အသက်မွေးဝမ်းကြောင်း ပညာရပ်တခုကို မသင်ကြားရသေးခင်မှာပဲ ကိုယ်ပိုင်ပိုက်ဆံကို ရှာနိုင်နေပြီဖြစ်တဲ့ ကလေးတွေဟာ ကမ္ဘာတလွှားမှာ အများအပြားရှိလို့နေပါပြီ။ တိုးတက်ပြောင်းလဲလာတဲ့ခေတ်ကြီးမှာ ခေတ်စနစ်နဲ့အညီ Youtuber , Gamer အဖြစ်နဲ့ ကိုယ်ပိုင်ဝင်ငွေလမ်းကြောင်းတခုကို ဖန်တီးနိုင်နေကြပါပြီ။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ကမ္ဘာ့အချမ်းသာဆုံး ကလေး ၁၀ ယောက်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ Ryan Kaji

Ryan လို့ခေါ်တဲ့ ဒီကလေးလေးကတော့ ငယ်စဥ်ကတည်းက youtube မှာရှိတဲ့ အရုပ်နဲ့ပက်သက်တဲ့ Review တွေကို ကြည့်ရတာ ကြိုက်နှစ်သက်သူတယောက်ပါ။ တနေ့မှာတော့ Youtube မှာ သူ့အတွက် ကိုယ်ပိုင် Channel တခုဖွင့်ပေးဖို့အတွက် မိဘတွေကို တောင်းဆိုခဲ့ပါတယ်။ Ryan ဟာ သူ့ကိုယ်ပိုင် Channel ကိုဖွင့်ခွင့်ရရှိခဲ့ပေမယ့် ပထမဆုံးဗွီဒီယိုတွေမှာတော့ ကြည့်ရှူသူမရှိခဲ့ပါဘူး။ ဒါ့ကြောင့် သူ့အမေဖြစ်သူဟာ Ryan ကို Pixar series မှ နာမည်ကြီး အရုပ်များစွာကို ဝယ်ယူကာ ဆော့ကစားစေပြီး သူမကိုယ်တိုင်ဗွီဒီယို ရိုက်ကူးပေးခဲ့ပါတယ်။ အသက် ၉ နှစ်သာရှိသေးတဲ့ Ryan ဟာ ကြေးအကြီးဆုံး Youtuber တွေထဲက တယောက်ဖြစ်လာခဲ့ပြီး ဒေါ်လာ ၃၀မီလီယံနီးပါး ရရှိခဲ့ပါတယ်။ shwekhitonlinetv.com
၂။ Nastya

Nastya လို့လူသိများတဲ့ နာမည်ကြီးကလေး Youtuber ရဲ့ နာမည်အရင်းကတော့ Anastasia Radzinskaya ပဲ ဖြစ်ပါတယ်။ ရုရှားနိုင်ငံသူလေးဖြစ်ပြီး ဦးနှောက်ချို့ယွင်းခြင်းရောဂါကို ခံစားနေရသူဖြစ်ပါတယ်။ ကုသပေးနေတဲ့ ဆရာဝန်တွေကတော့ သူမကို တသက်တာလုံးစကားမပြောနိုင်တော့မှာ စိုးရိမ်ခဲ့ရပါတယ်။ shwekhitonlinetv.com
၂၀၁၅ ခုနှစ်မှာတော့ သူမရဲ့ မိဘနှစ်ပါးဟာ Nastya Youtube Channelကိုဖန်တီးဖို့အတွက် ရှိသမျှစည်းစိမ်ကို ပုံအောခဲ့ကြပါတယ်။ အခုချိန်မှာတော့ Nastya Channel ဟာ subscribers အရေအတွက် ၁၉၀.၆မီလီယံအထိ ရရှိနေပြီး ၂၀၂၀ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၁၈.၅ မီလီယံ ရရှိနေပြီဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Matthew David Morris

MattyBRaps ဒါမှမဟုတ် MattyB လို့လူသိများတဲ့ Matthew David Morris ကတော့ Youtuber မှာ မူရင်းသီချင်းတွေကို ပြန်လည်ဆန်းသစ်ပြီး တင်ခဲ့ရမှ အောင်မြင်လာခဲ့သူဖြစ်ပါတယ်။ ပထမဆုံးသူစတင်တင်ခဲ့တဲ့ သီချင်းကတော့ Justin Bieber ရဲ့ “Eenie Meenie” သီချင်းပဲ ဖြစ်ပါတယ်။ အဆိုပါသီချင်းကို တင်စဥ်အချိန်က ၂၀၁၀ ခုနှစ် သူ့အသက် ၇ နှစ်သာ ရှိပါသေးတယ်။ နောက် ၄ နှစ်အကြာမှာတော့ သူ့ Chaneel ဟာ ကြည့်ရှူသူ ဘီလီယံနဲ့ချီပြီးရရှိနေပြီဖြစ်ပါတယ်။ အခုချိန်မှာတော့ Matthew David Morris ဟာ ဒေါ်လာ ၃ မီလီယံအထိ ပိုင်ဆိုင်နေပြီဖြစ်တဲ့ ဆယ်ကျော်သက်တယောက်ဖြစ်နေပါပြီ။ shwekhitonlinetv.com
၄။ Moziah Bridges

Moziah Bridges ဟာငယ်စဥ်ကတည်းက ဖက်ရှင်ကျကျ အဝတ်အစားတွေကို ဝတ်ဆင်ရတာ ကြိုက်နှစ်သက်သူတဦးပါ။ ရေကူးကန်သွားတဲ့အခါမှာတောင် Suit အဝတ်အစားတွေကို ဝတ်ဆင်တတ်သူတဦးဖြစ်ပါတယ်။ ဒါပေမယ့် အရောင်းဆိုင်တွေမှာ ရောင်းချတတ်တဲ့ လည်ပင်းပတ်ဖဲပြားတွေကို မကြိုက်တာကြောင့် ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် သူကိုယ်တိုင် ကုမ္ပဏီထောင်ခဲ့ပါတယ်။ shwekhitonlinetv.com
သူ့ရဲ့ အကြံဥာဏ်ကို နောက်ကွယ်ကနေ ပံ့ပိုးပေးခဲ့သူကတော့ အပ်ချုပ်သမားဖြစ်ခဲ့တဲ့ သူ့အဖွားပဲ ဖြစ်ပါတယ်။ အဖွားရဲ့ အကြံပေးချက်တွေကြောင့် နောက်ဆုံးမှာတော့ သူ့ရဲ့ပန်းတိုင်ကို ရောက်ရှိခဲ့ပါတယ်။ Moziah Bridges ရဲ့ကုမ္ပဏီကနေပြီး အခုချိန်မှာဆိုရင်တော့ လည်ပတ်ဖဲကြိုးများ ၊ နက်ကတိုင်များနဲ့ အခြားသော ဆက်စပ်ပစ္စည်းများကို ၁၅ ဒေါ်လာကနေ ဒေါ်လာ ၅၀ အထိသတ်မှတ်ပြီး ထုတ်လုပ်ခဲ့ပါတယ်။ ၆ နှစ်အကြာမှာတော့ သူ့ရဲ့ ကုမ္ပဏီဟာ ဒေါ်လာ ၆၀၀,၀၀၀ အထိ တန်ဖိုးရှိခဲ့ပါတယ်။ shwekhitonlinetv.com
၅။ Alina Morse

Alina Morse ဆိုတဲ့ ကောင်မလေးကတော့ သကြားမပါဝင်တဲ့ ချိုချဥ်တွေကို ထုတ်လုပ်ရောင်းချခြင်းအားဖြင့် ချမ်းသာလာခဲ့သူလေး ဖြစ်ပါတယ်။ သူမရဲ့ အဖေဟာ သွားတွေပျက်စီးမှာဆိုးတာကြောင့် ချိုချဥ်စားခြင်းကို တားမြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် သကြားမပါဝင်တဲ့ ချိုချဥ်တွေကို ထုတ်လုပ်ရောင်းချဖို့ အကြံဥာဏ်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ သကြားမပါဝင်ပဲ ချိုချဥ်ထုတ်လုပ်နိုင်ဖို့ နည်းလမ်းတွေကို Youtube ကနေပြီး လေ့လာသင်ကြားခဲ့ပါတယ်။ shwekhitonlinetv.com
သူမ အသက် ၁၃ နှစ်မှာ သူမရဲ့ Zolli Candy ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပါတယ်။ လုပ်ငန်းစတင်ခဲ့တဲ့ နေရာလေးကတော့ သူမအိမ်ရဲ့ မီးဖိုချောင်လေးကနေစတင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ဒေါ်လာ ၆ မီလီယံအထိ ရရှိနေတဲ့ ကုမ္ပဏီတခုဖြစ်လာခဲ့ပါတယ်။ ကမ္ဘာတဝှမ်းက တဆင့်ပြန်လည်ရောင်းချလိုသူများနဲ့လည်း တွေ့ဆုံပြီးဖြန့်ချီနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ သူမရဲ့ ကုမ္ပဏီဟာ သကြားမပါတဲ့ချိုချဥ်ရောင်းချသူများကြားမှာ နံပါတ်တစ်ဖြစ်နေပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ Nick D’Aloisio

Nick D’Aloisio ကတော့ ကလေးဥာဏ်ကြီးရှင်တယောက်လို့ ဆိုရမှာပါ။ သူဟာ သူ့အသက် ၁၂ နှစ်မှာ software ရေးနည်းကို ကိုယ်တိုင်လေ့လာသင့်ယူခဲ့ပါတယ်။ အသက် ၁၅ နှစ်မှာတော့ iphone app တခုဖြစ်တဲ့ Summly ဆိုတဲ့ app ကိုတီထွင်ဖန်တီးနိုင်ခဲ့ပါတယ်။ အဆိုပါ app ကို Yahoo ကုမ္ပဏီကို ဒေါ်လာ ၂၀ မီလီယံနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် Nick D’Aloisio ဟာ ဆယ်ကျော်သက် မီလီယံနာတဦးဖြစ်လာပါတယ်။ shwekhitonlinetv.com
၇။ Kyle Giersdorf

Kyle ကတော့နာမည်ကြီး Gamer တဦးဖြစ်ပါတယ်။ နယူးယောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ esport ပွဲဖြစ်တဲ့ Fortnite World Cup မှာဆုရရှိခဲ့တာကြောင့် ရုတ်တရက်ချက်ချင်း သန်းကြွယ်သူဌေးဖြစ်လာခဲ့သူပါ။ Kyle ဟာ မအောင်မြင်ခင်အချိန်က Game Steraming Channel တွေကို ကြည့်ရှူပြီး အတုယူကာ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com
၈။ Evan

Evan ဟာ သူ့အသက် ၅ နှစ်အရွယ်ကနေစတင်ပြီး ဒီအလုပ်ကို လုပ်ကိုင်ခဲ့သူပါ။ သူ့ရဲ့ အလုပ်ကတော့ Angry Birds အရုပ်ကလေးတွေကို အသုံးပြုပြီး stop motion ဗွီဒီယိုများကို ဖန်တီးပြီး Youtube မှာတင်ခဲ့တာ ဖြစ်ပါတယ်။ သူ့မိဘတွေနဲ့ သူငယ်ချင်းတွေ ကြိုက်နှစ်သက်စေဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့တဲ့ ဗွီဒီယိုတွေဟာ မထင်မှတ်ပဲ လူကြိုက်များ ကျော်ကြားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ကြည့်ရှူသူ မီလီယံနဲ့ချီပြီး ရရှိခဲ့ကာ နှစ်စဥ်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၃ မီလီယံ ရရှိနေပြီ ဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Farrhad Acidwalla

လက်ရှိမှာ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ Farrhad ဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်လာခဲ့တာ ဆယ်စုနှစ်တခုစာမက ရှိခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့လုပ်ငန်းကတော့ aero-modeling နဲ့ လေကြောင်း နဲ့ပက်သက်တဲ့ လုပ်ငန်းဖြစ်ပြီး သူ့မိဘများထံမှ ၁၀ ဒေါ်လာ ချေးယူကာ လုပ်ငန်းကို စတင်ခဲ့ပါတယ်။ အဆိုပါ လုပ်ငန်းကို စတင်လုပ်ကိုင်စဥ်က Farrhad ဟာ အသက် ၁၃ နှစ်သာ ရှိပါသေးတယ်။ ယခုချိန်မှာတော့ သူ့ရဲ့လုပ်ငန်းဟာ ဒေါ်လာ ၄ မီလီယံအထိ တန်ကြေးရှိနေပြီ ဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ Isabella Barrett

TLC တီဗွီချန်နယ်လ်ရဲ့ အစီအစဥ်တခုဖြစ်တဲ့ Toddlers & Tiaras မှာ စတင်လုပ်ကိုင်ရင်း သူမရဲ့ အသက်မွေးဝမ်းကြောင်းကို စတင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အစီအစဥ်မှာ ရိုက်ကူးစဥ်အချိန်က Isabella ရဲ့ အသက်ဟာ ၆ နှစ်သာရှိပါသေးတယ်။ ယခုချိန်မှာတော့ ဆယ်ကျော်သက်တယောက်ဖြစ်နေပြီဖြစ်တဲ့ Isabella ဟာ နာမည်ကြီးတံဆိပ် ၅ ခုကိုတောင် ထုတ်လုပ်နိုင်နေပြီ ဖြစ်ပါတယ်။ Isabella ဟာ ကိုယ်ထူကိုယ်ထ ကြိုးစားပြီး မီလီယံနာဖြစ်လာခဲ့တဲ့ ကလေးတွေထဲက တဦးဖြစ်ပါတယ်။ သူမထက် ပိုပြီးအောင်မြင်နေတဲ့ ဆယ်ကျော်သက်နဲ့ ကလေးတွေကို ကြည့်ရင်း ဒီ့ထက်မက ပိုမိုကြိုးစားချင်လာစေဖို့ တွန်းအားဖြစ်တယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။