက်နဲ့ ပင့်တင့်ပြီး ထောက်ထားတဲ့ပုံစံ ဖြစ်နေမှာပါ။ ဆန်းကြယ်လှတဲ့ဒီဇိုင်းကြောင့် တချက်ကြည့်လိုက်တာနဲ့တင် မျက်လုံးထဲစွဲသွားစေမယ့် ထိုင်ခုံပါပဲနော်။ shwekhitonlinetv.com
၈။ ဒေါက်ဖိနပ်အောက်က ဒေါက်ဖိနပ်

မိန်းကလေးတွေရဲ့ ဖက်ရှင်နဲ့ပက်သက်လာရင် ဆန်းသစ်တီထွင်မှုတွေဟာ ဘယ်တော့မှ မရိုးသွားဘူးဆိုတာ တွေ့နိုင်ပါတယ်။ ဒေါက်ဖိနပ်ကြီးရဲ့အောက်က ဒေါက်ဖိနပ်အသေးလေးပါဝင်တဲ့ ဖိနပ်ကတော့ တကမ္ဘာလုံးမှာ ဒီဖိနပ်တရံပဲ ရှိနိုင်တဲ့အထိ ဆန်းသစ်တဲ့ ဒီဇိုင်းပါပဲနော်။ shwekhitonlinetv.com
၉။ ငှက်ကြီးဝံပို ခရစ္စမတ်သစ်ပင်

လှပလွန်းတဲ့ ခရစ္စမတ်သစ်ပင်တွေကို အားလုံးတွေ့ဖူးကြမှာပါ။ ပုံမှာတွေ့ရတဲ့ သစ်ပင်ကတော့ ငှက်ကြီးဝံပို အရုပ်တွေနဲ့ အလှဆင်ထားပါတယ်။ ကြည့်ရတာနဲ့တင် ဘယ်လိုမှ အဆင်မပြေစေတဲ့ ဒီဇိုင်းပါပဲနော်။ shwekhitonlinetv.com
၁၀။ ခြေထောက်ပေါက်နေတဲ့ထိုင်ခုံ

လူတယောက်ရဲ့ ခြေထောက်ပုံစံ ဖန်တီးပြုလုပ်ထားတဲ့ ထိုင်ခုံပဲ ဖြစ်ပါတယ်။ ဖိနပ်ဝတ်ထားတဲ့ ထိုင်ခုံရဲ့ ခြေထောက်ပုံစံဒီဇိုင်းကတော့ မြင်လိုက်တာနဲ့တင် မျက်စိမခွာနိုင်လောက်အောင် ဆွဲဆောင်နိုင်မှာပါ။ shwekhitonlinetv.com
၁၁။ ကြက်ခြေထောက်ခြေအိတ်

ရှည်လျားလွန်းလှတဲ့ ခြေအိတ်ကို ကြက်ခြေထောက်ပုံစံ ဒီဇိုင်းအဖြစ် ဖန်တီးချုပ်လုပ်ထားတာ ဖြစ်ပါတယ်။ အနွေးဓာတ်ပေးနိုင်မယ့် ခြေအိတ်တွေဖြစ်ပေမယ့် ဆိုးဝါးလှတဲ့ ဒီဇိုင်းကြောင့် လူကြိုက်နည်းလှပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။