ပင်လယ်သမုဒ္ဒရာတွေဆိုတာကတော့ အလွန်တရာမှလျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ပြည့်နှက်နေတဲ့ နေရာတွေဖြစ်ပါတယ်။ သာမန်လူသားတွေအသိဉာဏ်နဲ့ လိုက်မမှီနိုင်တဲ့သက်ရှိတွေ၊ အရာဝတ္ထုတွေ၊ ထူးခြားဖြစ်စဉ်တွေဟာလည်း သမုဒ္ဒရာတွေအောက်မှာမရေမတွက်နိုင်အောင်ကိုပဲရှိနေပါတယ်။ အခုတစ်ခါမှာတော့ ပင်လယ်သမုဒ္ဒရာတွေအောက်မှာတွေ့ရှိရတဲ့ အံ့အားသင့်ဖွယ်အရာတွေအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com
၁။ MUSA (Under Water Museum of Art)

MUSA (Under Water Museum of Art) ဆိုတာကတော့ မက္ကဆီကိုနိုင်ငံ Cancun ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ ရေအောက်ပြတိုက်တစ်ခုဖြစ်ပါတယ်။ ဒီပြတိုက်မှာတော့ ရုပ်တုပေါင်း (၅၀၀) ကျော်ရှိနေပြီး ရေငုပ်သင်္ဘောခရီးစဉ် (ဒါမှမဟုတ်) ရေငုပ်ပြီးတော့ သွားရောက်စူးစမ်းလေ့လာလို့ရပါတယ်။ shwekhitonlinetv.com
၂။ Light Bulb Jellyfish

လျှပ်စစ်မီးလုံးလေးတွေနဲ့တူတဲ့ ဒီဂျယ်လီငါးလေးတွေကတော့ အတော်ရှားပါးပြီးတွေ့ရခဲပါတယ်။ သူတို့ရဲ့အရွယ်အစားက (၁) စင်တီမီတာလောက်ပဲရှိပြီး သူတို့ကိုယ်မှာပါဝင်တဲ့ ဟိုက်ဒရိုဇုန်းတွေကြောင့် အလင်းရောင်လေးတွေထွက်နေတာဖြစ်ပါတယ်။ Hydrozoan Jelly Fish လေးတွေက Bougainvillea Superciliaris Family ဝင်တွေလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Underwater Roman City

အီတလီနိုင်ငံ နေပယ်မြို့ရဲ့ကမ်းလွန်တစ်နေရာကရေအောက်ထဲမှာတော့ ရှေးဟောင်းရောမမြို့တစ်မြို့ဖြစ်တဲ့ Baiae ဆိုတဲ့မြို့လေးရဲ့ အကျွင်းအကျန်တွေရှိနေပါတယ်။ ဒီမြို့ကလေးဟာ နာမည်ကျော် ပွန်ပေ (Pompeii) မြို့ကိုဖျက်ဆီးပစ်ခဲ့တဲ့ မီးတောင်ကြောင့်ပဲ အလားတူပျက်စီးသွားပြီး ရေအောက်နစ်မြုပ်သွားခဲ့တာဖြစ်တယ်လို့ အားလုံးက လက်ခံယုံကြည်ထားကြပါတယ်။ shwekhitonlinetv.com
၄။ Lionfish

Lionfish တွေကတော့ ထူူးခြားတဲ့မျိုးဗီဇနဲ့ အပူပိုင်းဒေသတွေမှာရှင်သန်ကျက်စားကြတဲ့ငါးတွေဖြစ်ပါတယ်။ ဒီငါးတွေမှာအဆိပ်ပြင်းတဲ့ ကျောရိုးဆူး (၁၈) ခုပါရှိပြီး လူသားတွေအနေနဲ့သွားထိမိမယ်ဆိုရင် လေဖြတ်နိုင်ချေရှိပါတယ်။ shwekhitonlinetv.com
၅။ Shipwrecks

သဘောၤပျက်တွေကတော့ ကမ္ဘာတစ်ဝှမ်းကပင်လယ်သမုဒ္ဒရာတွေရဲ့ ရေအောက်ထဲမှအများအပြားရှိနေပါတယ်။ လေ့လာတွေ့ရှိချက်တွေအရဆိုရင် စုစုပေါင်းသင်္ဘောစီးရေ (၃) သန်းလောက်ရေအောက်ထဲမှာနစ်မြုပ်နေကြတယ်လို့ဆိုပါတယ်။ သက်တမ်းအရင့်ဆုံးကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀,၀၀၀) ဝန်းကျင်ကသင်္ဘောတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ Christ of The Abyss

အမြင့် (၉) ပေရှိတဲ့ခရစ်တော်ရုပ်တုကြီးကတော့ ဖလော်ရီဒါပြည်နယ် Key West ကမ်းလွန်မှာ (၁၉၆၅) ခုနှစ်ကတည်းကနစ်မြူပ်သွားခဲ့တာဖြစ်ပါတယ်။ ဒီရုပ်တုဟာ မိုတစ်ခုတည်းကနေ ပုံစံတူသွန်းလုပ်ထားတဲ့ တတိယမြောက်ရုပ်တုဖြစ်ပြီး နောက်ထပ်ရုပ်တုနှစ်ခုကတော့ မြေထဲပင်လယ် (၁၉၅၄)၊ ကာရစ်ဘီယံပင်လယ် (၁၉၆၁) တို့မှာနစ်မြုပ်နေတာဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ World’s Oldest City

အိန္ဒိယနိုင်ငံရဲ့ကမ်းလွန် Cambay ပင်လယ်ကွေ့မှာတော့ ပျောက်ဆုံးနေတဲ့ မြို့ဟောင်းတစ်ခု့ရဲ့ အကြွင်းအကျန်တွေကို (၂၀၀၁) ခုနှစ်ကရှာဖွေတွေ့ရှိခဲ့ပြီး ဒီမြို့ဟာသမိုင်းတစ်လျောက် ရှေးအကျဆုံးမြို့ဖြစ်တယ်လို့ အချို့သောသိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။ ရှာဖွေတွေ့ရှိတဲ့ အနုပညာလက်ရာများနဲ့ သစ်သားအပိုင်းအစတွေဟာ အနည်းဆုံးသက်တမ်း (၉၅၀၀) ရှိပြီဖြစ်ကြောင်း သိရပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။