လတ်တလောမှာ မက္ကစီကိုနိုင်ငံက ပြည်သူတွေကြား ရေပန်းစားနေတာတစ်ခုကတော့ မိုးသီးတွေ အကြောင်းပါပဲ။ သာမန်ဆိုရင်တော့ မိုးသီးတွေကျတာဟာ အရမ်းကြီးတော့ ထူးဆန်းနေတာ မဟုတ်ပါဘူး။ shwekhitonlinetv.com

ဒါပေမယ့် မက္ကစီကို နိုင်ငံတွင်းမှာကျခဲ့တဲ့ မိုးသီးတွေက လူတိုင်းကို အံ့အားသင့်သွားစေခဲ့ပါတယ်။ အကြောင်းကတော့ မိုးသီးတွေဟာ လတ်တလောမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ် နဲ့ ပုံစံတူတဲ့ မိုးသီးတွေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ပြီးခဲ့တဲ့ ရက်တွေတုန်းက မက္ကစီကိုနိုင်ငံတွင်းရှိတဲ့ Montemorelos မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပေါ်ခဲ့ပါတယ်။ ဒေသခံတွေဟာ အစပိုင်းမှာတော့ သိပ်သတိမထားမိကြပေမယ့်လည်း ကြွေကျလာတဲ့ မိုးသီးတွေကို ကောက်ယူကြည့်လိုက်တဲ့ အခါမှာတော့ ထူးဆန်းသော ပုံစံရှိနေတာကို တွေ့ခဲ့ကြပါတယ်။ shwekhitonlinetv.com
မိုးသီးတွေဟာ သာမန်မိုးသီးလို ပုံစံမျိုးမဟုတ်ပဲ ကိုရိုနာဗိုင်းရပ် နဲ့ တော်တော်လေးကို ဆင်တူနေတာပါ။ ဒီဖြစ်ရပ်ဟာ လူမှုကွန်ယက်ပေါ်ကို ပြန့်နှံ့သွားပြီး လူတော်တော်များများရဲ့ မှတ်ချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ shwekhitonlinetv.com

ကမ္ဘာ့မိုးလေဝသပညာရှင် တစ်ယောက်ဖြစ်တဲ့ Jose Miguel Vinas ကတော့ မုန်တိုင်းရဲ့ ပမာဏတွေ ပါဝင်တာများလို့ အခုလို ထူးဆန်းတဲ့ မိုးသီးပုံစံ ဖြစ်လာရတယ်လို့ ပြောခဲ့ပါတယ်။ နောက်ပြီး “ မုန်တိုင်းတစ်ခု ဖြစ်လာပြီဆိုရင် ဒီမုန်တိုင်းထဲမှာ မိုးသီးတွေဟာ ပုံစံငယ်လေးတွေ အဖြစ် စတင်ဖြစ်ပေါ်လာပြီး တစ်ဖြည်းဖြည်း စုစည်းလာတတ်ပါတယ်။ shwekhitonlinetv.com

အရမ်းပြင်းထန်တဲ့ မုန်တိုင်းမျိုးဆိုရင်တော့ မိုးသီးတွေဟာ စတင် ဖွဲ့စည်းထဲက ကြီးမားနေတတ်ပြီး အချင်းချင်း တိုက်မိကာ ကြေမွ ကွဲထွက် သွားပါတယ်။ ဒီလို ကြေမွတာကြောင့်ပဲ မိုးသီးရဲ့ ပုံစံတွေဟာ ကွဲပြားသွားတာဖြစ်တယ်လို့ “ Jose Miguel Vinas ကရှင်းပြထားပါတယ်။ shwekhitonlinetv.com
ဒေသခံတွေကတော့ ဒါဟာ ဘုရားသခင်က လူတွေကို အိမ်ထဲမှာပဲနေဖို့ သတိပေးတာ ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။ မက္ကစီကိုနိုင်ငံဟာဆိုရင် ကိုရိုနာဗိုင်းရပ် ကြောင့် ရောဂါဖြစ်ပွားနေသူ ၅သောင်းကျော်ရှိပြီး သေဆုံးသူ ( ၅၀၀၀ ) ကျော် သွားပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com

နောက်ပိုင်းတွေမှာလည်း အခုလို ထူးဆန်းတဲ့ သတင်းတွေ အကြောင်းကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။