“အသက်ကြီးပေမယ့်မပျက်စီးသေးဘူး” ဆိုတဲ့စကားဟာ တစ်ချို့လူတွေအတွက်တော့အလွန်မှန်ကန်နေတယ်ဆိုတာကို အခုဖော်ပြမယ့် ကမ္ဘာကျော် မင်းသားကြီးတွေက သက်သေပြလျက်ရှိပါတယ်။ ဒီအထဲမှာဘယ်သူကအရွယ်တင်ပြီး ခန့်ညားချောမောနေဆဲဖြစ်တယ်ဆိုတာကို ကြည့်ရှုအကဲဖြတ်ပေးကြပါဦးနော် ….. shwekhitonlinetv.com
၁။ Rambo၊ Rocky ဇာတ်ကားတွေနဲ့ ပရိသတ်အချစ်တော်ဖြစ်ခဲ့တဲ့ အသက် (၇၆) နှစ်အရွယ် ဆီဗက်စတြာ စတားလုံး (Sylvester Stallone) ….. shwekhitonlinetv.com

၂။ God Father ဇာတ်ကားထဲမှာ ဖခင်ကြီးဒွန်ကော်လီယွန်ရဲ့ အရိုက်အရာကိုဆက်ခံခဲ့တဲ့ သားအငယ်ဆုံး မိုက်ကယ်ကော်လီယွန်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ အသက် (၈၂) နှစ်အရွယ်မင်းသားကြီး အယ်လ်ပါစီနို (Al Pacino) ….. shwekhitonlinetv.com

၃။ အင်ဒီယာနာဂျုံးဇာတ်ကားတွေနဲ့ ပရိတ်သတ်တွေရဲ့အသည်းနှလုံးကိုဖမ်းစားနိုင်ခဲ့တဲ့ မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ် (Harrison Ford)။ လက်ရှိမှာ မင်းသားကြီးရဲ့အသက်က (၈၀) နှစ်ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ အသက် (၇၃) နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ခန့်ညားသန့်ပြန့်နေဆဲဖြစ်တဲ့ ဒရာမာမင်းသားကြီး ရစ်ချတ်ဂီရီ (Richard Gere) ….. shwekhitonlinetv.com

၅။ နာမည်ကျော် The Shining ဇာတ်ကားမှာ ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ စွယ်စုံရမင်းသားကြီး ဂျက်နီကိုးလ်ဆင် (Jack Nicholson)။ အခုအချိန်မှာတော့သူ့ရဲ့အသက်က (၈၅) နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ အချစ်၊ အကြမ်း၊ အရမ်း စွယ်စုံရသလို ကိန်းကြီးခမ်းကြီးလဲနိုင်လွန်းလှတဲ့သူအဖြစ်ကျော်ကြားတဲ့ အသက် (၆၁) နှစ်အရွယ် ဂျော့ကလူနေး (George Clooney) ….. shwekhitonlinetv.com

၇။ မြန်မာပရိသတ်တွေရဲ့အကြိုက် အက်ရှင်မင်းသားကြီး ဗန်ဒိန်း (Jean-Claude Van Damme)။ သူကတော့ အသက် (၆၁) နှစ်ရှိပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ အသက် (၆၇) နှစ်ရှိပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိဇာတ်ကားတွေရိုက်နေရဆဲဖြစ်ပြီး အနုပညာကြေးအမြင့်ဆုံးမင်းသားတစ်ဦးဖြစ်တဲ့ မင်းသားကြီး ဘရုစ်ဝီလ် (Bruce Willis) ….. shwekhitonlinetv.com

၉။ ဂျိမ်းစ်ဘွန်း ဇာတ်ကားအပါအဝင် နာမည်ကျော်ဇာတ်ကားတွေရဲ့ အဓိကသရုပ်ဆောင်ဖြစ်ခဲ့တဲ့ အသက် (၆၉) နှစ်အရွယ် မင်းသားကြီး ပီးယာ့စ်ဘရော့စ်နန် (Pieice Brosnan) ….. shwekhitonlinetv.com

၁၀။ Braveheart , Mad Max Series တို့ရဲ့အဓိကသရုပ်ဆောင်မင်းသားကြီးဖြစ်တဲ့ မဲလ်ဂစ်ဘ်ဆင် (Mel Gibson) ဟာလည်း အသက် (၆၆) နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် နှုတ်ခမ်းနီမလေးတွေကို ဆွဲဆောင်နိုင်တုန်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။