အခုတစ်ခေါက်မှာတော့ ခရီးသွားရတာကိုနှစ်သက်တဲ့သူူတွေအတွက် ဒဏ္ဍာရီတွေ နတ်သမီးပုံပြင်တွေထဲကလို သာယာလှပပြီး အေချမ်းလွန်းတဲ့ ကမ္ဘာတစ်လွှားကမြို့၊ ရွာလေးတွေအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်နော် … shwekhitonlinetv.com
၁။ Shirakawa – Japan

Shirakawa ရွာလေးကတော့ ဂျပန်နိုင်ငံအလယ်ပိုင်း ဂီဖုစီရင်စု၊ အိုနိုခရိုင်မှာတည်ရှိတာဖြစ်ပါတယ်။ ဒီရွာကလေးက UNESCO ရဲ့ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ်သတ်မှတ်ခြင်းခံထားရပြီး လူဦးရေ (၁၆၀၀) ကျော်သာရှိတဲ့ရွာလေးဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Alsace – France

ပြင်သစ်နိုင်ငံအရှေ့ပိုင်းက စထရာဘော့စီရင်စုမှာရှိတဲ့ယဉ်ကျေးမှုမြို့တော်ဖြစ်ပါတယ်။ Alsace မြို့ဟာ ဂျာမနီ၊ ဆွစ်ဇာလန်၊ လူဇင်ဘတ် နိုင်ငံတွေနဲ့ထိစပ်နေတဲ့နယ်စပ်မြို့ဖြစ်တာကြောင့် လူဦးရေထူထပ်သိပ်သည်းလှပြီး ၂၀၂၀ ခုနှစ်စာရင်းတွေအရဆိုရင် ဒီမြို့လေးမှာနေထိုင်သူက (၁.၉) သန်းနီးပါးထိရှိပါတယ်။ shwekhitonlinetv.com
၃။ Qaqortoq – Greenland

Qaqortoq ကတော့ ဂရင်းလန်းတောင်ပိုင်း ကူယယ်လက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မြို့လေးဖြစ်ပါတယ်။ အမြဲတမ်းလိုလိုနှင်းတွေကျဆင်းနေတက်ပြီး လူဦးရေအားဖြင့် (၃၀၀၀) ဝန်းကျင်တဲ့ ဂရင်းလန်းရဲ့ (၅) ခုမြောက်အကြီးဆုံးမြို့ဖြစ်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Bled Island – Slovenia

ဆလိုဗေးနီးယားနိုင်ငံ အနောက်မြောက်ပိုင်းက Bled ရေကန်ကြီးအတွင်းမှာတည်ရှိတဲ့ Bled Island ကတော့လူနေအိမ်ခြေအနည်းငယ်သာရှိတဲ့ ကျွန်းကလေးဖြစ်ပါတယ်။ ဒါပေမယ့်စိတ်ငြိမ်အေးချမ်းလွန်းပြီး သာယာလှတာကတော့ ပုံမှာမြင်တွေ့ရတဲ့အတိုင်းပါပဲ။ shwekhitonlinetv.com
၅။ Huacachina – Peru

Huacachina ကတော့ တောင်အမေရိကတိုက် ပီရူးနိုင်ငံတောင်ပိုင်း Ica ပြည်နယ်မှာတည်ရှိပြီး သဲတွေနဲ့ဝန်းရံထားတဲ့ ကန္တာရအိုအေစစ်ဆန်ဆန် ရွာလေးဖြစ်ပါတယ်။ ဒီရွာလေးမှာအမြဲတမ်းနေထိုင်သူ (၁၀၀) ဝန်းကျင်သာရှိပေမယ့် နှစ်စဉ်လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေကတော့ သောင်းချီပြီးရှိပါတယ်။ shwekhitonlinetv.com
၆။ Tuscany – Italy

Tuscany ကတော့အီတလီနိုင်ငံရဲ့ သာယာလှပတဲ့ဒေသတစ်ခုဖြစ်ပြီး လူဦးရေ (၃.၈) သန်းလောက်နေထိုင်တဲ့ဒေသဖြစ်ပါတယ်။ ဒီဒေသရဲ့ မြို့တော်ဖြစ်တဲ့ ဖလောရင့်မြို့ဟာဆိုရင် ကမ္ဘာကျော်အထင်ကရပုဂ္ဂိုလ်များစွာကို မွေးဖွားပေးခဲ့တဲ့မြို့လည်းဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ်များစွာရှိနေတဲ့ ရှေးဟောင်းဒေသတစ်ခုလို့လည်းဆိုနိုင်ပါတယ်။ shwekhitonlinetv.com
၇။ Lofoton – Norway

Lofoton ကတော့ နော်ဝေးနိုင်ငံ Nordland ခရိုင်မှာက ကျွန်းစုလေးတစ်ခုမှာတည်ထားတဲ့မြို့လေးဖြစ်ပါတယ်။ အံ့အားသင့်ဖွယ်သဘာဖြစ်စဉ်တွေနဲ့ သာယာလွန်းတဲ့ ဒီမြို့လေးဟာဆိုရင် အာတိတ်စက်ဝန်းနဲ့ (၁၀၅) မိုင်သာကွာဝေးတဲ့နေရာမှာရှိနေပြီး လူဦးရေ (၂၅၀၀) ဝန်းကျင်နေထိုင်ပါတယ်။ shwekhitonlinetv.com
၈။ Bibury – England

အင်္ဂလန်နိုင်ငံအလယ်ပိုင်း ဂလူကတ်စတာရှိုင်းယားအရပ်မှာတည်ရှိတဲ့ Bibury ကတော့ရှေးဟောင်းအမွေအနှစ် ဗိသုကာလက်ရာများစွာရှိတဲ့ Arlington Row နယ်မြေအနီးက ရွာငယ်လေးဖြစ်ပါတယ်။ ဒီနယ်မြေကိုလာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အရေးပါတဲ့ရွာငယ်လေးဖြစ်သလို သိမ်းမြစ်ရဲ့ မြစ်လက်တက်တစ်ခုဖြစ်တဲ့ ကိုလုံးမြစ်ပေါ်မှာတည်ရှိတာဖြစ်လို့ သာယာလှပတဲ့ ရှုခင်းတွေအများအပြားရှိနေပါတယ်။ shwekhitonlinetv.com
၉။ Gosau – Austria

Gosau ကတော့ ဥရောပတိုက် သြစတြီးယားနိုင်ငံအလယ်ပိုင်းက သစ်တောတွေဖုံးလွှမ်းနေတဲ့တောင်တွေအလယ်မှာတည်ရှိတဲ့မြို့ငယ်လေးဖြစ်ပါတယ်။ စိမ်းလန်းစိုပြည်တဲ့ ရှုမျှော်ခင်းတွေနဲ့ အလွန်သာယာနာပျော်ဖွယ်ကောင်းပြီး လူဦးရေ (၁၇၀၀) ဝန်းကျင်ပဲရှိတဲ့ မြို့လေးလဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ Bern – Switzerland

ဆွစ်ဇာလန်နိုင်ငံကတော့ ကမ္ဘာပေါ်မှာအချမ်းသာဆုံးနဲ့ အေးချမ်းသာယာမှုအရှိဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။ သဘာဝရေမြေတောတောင်အလှတွေများစွာရှိတဲ့အထဲက ဆွစ်ဇာလန်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Bern မြို့ကတော့ ရာသီအလိုက် ရှုမငြီးနိုင်တဲ့ပတ်ဝန်းကျင်အလှအပတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့ မြို့ဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။