ကမ္ဘာပေါ်မှာတော့ တိရိစ္ဆာန်မျိုးစိတ်ပေါင်းဟာ သန်းချီပြီးတော့ကိုရှိနေပါတယ်။ ဒီနေ့မှာတော့ ဒီလိုသန်းချီပြီးရှိတဲ့ တိရိစ္ဆာန်မျိုးစိတ်တွေထဲကမှ ထူးခြားပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ တိရိစ္ဆာန်လေးတွေရဲ့ အကြောင်းအချက်လေးတစ်ချို့ကိုဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်နော် ….. shwekhitonlinetv.com
၁။ ရေခူ (Jellyfish) တွေဟာ ဒိုင်နိုဆောတွေထက်ပိုပြီး ရှေးကျတဲ့ သက်ရှိတွေဖြစ်ပါတယ်။ ရေခူ (Jellyfish) တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းသန်း (၅၀၀) လောက်ကတည်းက ကမ္ဘာပေါ်မှာရှင်သန်နေထိုင်ခဲ့ကြတာဖြစ်ပြီး ဒိုင်နိုဆောတွေထက် နှစ်ပေါင်းသန်း (၂၅၀) လောက်ပိုရှေးကျတဲ့ သက်ရှိတွေဖြစ်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးနီးပါးဟာ ရေဓာတ်တွေနဲ့ပြည့်ဝနေတာကြောင့်မို့လို့ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်တွေ့ရတာကတော့ အလွန်ကိုရှားပါးပါတယ်။ shwekhitonlinetv.com

၂။ ရေမြင်းတွေဟာ ရေအောက်ထဲမှာသာ သားပေါက်ကြတဲ့သတ္တဝါတွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ရေမြင်းပေါက်စကလေးတွေဟာလည်း မွေးကတည်းကရေကူးတက်ကြပါတယ်။ shwekhitonlinetv.com

၃။ တစ်ကယ်လို့သင့်အနေနဲ့ ခရုတစ်ကောင်ရဲ့မျက်လုံးကိုဖြတ်ပစ်လိုက်မယ်ဆိုပါက အသစ်တစ်ခုထပ်ထွက်လာမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ပျားတွေဟာ ဧဝရတ်တောင် (Mount Everest) ထက်ပိုမြင့်အောင်ပျံသန်းနိုင်ကြပါတယ်။ National Geographic ရဲ့အဆိုအရတော့ ပျားတွေဟာ ပေ (၂၉၅၂၅) ပေအထိအမြင့်ဆုံးပျံသန်းနိုင်ကြပါတယ်။ ဒါဟာ ကမ္ဘာပေါ်ကအမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရတ်တောင်(၂၉၀၃၁.၇ ပေ) ထက်ပိုမြင့်တဲ့ ပမာဏဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ဝက်တွေဟာ သူတို့ရဲ့ခန္ဓာကိုယ်တည်ဆောက်ဖွဲ့စည်းပုံအရ ကောင်းကင်ကိုတည့်တည့်မော့ကြည့်လို့ မရပါဘူး။ သူတို့ရဲ့ လည်ပင်းကြွက်သားတွေနဲ့ ဦးခေါင်းလှုပ်ရှားမှုတွေက ကန့်သတ်ချက်တွေရှိနေလို့ ကောင်းကင်ကို ဦးခေါင်းတည့်မတ်စွာ မော့ကြည့်လို့မရကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ အရွယ်ရောက်ပြီး ခြင်္သေ့တစ်ကောင်ဟိန်းတဲ့အသံဟာ အလွန်ကျယ်လောင်တာကြောင့် (၅) မိုင်အကွာကနေတောင် ကြားရနိုင်ပါတယ်။ ခြင်္သေ့တစ်ကောင်ဟိန်းတဲ့ အသံဟာ တစ်ခါတစ်ရံမှာ ၁၁၄ ဒက်ဆီဘယ် အထိရှိတက်ပါတယ်။ လူသားတစ်ဦးရဲ့ အသံကတော့ပုံမှန်အားဖြင့် ၃၅ ကနေ ၆၅ ဒက်ဆီဘယ် အတွင်းမှာသာရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Fruit Fly လို့ခေါ်တဲ့ ယင်ကောင်အထီးတွေဟာ အမတွေက လိင်ဆက်ဆံဖို့ငြင်းပယ်လိုက်တဲ့အခါမျိုးမှာ မူးယစ်စေမယ့်အရာတွေကို ရှာဖွေစားသုံးတက်ကြပါတယ်။ shwekhitonlinetv.com

၈။ ဖားတွေဟာ ရေမသောက်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့အရေပြားကနေတစ်ဆင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေကိုစုပ်ယူနိုင်စွမ်းရှိလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ Wombat ဆိုတဲ့သတ္တဝါလေးတွေရဲ့ မစင်ဟာတစ်ခြားသတ္တဝါတွေနဲ့မတူဘဲ လေးထောင့်ပုံစံအတုံးလေးတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ ပုရစ်တွေရဲ့နားဟာ ၎င်းတို့ရဲ့ရှေ့ခြေသလုံးမှာရှိပြီး အဲ့ဒီကနေအသံတွေကိုကြားရတာဖြစ်ပါတယ်။ သူတို့ရဲ့အသံတွေကိုတော့အတောင်ပံတွေကနေထုတ်လွှင့်တာဖြစ်ပါတယ်။ ပုရစ်အမတွေကအသံမထုတ်နိုင်ကြပါဘူး။ ဒါ့ပေမယ့် အသံထုတ်ပြီးသီချင်းဆိုနေတဲ့ အထီးတွေဆီကိုတော့အသံကိုနားထောင်ပြီး သွားတက်ကြပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။