ဆေးပညာဆိုင်ရာသုတေသနပြုလုပ်ချက်တွေနဲ စစ်တမ်းတွေအရဆိုရင်တော့ သာမန်လူတစ်ဦးဟာ အမျိုးသားဆိုရင် ပျမ်းမျှအရပ် (၅) ပေ (၇) လက်မ၊ အမျိုးသမီးဆိုရင် ပျမ်းမျှအရပ် (၅) ပေ (၃) လက်မ ဝန်းကျင်ပဲရှိပါတယ်။ ဒါပေမယ့်တစ်ချို့လူတွေကတော့ မူမမှန်တဲ့ဟော်မုန်းဆိုင်ရာ ပြဿနာတွေကြောင့် သာမန်လူတွေထက်များစွာပို အရပ်ရှည်နေတာမျိုးတွေရှိတက်ပါတယ်။ အခုတစ်ခေါက်မှာတော့ ဒီလိုလူတွေထဲကမှ ကမ္ဘာပေါ်မှာအရပ်အရှည်ဆုံးအဖြစ် မှတ်တမ်းတင်ခံခဲ့ရတဲ့ လူသား (၁၀) ဦးကိုဖော်ပြပေးလိုက်ပါတယ် ။ shwekhitonlinetv.com
၁၀။ Bernard Coyne & Don Koehler & Vikas Uppal

ဒီစာရင်းရဲ့နံပါတ် (၁၀) နေရာကိုရယူထားတဲ့သူကတော့ (၃) ဦးအထိရှိပါတယ်။ သူတို့တွေကတော့ အမေရိကန်နိုင်ငံသားတွေဖြစ်တဲ့ ဘားနက်ကွိုင်း (၁၈၉၇-၁၉၂၁)၊ ဒွန်ခိုလာ (၁၉၂၅-၁၉၈၁) နဲ့ အိန္ဒိယနိုင်ငံသားဖြစ်တဲ့ ဗီကက်ရှ်အက်ပါး (၁၉၈၆-၂၀၀၇) တို့ပဲဖြစ်ကြပါတယ်။ သူတို့ (၃) ဦးရဲ့အရပ်အမြင့်ကတော့ (၈) ပေ (၂) လက်မစီရှိပါတယ်။ shwekhitonlinetv.com
၉။ Jinnat Ali

နံပါတ် (၉) နေရာမှာရှိနေတဲ့သူကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဂျင်နက်အလီ ဖြစ်ပါတယ်။ သူ့ရဲ့အရပ်အမြင့်ကတော့ (၈) ပေ (၈.၂) လက်မရှိပါတယ်။ သူ့ကိုမွေးဖွားခဲ့တာကတော့ ၁၉၉၆ ခုနှစ်မှာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ဧပြီထဲမှာကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ Sultan Kosen

တူရကီနိုင်ငံသားဖြစ်တဲ့ ဆူလ်တန်ကိုဆမ် ကတော့ဒီစာရင်းမှာပါဝင်တဲ့သူတွေအနက် ယနေ့အချိန်အထိသက်ရှိထင်ရှားရှိနေသေးတဲ့ တစ်ဦးတည်းသောသူပဲဖြစ်ပါတယ်။ သူ့ရဲ့အရပ်အမြင့်ကတော့ (၈) ပေ (၂.၈၉) လက်မရှိပြီး ၁၉၈၂ ခုနှစ်မှာမွေးဖွားခဲ့သူပါ။ shwekhitonlinetv.com
၇။ Edouard Beaupre

အရပ် (၈) ပေ (၂.၉) လက်မမြင့်တဲ့ အက်ဒွါ့ဘူပရေ ကတော့ ကနေဒါနိုင်ငံသားတစ်ဦးဖြစ်ပါတယ်။ သူ့ကိုတော့ ၁၈၈၁ ခုနှစ်မှာမွေးဖွားခဲ့ပြီး အသက် (၂၃) နှစ်အရွယ်ပြည့်တဲ့ ၁၉၀၄ ခုနှစ်မှာကွယ်လွန်သွားခဲ့ပါတယ်။ သူက ပရော်ဖက်ရှင်နယ် နပန်းသမားတစ်ဦးလည်းဖြစ်ပြီး ကြိုးဝိုင်းထဲမှာ Willow Bunch Giant ဆိုပြီးလူသိများတဲ့သူပါ။ shwekhitonlinetv.com
၆။ Vaino Myllyrinne

ဗိုင်နိုမိုင်လီရင်းန် ကတော့ ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီးမြို့မှာ ၁၉၀၉ ခုနှစ်ကမွေးဖွားခဲ့တဲ့သူဖြစ်ပါတယ်။ သူ့ရဲ့အရပ်အမြင့်ကတော့ အသက် (၂၀) အရွယ်မှာ (၇) ပေ (၄) လက်မသာရှိပေမယ့် အသက် (၂၁) နှစ်အရွယ်ရောက်တဲ့အခါမှာတော့ထူးခြားတဲ့ ကြီးထွားမှုဒုတိယအဆင့်ကို ကြုံတွေ့ခဲ့ရပြီး သူ့ရဲ့အရပ်အမြင့်ကလည်း (၈) ပေ (၃) လက်မအထိရှိလာခဲ့ပါတယ်။ သူဟာ အသက် (၂၀) အရွယ်မှာစစ်မှုထမ်းခဲ့ရတာကြောင့် အရပ်အရှည်ဆုံးစစ်သားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာနော့ နပန်းပွဲတွေနဲ့ ဆက်ကပ်ပွဲတွေမှာ ဘဝကိုမြုပ်နှံပြီး ဥရောပတစ်ခွင်ဖျော်ဖြေခဲ့တဲ့သူလည်းဖြစ်ပါတယ်။ သူကွယ်လွန်ခဲ့တဲ့ခုနှစ်ကတော့ ၁၉၆၃ ခုနှစ်ပါ။ shwekhitonlinetv.com
၅။ Trijntje Keever

ဒတ်ချ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ထရီယိုက်ကီဗာကတော့ (၁၇) ရာစုအစောပိုင်းမှာမွေးဖွားခဲ့တဲ့သူဖြစ်တာကြောင့် ကမ္ဘာ့အရပ်အရှည်ဆုံးလူသားအဖြစ် အစောဆုံးမှတ်တမ်းဝင်ခဲ့တဲ့သူပါ။ နောက်ပြီး အရပ်အမြင့် (၈) ပေ (၄) လက်မရှိတဲ့သူမဟာ ယနေ့တိုင် ကမ္ဘာ့အရပ်အရှည်ဆုံးအမျိုးသမီးအဖြစ်မှတ်တမ်းဝင်ထားတဲ့သူူလည်း ဖြစ်ပါတယ်။ သူမကိုတော့ ၁၆၁၆ ဧပြီ မှာမွေးဖွားခဲ့ပြီး ၁၆၃၃ ဇူလိုင်မှာ ကွယ်လွန်သွားခဲ့တာဖြစ်လို့ လူ့ဘဝကြီးမှာ အသက် (၁၇) နှစ်အရွယ်ထိပဲ နေခွင့်ရခဲ့ပါတယ်။ shwekhitonlinetv.com
၄။ Leonid Stadnyk

လီယိုနစ်စတာညက်ကတော့ ၁၉၇၀ ပြည့်နှစ်က ဆိုဗီယက်ပြည်ထောင်စုမှာမွေးဖွားခဲ့တဲ့ ယူကရိန်းနိုင်ငံသားတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့အရပ်အမြင့်ကတော့ ကွယ်လွန်ခဲ့တဲ့ ၂၀၁၄ မှာနောက်ဆုံးတိုင်းတာခဲ့စဉ်က (၈) ပေ (၅.၅) လက်မရှိတယ်လို့သိရပါတယ်။ သူက အသက် (၄၄) နှစ်အရွယ်အထိနေထိုင်သွားခဲ့ရတာကြောင့် အရပ်ရှည်ဆုံးလူသားတွေထဲမှာတော့ အသက်အရှည်ဆုံး ရှင်သန်နေထိုင်နိုင်ခဲ့တဲ့သူလို့လည်းဆိုနိုင်ပါတယ်။ shwekhitonlinetv.com
၃။ John F. Carroll

အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်တဲ့ ဂျွန်ကာရိုးလ်ကတော့ ပြင်းထန်လှတဲ့မွေးရာပါကျောရိုးကွေးရောဂါနဲ့ ဟော်မုန်းချို့ယွင်းမှု (Kyphoscoliosis and Acromegalic Gigantism) ကိုခံစားခဲ့ရတဲ့သူပါ။ သူ့ရဲ့အရပ်အမြင့်ကတော့ သူ့ရဲ့အရပ်အမြင့်က (၈) ပေ (၈) လက်မဖြစ်ပြီး ၁၉၃၂ မှာမွေးဖွားကာ ၁၉၆၉ မှာကွယ်လွန်ခဲ့ပါတယ်။ shwekhitonlinetv.com
၂။ John Rogan

အာဖရိကန်-အမေရိကန် နွယ်ဖွားဖြစ်တဲ့ ဂျွန်ရိုဂန် ကတော့ ၁၈၆၈ ခုနှစ်မှာမွေးဖွားခဲ့သူဖြစ်ပါတယ်။ သူကလည်း Gigantism ခံစားနေရသူတစ်ဦးဖြစ်ပြီး အရပ်အမြင့်က (၈) ပေ (၁၁) လက်မအထိရှိပါတယ်။ သူကွယ်လွန်ခဲ့တဲ့ ၁၉၀၅ ခုနှစ်မတိုင်ခင်အထိတော့ သူ့ဘဝကို လယ်စာရင်းငှား၊ ပန်းချီဆရာ စသဖြင့်ရပ်တည်ဖြတ်သန်းခဲ့သူပါ။ shwekhitonlinetv.com
၁။ Robert Wadlow

ကမ္ဘာပေါ်မှာအရပ်အရှည် ဆုံးလူသားအဖြစ်မှတ်တမ်းတင်ခံထားရသူကတော့ အမေရိကန်နိုင်ငံသား ရောဘတ်ဝက်ဒ်လိုးပဲဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၁၈ ဖေဖော်ဝါရီ (၂၂) ရက်နေ့မှာ မွေးဖွားခဲ့ပြီး Human Growth Hormone (HGH) မြင့်လွန်းတဲ့ဝေဒနာကိုခံစားခဲ့ရသူဖြစ်ပါတယ်။ ဒီဝေဒနာကြောင့် သူကွယ်လွန်ခဲ့တဲ့ အသက် (၂၂) အရွယ်မှာတောင်သူ့ရဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုက ရပ်တန့်မယ့်အရိပ်အယောင်မရှိခဲ့ပါဘူး။ ဆိုလိုတာကတော့ သူသာအသက်ဆက်ရှင်နေဦးမယ်ဆိုရင် နောက်ဆုံးအချိန်တိုင်းတာခဲ့တဲ့ သူ့ရဲ့အရပ်အမြင့် (၈) ပေ (၁၁.၁) လက်မထက် ပိုပြီးအရပ်ထပ်ရှည်ဖို့ရှိနေတာပါ။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။