အခုတစ်ခေါက်မှာတော့ Social Media သုံးပြီးမိမိတို့ရဲ့ပုံတွေကို မကြာခဏတင်တက်တဲ့သူတွေအတွက် သွားရောက်လည်ပတ်ဖို့ အိပ်မက်တစ်ခုအဖြစ်ရှိနေမယ့် ကမ္ဘာပေါ်ကနေရာအချို့ကိုဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com
၁။ Le Grand Elephan

အမြင့် (၁၂) မီတာ၊ အကျယ် (၈) မီတာ နဲ့ အရှည် (၂၁) မီတာရှိတဲ့ Le Grand Elephant စက်ရုပ်ကြီးကတော့ ပြင်သစ်နိုင်ငံ Jules Verne World မှာတည်ရှိပါတယ်။ ဒီ စက်ရုပ်ကြီးကိုစီးပြီး ဓာတ်ပုံရိုက်ဖို့ဆိုတာကတော့ Social Media သုံးပြီး ပုံတွေတင်တက်တဲ့သူတိုင်းအတွက် အိပ်မက်တစ်ခုဖြစ်နေမှာ အမှန်ပါပဲ။ shwekhitonlinetv.com
၂။ Mother Earth

မြက်ပင်တွေ အရောင်စုံတဲ့ပန်းတွေနဲ့ သရုပ်ဖော်ထားတဲ့ Mother Earth အရုပ်ကတော့ ကနေဒါနိုင်ငံ အော့တဝါမြို့က Jacques-Cartier Park မှာတည်ရှိတာဖြစ်ပါတယ်။ ရာသီအလိုက်သူမရဲ့ဦးခေါင်းမှာ ဆံနွယ်တွေလိုဖန်တီးထားတဲ့ ပန်းတွေကအရောင်ပြောင်းတာကြောင့် တစ်မျိုးအသက်ဝင်လှပါတယ်။ shwekhitonlinetv.com
၃။ Dragon Bridge


ဗီယက်နမ်နိုင်ငံ ဒါနန်း (Da Nang) မြို့မှာရှိတဲ့ Dragon Bridge ကတော့ ဓာတ်ဖမ်းချင်သူတွေသွားသင့်တဲ့နေရာတစ်ခုပါ။ တံတားပေါ်မှာ မိုင်ဝက်လောက်ရှိတဲ့ နဂါးတစ်ကောင်ပြေးလွှားနေတဲ့ရုပ်တုတစ်ခုထားရှိထားပါတယ်။ ဒီနဂါးရုပ်တုကညဘက်ဆိုရင် အရောင်တွေပြောင်းသလို မီးလည်းမှုတ်ပါတယ်။ shwekhitonlinetv.com
၄။ Flower Dome

စင်ကာပူနိုင်ငံမှာရှိတဲ့ Flower Dome ကတော့အားလုံးပဲသိပြီးဖြစ်မှာပါ။ ဒီနေရာကလည်းအတော်လေးကို ဓာတ်ပုံရိုက်လို့ကောင်းမယ့်နေရာတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Crystal Shoe

အမြင့် (၁၆) မီတာရှိတဲ့ ဒေါက်ဖိနပ်ပုံစံ Church ကျောင်းကတော့ ထိုင်ဝမ်နိုင်ငံ ဘူဒိုင်မြို့မှာတည်ရှိတာဖြစ်ပါတယ်။ အဓိကကတော့ မင်္ဂလာအခမ်းအနားတွေအတွက် ရည်ရွယ်ထားတာကြောင့်အခုလို ဒီဇိုင်းထွင်ထားတာဖြစ်ပါတယ်။ မင်္ဂလာဆောင်မယ့်သတို့သမီးတွေအတွက်တော့ တစ်သက်တာအမှတ်တရဓာတ်ပုံတွေရရှိနိုင်ဖို့အကောင်းဆုံးနေရာတစ်ခုပေါ့။ shwekhitonlinetv.com
၆။ Petra

Petra မြို့ဟာတစ်ချိန်ကလူနေထပ်ပြီး ကုန်သွယ်မှုဗဟိုချက်ဖြစ်ခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ခေတ်သစ်ကမ္ဘာ့အံ့ဖွယ် (၇) ခုထဲမှာတစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ ဒီနေရာကတော့ ကမ္ဘာလှည့်ခရီးသွားတွေ နှစ်စဉ်လာရောက်နေကျနေရာတစ်ခုလည်းဖြစ်ပါတယ်။ တစ်ချို့ကတော့ Petra ကို ပျောက်ဆုံးနေတဲ့မြို့တော်လို့လည်းခေါ်ဝေါ်တက်ကြပါတယ်။ shwekhitonlinetv.com
၇။ Tiger’s Nest

မြေပြင်ကနေ မီတာ (၉၀၀) အမြင့်မှာရှိတဲ့ချောက်ကမ်းပါးပေါ်မှာတည်ရှိတဲ့ Tiger’s Nest ကိုတော့ ၁၆၉၂ ခုနှစ်မှာတည်ဆောက်ခဲ့ကြတာ့ဖြစ်ပါတယ်။ ဒီနေရာဟာ တိဗက်ရဲ့အထင်ကရနေရာတစ်ခုလည်းဖြစ်သလို ဘယ်လိုလူမျိုးတွေက ဒီလိုနေရာမှာ ကြံကြံဖန်ဖန်တည်ဆောက်သွားကြသလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ရှုခင်းကောင်းကောင်းနဲ့ဓာတ်ဖမ်းလိုသူတွေအတွက်တော့အတော်လေးကို ကောင်းမွန်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။