သြစတေးလျနိုင်ငံဟာ လှပတဲ့ရှူခင်း ကောင်းမွန်တဲ့ ရာသီဥတုတွေအပြင် ဆန်းကြယ်လှတဲ့ တိရစ္ဆာန်တွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်လျက်ရှိပါတယ်။ တကမ္ဘာလုံးမှာ မတွေ့ရ မကြုံရနိုင်တဲ့ အခြေအနေတွေကိုလည်း သြစတေးလျနိုင်ငံမှာပဲ တွေ့ရှိနိုင်ပါတယ်။ ဒီတခါမှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် သူများနဲ့မတူ တမူထူးခြားလှတဲ့ သြစတေးလျနိုင်ငံရဲ့ ထိတ်လန့်ဖွယ်အခြေအနေတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ ကြီးမားလှတဲ့ပိုးဖလံ

သြစတေးလျနိုင်ငံမှာဆိုရင်တော့ လူလက်တဖက်စာမကတဲ့ အင်းစက်တွေကိုလည်း တွေ့နိုင်ပါတယ်။ ပုံမှာတွေ့မြင်ရတဲ့ အကောင်ကြီးကတော့ ကြီးမားလှတဲ့ ပိုးဖလံအကောင်ကြီးပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ ကြီးမားလှတဲ့ လင်းနို့

အင်းစက်တကောင်ကိုတောင် ကြီးမားလွန်းတဲ့ ဆိုဒ်အနေအထားနဲ့ တွေ့ရနိုင်တဲ့ သြစတေးလျနိုင်ငံမှာ လင်းနို့ကြီးတကောင်တွေ့ရတာက အထူးအဆန်းမဟုတ်တော့ပါဘူးနော်။ ပုံထဲမှာတော့ လူတယောက်ရဲ့ ခန္ဓာကိုယ်အရွယ်အစားလောက်နီးနီး ကြီးမားတဲ့ လင်းနို့်ကြီးကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com
၃။ များပြားလွန်းလှတဲ့ပင့်ကူမျိုးစိတ်များ

သြစတေးလျနိုင်ငံမှာ နေထိုင်မယ်ဆိုရင်တော့ ပင့်ကူတွေကိုလည်း မေ့ထားလို့ မရပါဘူးနော်။ ပင့်ကူမျိုးစိတ်ခွဲပေါင်းများစွာရှိပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ အန္တရာယ်များတာကြောင့် ဂရုစိုက်သင့်ပါတယ်။ shwekhitonlinetv.com
၄။ နေရာအနှံံမှာတွေ့နိုင်တဲ့ ပင့်ကူများ

အန္တရာယ်များလွန်းလှတဲ့ ပင့်ကူတွေကို သြစတေးလျနိုင်ငံမှာတော့ နေရာအနှံ့တွေ့နိုင်ပါတယ်။ ရေချိုးခန်းထဲက သွားတိုက်တံကို ယူမယ်ဆိုရင်တောင် ဂရုစိုက်သင့်တဲ့အကြောင်း ပြသနေတဲ့ ပုံလေးပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ အသည်းယားစရာကောင်းတဲ့ အခြေအနေများ

ဒီလိုမြင်ကွင်းမျိုးကို သြစတေးလျနိုင်ငံမှာတော့ မထူးဆန်းတော့ပါဘူးနော်။ ဒါပေမယ့် သြစတေးလျနိုင်ငံကို အလည်အပတ်ရောက်လာသူတွေအတွက်ကတော့ ဒီမြင်ကွင်းဟာ တကယ့်ကို အိမ်မက်ဆိုးပါပဲ။ shwekhitonlinetv.com
၆။ ကိုအာလာ

ကိုအာလာတိရစ္ဆာန်လေးတွေကို သြစတေးလျနိုင်ငံရဲ့ အရေးကြီးဆုံးတိရစ္ဆာန်လေးတွေအဖြစ် သတ်မှတ်ပြီး သေချာထိန်းသိမ်းစောင့်ရှောက်ကြရပါတယ်။ ဒီလိုအကောင်လေးတွေကို အိမ်ဂိုဒေါင်တွေထဲမှာလည်း အမှတ်မထင် တွေ့ရနိုင်ပါတယ်။ shwekhitonlinetv.com
၇။ ဖိနပ်ထဲကမြွေ

သြစတေးလျနိုင်ငံမှာနေမယ်ဆိုရင်တော့ ဘာပဲလုပ်လုပ် သတိရှိနိုင်မှ အဆင်ပြေမှာပါ။ ပုံမှာတွေ့မြင်ရတာကတော့ ဖိနပ်ထဲမှာ ဝင်ပြီးခွေနေတဲ့ မြွေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ ကားတံခါးဘောင်ထဲကမြွေ

ကားတံခါးလှပ်မယ်ဆိုရင်လည်း သတိအနေအထားရှိရပါမယ်။ ဘာလို့လဲဆိုတော့ ကားတံခါးဘောင်ထဲကို ဝင်ပြီးခွေနေတတ်တဲ့ မြွေတွေရှိတတ်တာကြောင့် ဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ စားသောက်ဆိုင်ထဲက ဖွတ်

ပုံမှာတွေ့မြင်ရတာကတော့ စားသောက်ဆိုင်ထဲကို ဝင်ရောက်လာတဲ့ ကြီးမားလှတဲ့ ဖွတ်ကောင်ကြီး ဖြစ်ပါတယ်။ ဒီအကောင်ကြီးကို ဝန်ထမ်းကောင်မလေးက မကြောက်မရွံ့ကိုင်တွယ်နေတာကို တွေ့ရမှာပါ။ ဒါ့ကြောင့် သြစတေးလျနိုင်ငံမှာ နေထိုင်မယ်ဆိုရင်တော့ တိရစ္ဆာန်တွေကို ကိုင်တွယ်ရဲရမှာပါနော်။ shwekhitonlinetv.com
၁၀။ စာပို့သမားတွေရင်ဆိုင်နေရတဲ့ အကောင်ကြီး

သြစတေးလျစာပို့သမားတွေအတွက်ကတော့ ဒီအဖြစ်အပျက်မျိုးက ကြုံတွေ့နေကျဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် စာတိုက်ပုံးဖွင့်မယ်ဆိုရင်တောင် သတိအနေအထား ရှိနေဖို့ လိုပါမယ်။ shwekhitonlinetv.com
၁၁။ ကြောက်စရာကောင်းတဲ့ ရာသီဥတု

သြစတေးလျနိုင်ငံရဲ့ ရာသီဥတုကတော့ ပုံမှာတွေ့မြင်ရတဲ့အတိုင်း အန္တရာယ်များလွန်းလှပါတယ်။ ဘိလိယက်ဘောလုံးအရွယ်ရှိတဲ့ မိုးသီးတွေကြွေကျတတ်တဲ့ ရာသီဥတုကြောင့် မိုးရွာတော့မယ်ဆိုရင်တော့ အိမ်ထဲမှာပဲ နေထိုင်ခြင်းဟာ အန္တရာယ်အကင်းဆုံးဖြစ်မှာပါ။ shwekhitonlinetv.com
၁၂။ အိပ်ခန်းထဲလည်း ရောက်နေတတ်တဲ့ မြွေ

ပင့်ကူတွေကို နေရာတိုင်းမှာတွေ့ရတတ်သလို မြွေတွေကိုလည်း နေရာအနှံ့မှာ တွေ့ရနိုင်ပါတယ်။ သင်ဟာ မြွေကြောက်တတ်သူတဦးဆိုရင်တော့ သြစတေးလျနိုင်ငံမှာ နေထိုင်ဖို့အတွက် ပြန်လည်သုံးသပ်သင့်ပါတယ်။ shwekhitonlinetv.com
၁၃။ အိပ်ယာထဲကမိကျောင်း

သြစတေးလျနိုင်ငံဟာ တိရစ္ဆာန်တွေနဲ့ပက်သက်ရင် ထူးခြားဆန်းကြယ်တဲ့ အပြုအမူတွေ လုပ်ဆောင်တတ်တဲ့ နိုင်ငံဆိုတာ အားလုံးသိကြမှာပါ။ ပုံမှာတွေ့မြင်ရတာကတော့ မိကျောင်းတကောင်ကို အိပ်ယာပေါ်မှာ တင်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ တကယ်ကို ထူးဆန်းလှတဲ့ သြစတေးလျနိုင်ငံသားတွေပါ။ shwekhitonlinetv.com
၁၄။ အိမ်သာခွက်ထဲက မြွေ

စားသတိ သွားသတိ တင်မကပဲ အိမ်သာအသုံးပြုမယ်ဆိုရင်တောင် သတိရှိဖို့လိုအပ်တဲ့ နိုင်ငံပါ။ ပုံမှာတွေ့မြင်ရတဲ့အတိုင်း အိမ်သာခွက်ထဲမှာ ပုန်းအောင်းနေတတ်တဲ့ မြွေတွေရှိနေတတ်ပါတယ်။ shwekhitonlinetv.com
၁၅။ ခြံစည်းရိုးမှာတွေ့ရတဲ့အကောင်ကြီး

ဒီလိုမြင်ကွင်းတွေကတော့ သြစတေးလျနိုင်ငံသားတွေအတွက် ပုံမှန်လို ဖြစ်နေမှာပါ။ ဒါပေမယ့် အခုမှ အလည်အပတ်လာမယ့် ဧည့်သည်တွေအတွက်တော့ တခါတည်း ထွက်ပြေးချင်စိတ်ပေါက်စေမယ့် မြင်ကွင်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။