ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေအတွက် ကမ္ဘာပေါ်ကအချမ်းသာအကြကွယ်ဝဆုံးတော်ဝင်မိသားစုတွေအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ ဘယ်နိုင်ငံရဲ့ တော်ဝင်မိသားစုတွေက ဒီစာရင်းမှာပါဝင်နေမလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်ပေးပါဦးနော် ….. shwekhitonlinetv.com
၁၀။ လက်ချင်စတိန်းတော်ဝင်မိသားစု – အမေရိကန်ဒေါ်လာ (၄.၄) ဘီလီယံ

ဒီစာရင်းရဲ့အဆင့် (၁၀) မှာတော့ဥရောပတိုက်ရဲ့နိုင်ငံငယ်လေးဖြစ်တဲ့ လက်ချင်စတိန်းနိုင်ငံရဲ့တော်ဝင်မိသားစုက ပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၄.၄) ဘီလီယံနဲ့ ရပ်တည်လို့နေပါတယ်။ သူတို့မိသားစုဟာ အိမ်၊ ခြံ၊ မြေ လုပ်ငန်းတွေကနေ အနုပညာလုပ်ငန်းတွေအထိ ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်ထားကြပါတယ်။ shwekhitonlinetv.com
၉။ မော်ရိုကိုတော်ဝင်မိသားစု – အမေရိကန်ဒေါ်လာ (၈.၂) ဘီလီယံ

မော်ရိုကိုနိုင်ငံကိုအုပ်ချုပ်နေတာကတော့ အယ်လာဝီ (Alaouite) မင်းဆက်တွေပဲဖြစ်ပါတယ်။ လက်ရှိတော်ဝင်မိသားစုကိုတော့ Mohammed VI က ၁၉၉၉ ခုနှစ်ကတည်းကဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ (၉) ခုမြောက်အချမ်းသာဆုံးတော်ဝင်မိသားစုဟာရင်းနှီးမြုပ်နှံမှုတွေကနေ ဘီလီယံပေါင်း (၈.၂) ဘီလီယံအထိကြွယ်ဝနေပြီဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ ဒူဘိုင်းတော်ဝင်မိသားစု – အမေရိကန်ဒေါ်လာ (၁၈) ဘီလီယံ

အာရပ်စော်ဘွားများနိုင်ငံ (UAE) ရဲ့ ဒုသမ္မတနဲ့ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူထားတဲ့မင်းသား Sheikh Mohammed bin Rashid Al Maktoum ဟာ ဒူဘိုင်းကိုတော့ သီးခြားအုပ်ချုပ်ပါတယ်။ သူ့ရဲ့ကိုယ်ပိုင်မိသားစု အနေနဲ့ ချမ်းသာကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ (၁၈) ဘီလီယံအထိရှိပါတယ်။ shwekhitonlinetv.com
၇။ ဘရူနိုင်းတော်ဝင်မိသားစု – အမေရိကန်ဒေါ်လာ (၂၈) ဘီလီယံ

ဘုရင်စနစ်နဲ့အုပ်ချုပ်နေတဲ့ဘရူနိုင်းနိုင်ငံမှာတော့ Sultan Hassanal Bolkiah က ဧကရာဇ်အဖြစ်အုပ်ချုပ်နေပါတယ်။ သူက ကမ္ဘာ့အကြီးဆုံးနေအိမ်နန်းတော်မှာနေထိုင်တဲ့သူအဖြစ်လည်းဂင်းနစ်မှတ်တမ်းဝင်ထားသူပါ။ သူအဓိကကြွယ်ဝချမ်းသာလာတာကတော့ ရေနံသိုက်တွေကြောင့်ပဲဖြစ်ပါတယ်။ သူ့မှာကိုယ်ပိုင်ဂျက်လေယာဉ်ပေါင်းများစွာအပြင် တန်ဖိုးကြီး Rolls Royces ကားအစီး (၆၀၀) Ferraris ကားအစီး (၃၀၀) ရှိပါတယ်။ shwekhitonlinetv.com
၆။ ထိုင်းတော်ဝင်မိသားစု – အမေရိကန်ဒေါ်လာ (၃၀ မှ ၆၀) ဘီလီယံ

ချက်ကရီမင်းဆက်ဟာ ထိုင်းနိုင်ငံရဲ့တော်ဝင်မိသားစုဖြစ်ပါတယ်။ ဘုရင်မဟာဝိဇယလောင်ကွန်းဟာ ခမည်းတော်ဘူမိဘော အဒူလျာဒက်ကွယ်လွန်ပြီးနောက် ၂၀၁၆ ခုနှစ်မှာနန်းတက်လာခဲ့တာဖြစ်ပါတယ်။ သူတို့မိသားစုပိုင်ဆိုင်တဲ့ကိန်းဂဏန်းတွေကိုအတိအကျဖော်ပြဖို့ခက်ခဲပေမယ့် ခန့်မှန်းခြေအားဖြင့်တော့ အမေရိကန်ဒေါ်လာ (၃၀) ကနေ (၆၀) ဘီလီယံအထိရှိနိုင်ပါတယ်။ shwekhitonlinetv.com
၅။ ဗြိတိန်တော်ဝင်မိသားစု – အမေရိကန်ဒေါ်လာ (၈၈) ဘီလီယံ

မကြာသေးမီကာလက ကံတော်ကုန်သွားခဲ့တဲ့ ဒုတိယမြောက်ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်ရဲ့မိသားစုကတော့ ကမ္ဘာပေါ်မှာအချမ်းသာဆုံးမဟုတ်ပေမယ့် သြဇာအကြီးမားဆုံး တော်ဝင်မိသားစုဖြစ်မှတော့ သေချာပါတယ်။ သူတို့မိသားစုရဲ့ အိမ်၊ ခြံ၊ မြေနဲ့အခြားလုပ်ငန်းများရဲ့ စုစုပေါင်းပိုင်ဆိုင်မှုဟာဆိုရင် စုစုပေါင်း (၈၈) ဘီလီယံတန်ဖိုးအထိရှိပါတယ်။ shwekhitonlinetv.com
၄။ အဘူဒါဘီတော်ဝင်မိသားစု – အမေရိကန်ဒေါ်လာ (၁၅၀) ဘီလီယံ

Al Nahyan မင်းဆက်ကတော့ အဘူဒါဘီရဲ့ တော်ဝင်မိသားစုဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်တုန်းက အာရပ်စော်ဘွားများနိုင်ငံရဲ့ သမ္မတအဖြစ်တာဝန်ယူထားတဲ့ Sheikh Khalifa bin Zayed Al Nahyan ကဒီမိသားစုကိုဦးဆောင်ပါတယ်။ Sheikh ဟာ အမေရိကန်ဒေါ်လာ (၇၀၀) ဘီလီယံနီးပါးတန်တဲ့ Abu Dhabi Investment Authority ကုမ္ပဏီရဲ့ဥက္ကဌဖြစ်ပြီး သူ့မိသားစုရဲ့ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ (၁၅၀) ဘီလီယံ ထိရှိပါတယ်။ shwekhitonlinetv.com
၃။ ကာတာတော်ဝင်မိသားစု – အမေရိကန်ဒေါ်လာ (၃၃၅) ဘီလီယံ

Sheikh Tamim bin Hamad Al Thani ဟာ ၂၀၁၃ ခုနှစ်မှာ ကာတာနိုင်ငံရဲ့ ဧကရာဇ်ဖြစ်လာခဲ့တဲ့သူပါ။ ဒါပေမယ့် သူတို့မိသားစုဟာ ကာတာနိုင်ငံကို (၁၉) ရာစုအလယ်လောက်တည်းက အစဉ်အဆက်အုပ်ချုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ သူတို့မိသားစုဟာ လန်ဒန်ရှိ Shard မိုးမျှော်တိုက်၊ အိုလံပစ်ရွာ၊ Harrod လုပ်ငန်းစု၊ အမေရိကန်နိုင်ငံရှိ Empire State Building၊ Barclays၊ British Airway၊ Volkswagen စတဲ့နာမည်ကျော်ကုမ္ပဏီတွေမှာလည်း အစုရှယ်ယာများပါဝင်ထားကြပါတယ်။ shwekhitonlinetv.com
၂။ ကူဝိတ်တော်ဝင်မိသားစု – အမေရိကန်ဒေါ်လာ (၃၆၀) ဘီလီယံ

ကူဝိတ်နိုင်ငံရဲ့တော်ဝင်မိသားစုကတော့ Al Sabah မိသားစုပဲဖြစ်ပါတယ်။ Sheikh Sabah IV Ahmad Al-Jaber Al-Sabah ကဒီမိသားစုကိုဦးဆောင်နေသလို ကာတာနိုင်ငံကိုလည်းအုပ်ချုပ်နေတာဖြစ်ပါတယ်။ Saber မင်းဆက်ဟာ ၁၇၅၂ ခုနှစ်ကတည်းကအစဉ်အဆက် ကာတာနိုင်ငံကိုအုပ်စိုးလာခဲ့ကြတာလည်းဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှရှိတဲ့ ကုမ္ပဏီကြီးတော်တော်များများရဲ့ အစုရှယ်ယာတွေဟာ ဒီမိသားစုနဲ့သက်ဆိုင်နေပြီး ဒီမိသားစုရဲ့ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ (၃၆၀) ဘီလီယံအထိရှိပါတယ်။ shwekhitonlinetv.com
၁။ ဆော်ဒီတော်ဝင်မိသားစု – အမေရိကန်ဒေါ်လာ (၁.၄) ထရီလီယံ

ကမ္ဘာပေါ်မှာအငြင်းပွားဖွယ်ရာမရှိအချမ်းသာဆုံးတော်ဝင်မိသားစုကတော့ ဆော်ဒီအာရေဗျနိုင်ငံရဲ့ တော်ဝင်မိသားစုပဲဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝတဲ့ ဆော်ဒီအာရေဗျမိသားစုကတော့ ၁၇၄၄ ခုနှစ်ကတည်းက နိုင်ငံကိုအစဉ်အဆက်အုပ်ချုပ်လာခဲ့ကြသူတွေလည်းဖြစ်ပါတယ်။ သူတို့ရဲ့ပိုင်ဆိုင်မှုကလည်း စိတ်ကူးမယဉ်နိုင်လောက်အောင်များပြားလှပြီး အမေရိကန်ဒေါ်လာ (၁.၄) ထရီလီယံအထိတောင် ရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။