“လ” ဟာကမ္ဘာကိုအလင်းရောင်ပေးရုံသာမကဘဲ အခြားသောအကျိုးများစွာကိုလည်းပြုနေတာနှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်ပါတယ်။ တစ်ကယ်လို့များ “လ” မရှိတော့တဲ့အခါ ကမ္ဘာကြီးမှာဘာတွေဖြစ်ကုန်မလဲဆိုတာ စဉ်းစားကြည့်မိဖူူူးပါသလား။ အခုဖော်ပြပေးမှာကတော့ “လ” မရှိတော့ရင်ကမ္ဘာမှာဖြစ်ပွားမယ့် အထင်သာအမြင်သာမရှိဆုံး အချက် (၅) ချက်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ ညတွေဟာပိုပြီးမှောင်မိုက်လာပါလိမ့်မယ်။ “လ” မရှိတော့တဲ့အချိန် ကောင်းကင်မှာအလင်းလက်ဆုံးက ဗီးနပ်စ်ဂြိုဟ် (သောကြာကြယ်) ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဗီးနပ်စ်ကကမ္ဘာမြေရဲ့ညတွေအတွက် လုံလောက်တဲ့အလင်းကိုပေးစွမ်းနိုင်မှာတော့မဟုတ်ပါဘူး။ “လ” အပြည့်သာတာက ဗီးနပ်စ်ထက် အဆပေါင်း (၂၀၀၀) လောက်ပိုလင်းပါတယ်။ shwekhitonlinetv.com

၂။ တစ်ကယ်လို့များ “လ” မရှိခဲ့ဘူူးဆိုရင် ကမ္ဘာရဲ့တစ်နေ့တာအချိန်ဟာ (၆) နာရီကနေ (၁၂) နာရီအတွင်းမှာသာ ရှိမှာဖြစ်ပြီး တစ်နှစ်မှာ ရက်ပေါင်း (၁၀၀၀) ဝန်းကျင်ရှိနိုင်ပါတယ်။ “လ” ရဲ့ဆွဲငင်အားကြောင့်သာကမ္ဘာရဲ့ မိမိဝင်ရိုးပေါ်လည်ပတ်မှုနှုန်းဟာ နှေးကွေးသွားပြီး မိမိဝင်ရိုးပေါ်တစ်ပတ်ပြည့်အောင်လည်ဖို့ (၂၄) နာရီကြာမြင့်နေတာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ “လ” မရှိတော့တဲ့အခါပင်လယ်သမုဒ္ဒရာတွေရဲ့ ဒီရေပမာဏကိုလည်း ပြောင်းလဲသွားစေမှာဖြစ်ပါတယ်။ ပင်လယ်သမုဒ္ဒရာတွေဟာ လ ရှိတုန်းကထက်ရေတွေများစွာ လျော့နည်းသွားသလိုဖြစ်စေမှာဖြစ်ပြီး ဒီရေပမာဏဟာလည်း ၃ ပုံ ၁ ပုံ နီးပါးသာရှိတော့မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ “လ” မရှိတော့တဲ့အခါမှာ နေကြတ်ခြင်း၊ လကြတ်ခြင်းဖြစ်စဉ်တွေဟာလည်း လုံးဝရှိတော့မှာမဟုတ်လို့ သင့်အနေနဲ့ ဒီဖြစ်စဉ်တွေအကြောင်းကိုမေ့ထားလို့ရမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ “လ” မရှိတော့တဲ့အခါမှာ ဝင်ရိုးစွန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲနေမှာဖြစ်ပြီး အလွန်ဆိုးရွားတဲ့ရာသီဥတု ဖြစ်စဉ်တွေကိုဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ “လ” ဟာကျွန်တော်တို့ကမ္ဘာကြီးကို မိမိဝင်ရိုးပေါ်မှာ (၂၃.၅) ဒီဂရီတိမ်းစောင်းပြီး ဟန်ချက်ညီနေအောင်ဖန်တီးပေးထားတာဖြစ်ပါတယ်။ “လ” မရှိတဲ့အခါ ကမ္ဘာကလွန်စွာတိမ်းစောင်းသွားနိုင်ပြီး လွန်ကဲတဲ့ရာသီဥတုအခြေအနေတွေကိုဖြစ်ပေါ်စေမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။