အမြင်အာရုံကိုလှည့်စားနိုင်တဲ့ ဓာတ်ပုံတွေအနုပညာရှင်တွေကတော့ ကမ္ဘာပေါ်မှာအမြောက်အမြားရှိပါတယ်။ ဒါပေမယ့်အခုဖော်ပြပေးမယ့် ပုဂ္ဂိုလ်တွေကတော့ သူတို့ကျွမ်းကျင်တဲ့ဘာသာရပ်မှာ သူမတူအောင်ထူးချွန်ပြီး ပြောစမှတ်တွင်စေမယ့် ကမ္ဘာကျော်အနုပညာလက်ရာတွေကိုဖန်တီးခဲ့ကြသူတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ လက်ရာတွေက သင့်ကိုဘယ်လိုများအံ့အားသင့်စေမလဲဆိုတာကြည့်ရှုလိုက်ပါဦးနော် ….. shwekhitonlinetv.com
၁။ နံရံပေါ်မှာလမ်းလျှောက်နေသူများ

Strk လို့လူသိများကြတဲ့ နော်ဝေး Street Artist တစ်ဦးဖြစ်သူ Anders Gjennestad မျက်လုံးကိုလှည့်စားနိုင်တဲ့ 3D ပန်းချီပေါင်းများစွာကိုဖန်တီးခဲ့တဲ့သူဖြစ်ပါတယ်။ ဒီပုံမှာတော့ ကျောင်းတစ်ခုရဲ့ နံရံပေါ်မှာလမ်းလျှောက်နေကြတဲ့ သူတွေကိုသူ့အနေနဲ့အကောင်းဆုံးပုံဖော်ထားပါတယ်။ လက်ရာမြောက်ပြီး သဘာဝကျလွန်းတဲ့ အရိပ်ဖန်တီးမှုတွေကြောင့် ဒီပုံဟာ ကြည့်ရှုသူတွေကိုအထင်မှားစေတာတော့ အမှန်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ ခန္ဓာကိုယ်ကိုဖောက်ထွင်းသွားတဲ့ သုံးဖက်မြင်လက်ရာ

နယူးယော့ခ်အခြေစိုက် အနုပညာရှင် Aakash Nihalani ဟာယခင်က အခန်းတွင်းဒီဇိုင်းတွေ တိပ်တွေမှာရှုခင်းပုံဆွဲတာတွေ ပြုလုပ်ပြီးနာမည်ကျော်ကြားခဲ့တဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့ အနုပညာအတွက်ကင်းဗက်စကို လူသားတွေအဖြစ်သူက ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။ ပုံမှာပြထားတာကတော့ သူ့ရဲ့ Landline စီးရီးထဲကတစ်ခုဖြစ်တဲ့ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားတဲ့ သုံးဖက်မြင် လက်ရာတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ အသက်ဝင်ပြီး ရုပ်လုံးကြွနေတဲ့စာရွက်ပေါ်က အရိုးခေါင်း

ဒတ်ချ်အနုပညာရှင် Ramon Bruin (ခေါ်) JJK Airbrush ကလည်း အနုပညာနဲ့လက်တွေ့ဘဝကြားမှာ ရှိတဲ့မျဉ်းကို ဝေဝါးသွားစေမည့် optical illusion ပုံတွေကိုဖန်တီးရာမှာအထူးကျွမ်းကျင်တဲ့သူတစ်ဦးဖြစ်ပါတယ်။ သူကတော့ ရုပ်ပုံတွေအရာဝတ္ထုတွေကို ရှုထောင့်အမျိုးမျိုးကနေ ဓာတ်ပုံရိုက်ကူးပြီး အမြင်အာရုံလွဲမှားစေနိုင်တဲ့ ရုပ်ကြွပုံတွေကို ပြန်လည်ဖန်တီးလေ့ရှိသလို ပြန်လည်သင်ကြားပေးမှုတွေလည်းပြုလုပ်တက်သူပါ။ ပုံမှာပြထားတာကတော့ သူဖန်တီးထားတဲ့လက်ရာတွေထဲကတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ လက်ကိုထွင်းဖောက်နေသယောင်ထင်ရတဲ့တက်တူး

ဒီတက်တူးပုံကိုတော့ အားလုံးပဲမြင်ဖူးမယ်ထင်ပါတယ်။ တက်တူးကိုရေးပေးတဲ့သူကတော့ အိုင်ယာလန်နိုင်ငံ Limerick ၊ Allstar Ink မှတက်တူးဆရာ Paul O’Rourke ပဲဖြစ်ပါတယ်။ လက်ကိုလိမ်ပြီးထွင်းဖောက်နေသယောင် ထင်ရတဲ့သူ့ရဲ့ optical illusion ကိုဒီပုံမှာအထင်းသားတွေ့မြင်နိုင်ပါတယ်။ shwekhitonlinetv.com
၅။ လေပေါ်မှာပျံနေတဲ့ မိချောင်းတစ်ကောင်

Odeith ကတော့ ပေါ်တူဂီနိုင်ငံအခြေစိုက်အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူက လေပေါ်မှာပျံနေသယောင်ထင်ရတဲ့ 3D ရုပ်ပုံတွေနဲ့ ဂရပ်ဖစ်တီ စာလုံးတွေကိုရေးဆွဲရာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့သူပါ။ ဒီပုံမှာတော့ သူ့ရဲ့အနုပညာပါရမီကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ Take My Lightning But Don’t Steal My Thunder

Take My Lightning But Don’t Steal My Thunder လို့ခေါင်းစဉ်တပ်ထားတဲ့ ဒီ Surreal ဗိသုကာလက်ရာကတော့ အဆောက်အဦးရဲ့ အပေါ်ပိုင်းကိုလေထဲလွင့်ပျံနေတယ်လို့ထင်ရအောင် ဗြိတိန်အနုပညာရှင်နှင့် ဒီဇိုင်နာ Alex Chinneck ကနေဖန်တီးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ ကြက်တူရွေးမဟုတ်တဲ့ ကြက်တူရွေး

ဒီပုံကိုရုတ်တရက်ကြည့်မယ်ဆိုရင် အရောင်အသွေးလှပလွန်းတဲ့ကြက်တူရွေးလေးတစ်ကောင်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် သေသေချာချာအနီးကပ် အသေးစိတ်ကြည့်ရှုမယ်ဆိုရင်တော့ ကြက်တူရွေးနဲ့တူအောင် ဆေးရောင်ခြယ်သပြီး ထိုင်နေတဲ့ အမျိုးသမီးတစ်ဦးကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီအရာကိုဖန်တီးထားတာကတော့ အနုစိတ်ပန်းချီကျွမ်းကျင်သူ Johannes Stoetter ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။