ဒီတစ်ခေါက်ဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ ပုံမှန်မြင်တွေ့နေကျပြတိုက်တွေနဲ့မတူဘဲ ထူးထူးဆန်းဆန်းအရာတွေကိုစုစည်းပြသထားတဲ့ ပြတိုက်အချို့အကြောင်းပဲဖြစ်ပါတယ်။ ဒီပြတိုက်တွေကတော့ UK မှာတည်ရှိတာဖြစ်ပြီး ထူးခြားတဲ့အရာတွေကိုလေ့လာချင်သူတွေအနဲ့နဲ့ သွားရောက်လေ့လာကြည့်ဖို့ အကြံပြုချင်ပါတယ်။ shwekhitonlinetv.com
၁။ The Hunterian Museum

လန်ဒန်မြို့မှာရှိတဲ့ The Hunterian Museum မှာရှိတဲ့ သတ္တဝါပေါင်းစုံရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကြောင့် သင့်ကိုစိတ်မသာဖြစ်စေနိုင်ပေမယ့် ဇီဝဗေဒစူးစမ်းလေ့လာသူတွေအတွက်တော့ အတော်လေးကိုအရေးပါတဲ့ ပြတိုက်တစ်ခုဖြစ်ပါတယ်။ ဒီပြတိုက်ထဲမှာ ဆေးစိမ်ထားတဲ့သတ္တဝါမျိုးစုံရဲ့ ခန္ဓာကိုယ်တွေ၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ အရိုးစုတွေပြသထားတာကြောင့် အော်ဂလီဆန်တက်တဲ့သူတွေနဲ့ နှလုံးမကောင်းတဲ့သူတွေအတွက်ကတော့ ရှောင်ရှားသင့်တဲ့ပြတိုက်တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Pencil Museum

Cumbria မှာရှိတဲ့ ခဲတံပြတိုက် (Pencil Museum) မှာတော့ ကမ္ဘာ့ပထမဆုံးခဲတံကစလို့ ယနေ့ခေတ်ရောင်စုံခဲတံတွေအထိပါ စုံစုံလင်လင်ပြသထားပါတယ်။ နောက်ပြီးကမ္ဘာ့အရှည်ဆုံးရောင်စုံခဲတံအဖြစ် ဂင်းနစ်စံချိန်တင်ရှိထားတဲ့ ခဲတံကြီးဟာလည်းဒီပြတိုက်မှာရှိနေပါတယ်။ shwekhitonlinetv.com
၃။ The Lawnmower Museum

လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀၀) အတွင်းအဆင့်ဆင့်ပြောင်းလဲလာခဲ့တဲ့ မြက်ရိတ်စက်တွေအကြောင်းကို တစ်နေရာထဲမှာလေ့လာချင်တဲ့သူတွေအတွက် လီဗာပူးလ်မြို့ မာဆေးဆိုဒ်မှာ The Lawnmower Museum ဆိုတဲ့ မြက်ရိတ်စက်ပြတိုက်လေးရှိပါတယ်။ ဒီပြတိုက်မှာတော့ ရှေးခတ်မြက်ရိတ်စက်တွေအပါအဝင် မြက်ရိတ်စက်ပေါင်း (၃၀၀) ဝန်းကျင်ကိုပြသထားပါတယ်။ shwekhitonlinetv.com
၄။ Teapot Museum

UK ရဲ့ Kent အရပ်မှာတော့ လက်ဖက်ရည်ကရားပြတိုက် (Teapot Museum) ရှိပါတယ်။ ဒီနေရာဟာတစ်ချိန်ကကော်ဖီဆိုင်ဖြစ်ခဲ့ပေမယ့် ပိုင်ရှင်ရဲ့ လက်ဖက်ရည်ကရားလေးတွေစုဆောင်းမှုကနေ ပြတိုက်အသွင်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ရှေးဟောင်း လက်ဖက်ရည်ကရားတွေ အရွယ်အစား ဒီဇိုင်းမျိုးစုံတဲ့ လက်ဖက်ရည်ကရားပေါင်း (၇,၀၀၀) ကျော်ကို ဒီနေရာမှာလေ့လာလို့ရပါတယ်။ shwekhitonlinetv.com
၅။ Cuckooland Museum

Cuckoo နာရီလေးတွေကိုစုဆောင်းပြသထားတဲ့ Cuckooland Museum ကတော့ UK ရဲ့ ကမ္ဘာလှည့်ခရီးသွားတွေကိုအဆွဲဆောင်နိုင်ဆုံးပြတိုက်တွေထဲကတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀၀) ခန့်က Cuckoo နာရီပေါင်း (၆၀၀) ကျော်ကိုစုဆောင်းပြသထားတဲ့ ဒီပြတိုက်ကိုတော့ ချက်ရှိုင်းယားက Tabley အရပ်မှာ ၁၉၉၀ ကစတင်ဖွင့်လှစ်ပြသခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ The Museum of Witchcraft

စုန်းတွေရဲ့ သမိုင်းကြောင်းနဲ့ စုန်းအတက်ပညာကိုလေ့လာလိုက်စားသူတွေအတွက်ကတော့ UK ရဲ့တိတ်ဆိတ်လွန်းတဲ့ Cornwall အရပ်မှာ The Museum of Witchcraft ဆိုတာရှိနေပါတယ်။ ဒီပြတိုက်မှာတော့ စုန်းအတက်နဲ့သက်ဆိုင်တဲ့ ဆေးရည်၊ အရုပ်၊ ကိရိယာတန်ဆာပလာတွေကို ပြသထားပါတယ်။ shwekhitonlinetv.com
၇။ Dog Collar Museum

နောက်ဆုံးဖော်ပြပေးမယ့်ပြတိုက်တစ်ခုကတော့ ခွေးလည်ပတ်ပြတိုက် (Dog Collar Museum) ပဲဖြစ်ပါတယ်။ ဒီပြတိုက်ကတော့ အင်္ဂလန်နိုင်ငံ ဘလွန်းဖီးလ်က Leed Castle မှာတည်ရှိပြီး အလယ်ခေတ် ရာစုနှစ် (၅) ခုလောက်ကခွေးလည်ပတ်အမျိုးအစားအစုံကိုခင်းကျင်းပြသထားပါတယ်။ UK မှာတော့ဒီပြတိုက်ဟာ ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့ ပြတိုက်တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။