အစားမစား ရေမသောက်ပဲ နှစ်ပေါင်း ၃၀ အထိ ရှင်သန်နိုင်တဲ့ တိရစ္ဆာန်မျိုးစိတ်တွေ ရှိလို့နေပါတယ်။ တိရစ္ဆာန်အများစုအတွက်ကတော့ အစားမစားပဲ နေထိုင်နိုင်တဲ့ သက်တမ်းဟာ အနည်းဆုံး ၁ ရက်ကနေ ၂ ရက်အထိပဲ ရှင်သန်နိုင်ကြပါတယ်။ ဒါ့ကြောင့် ဘယ်လိုတိရစ္ဆာန်မျိုးတွေဟာ အစားမစား ရေမသောက်ပဲ အချိန်အကြာဆုံး ရှင်သန်နိုင်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ ကြောင်များ ( ၂ ပတ် )

ကြောင်လေးတွေဟာ သူတို့စားသုံးတဲ့ အစားအစာနဲ့ သူတို့ရဲ့ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး မစားမသောက်ပဲ ရှင်သန်နိုင်ချိန်ဟာ ၂ ပတ်သာ ကြာမြင့်နိုင်ပါတယ်။ shwekhitonlinetv.com
၂။ ကုလားအုတ် ( ၂ လ )

ကုလားအုတ်တွေကတော့ သူတို့ရဲ့ကျောပေါ်က ဘို့တွေထဲမှာ အဆီတွေကို သိုလှောင်ထားနိုင်ပါတယ်။ ဒါ့ကြောင့် အစာရေစာပြတ်လတ်တဲ့အခါမျိုးမှာ ၄င်းဘို့တွေဟာ အစာသိုလှောင်ထားနိုင်တဲ့ ပင်မအရင်းအမြစ်တွေအဖြစ် လိုအပ်တဲ့ အာဟာရကို ပေးစွမ်းနိုင်ကြပါတယ်။ shwekhitonlinetv.com
၃။ အဖြူရောင်ငါးမန်း ( ၃ လ )

အဖြူရောင်ငါးမန်းကြီးမျိုးစိတ်တွေကတော့ တနှစ်မှာ ၁၁တန်အထိ အလေးချိန်ရှိတဲ့ အစားအစာတွေကို စားသုံးနိုင်ကြပါတယ်။ အရမ်းကိုများတဲ့ ပမာဏပါပဲနော်။ အဆိုပါမျိုးစိတ်တွေဟာ အစားအစာကို တကြိမ်စားသုံးလိုက်ရုံနဲ့ နောက်ထပ် ၃ လအထိ မည်သည့်အစာမှ မစားပဲ နေနိုင်ကြပါတယ်။ shwekhitonlinetv.com
၄။ ဝက်ဝံ ( ၃ လ )

ဝက်ဝံတွေကို တခါတလေမှာ hibernators လို့ခေါ်ဝေါ်လေ့ရှိကြပါတယ်။ အဓိပ္ပာယ်ကတော့ အချိန်အကြာကြီးမလှုပ်မရှပ် အိပ်စက်နိုင်တဲ့ အကောင်တွေဖြစ်တာကြောင့်ပါ။ ဝက်ဝံတွေဟာ ၃ လနဲ့ အထက် ကြာတဲ့အထိ အစားမစား ၊ ရေမသောက် ၊ ရှူးမပေါက်တဲ့အပြင် လှုပ်ရှားမှု သေးသေးလေးတောင် မပြုလုပ်ပဲ နေနိုင်ကြပါတယ်။ shwekhitonlinetv.com
၅။ Emperor ပင်ကွင်းများ ( ၃ လ )

Emperor ပင်ကွင်းမျိုးနွယ်ဝင် အထီးတွေဟာ အင်မတန်အေးစက်လွန်းလှတဲ့ တောင်ဝင်ရိုးစွန်းဆောင်းကာလတွေမှာ သားဥတွေကို ကာကွယ်ရပါတယ်။ သားဥတွေကို ကာကွယ်နေရတဲ့ ၃လနဲ့အထက် ကာလအတွင်း အစားမစားပဲ စောင့်ရှောက်ကြရပါတယ်။ shwekhitonlinetv.com
၆။ Humpback ဝေလငါး ( ၆ လ )

Humpback ဝေလငါးတွေဟာ blubber လို့ခေါ်တဲ့ သူတို့ရဲ့ အဆီသိုလှောင်ရာအစိတ်အပိုင်းမှာ ပိုလျှံနေတဲ့ အဆီတွေကို သိုလှောင်ထားတတ်ကြပါတယ်။ ဒါ့ကြောင့် သူတို့တွေဟာ အစားမစားပဲ ၆ လအထိ အသက်ရှင်သန်နိုင်ပါတယ်။ shwekhitonlinetv.com
၇။ Ball python မျိုးစိတ်မြွေများ ( ၆ လ )

Ball python မျိုးနွယ်ဝင် မြွေတွေကတော့ နှေးကွေးတဲ့ ဇီဝဖြစ်စဥ်ကြောင့် သူတို့အတွက် ၆လကြာ အစားမစားပဲ ရှင်သန်နိုင်တဲ့ စွမ်းအင်ကို လုံလောက်စွာရရှိကြပါတယ်။ shwekhitonlinetv.com
၈။ Galapagos လိပ်များ ( ၁ နှစ် )

Galapagos လိပ်တွေမှာတော့ ရေအများအပြားကို သိုလှောင်နိုင်စွမ်းရှိပြီး နှေးကွေးတဲ့ ဇီဝဖြစ်စဥ်ကို ပိုင်ဆိုင်ကြပါတယ်။ ဒါ့ကြောင့် သူတို့တွေဟာ အစားမစား ရေမသောက်ပဲ ၁နှစ်ကြာတဲ့အထိ ရှင်သန်နိုင်ကြတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ ကင်းမြှီးကောက်များ ( ၁ နှစ် )

ကင်းမြှီးကောက်တွေဟာ သူတို့ခန္ဓာကိုယ်အလေးချိန်ရဲ့ ၃ပုံ ၁ပုံ ရှိတဲ့အစာကို တခါတည်းစားသောက်နိုင်ကြပါတယ်။ ဒီလိုစားသောက်ခြင်းအားဖြင့် သူတို့ရဲ့ ဇီဝဖြစ်စဥ်ကို နှေးကွေးသွားစေပြီး လုံလောက်တဲ့ အစာအာဟာရကို ရရှိစေပါတယ်။ ဒါ့ကြောင့် ကင်းမြှီးကောက်တွေဟာ နောက်ထပ်အစာတခုကို မစားပဲ ၁ နှစ်လောက်အထိ ရှင်သန်နေနိုင်တာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ Burrowing ဖားများ ( ၁ နှစ် )

Burrowing ဖားတွေကတော့ ရွှံ့နွံတွေထဲမှာ ပုန်းအောင်းပြီး အစာရေစာမရရှိပဲ ၁နှစ်လောက်အထိ နေနိုင်ကြပါတယ်။ သူတို့ရဲ့ စွမ်းအင်တွေကို ချွေတာခြင်းအားဖြင့် မလှုပ်မရှပ်နေထိုင်နေတဲ့ ကာလတလျှောက် အဆိုပါနည်းနဲ့ အစာရေစာပြတ်လတ်မှုကို ရင်ဆိုင်နိုင်ကြပါတယ်။ shwekhitonlinetv.com
၁၁။ မိကျောင်းများ ( ၃ နှစ် )

မိကျောင်းတွေကတော့ မလှုပ်မရှားနေထိုင်ခြင်းအားဖြင့် သူတို့ရဲ့စွမ်းအင်တွေကို ထိန်းသိမ်းတတ်ကြပါတယ်။ ဒါ့ကြောင့် အစာကိုလုံလုံလောက်လောက် စားသောက်ပြီးနောက်မှာတော့ မလှုပ်မရှားနေထိုင်ပြီး နောက်ထပ်အစာမရရှိပဲ ၃နှစ် လောက်အထိ နေနိုင်ကြပါတယ်။ shwekhitonlinetv.com
၁၂။ Olm ( ၁၀ နှစ် )

ရေနေသတ္တဝါလေးဖြစ်တဲ့ Olm လေးတွေကတော့ အစာမရရှိပဲ ၁၀နှစ်အထိ နေနိုင်ကြပါတယ်။ သူတို့အတွက် လုံလောက်တဲ့အစာမရရှိတဲ့အခါ ဇီဝဖြစ်စဥ်ကို နှေးကွေးစေကာလှုပ်ရှားမှုတွေ လျှော့ချပြီး နေထိုင်တတ်ကြပါတယ်။ ဒါတင်မကသေးပဲ သူတို့ဟာ သူတို့ကိုယ်တွင်းမှာရှိတဲ့ တစ်ရှူးတွေကိုလည်း ပြန်လည်စုပ်ယူနိုင်ကြပါတယ်။ shwekhitonlinetv.com
၁၃။ Tardigrade ( နှစ်ပေါင်း ၃၀ )

Tardigrade ဆိုတဲ့အကောင်လေးတွေကတော့ အားလုံးထဲမှာ အချိန်အကြာဆုံး ရှင်သန်နိုင်တဲ့ အကောင်လေးတွေပဲ ဖြစ်ပါတယ်။ ရေစိုစွတ်တဲ့နေရာများ ဥပမာ ရေညှိ ၊ ရွှံ့ အစရှိတဲ့ နေရာတွေမှာ နေထိုင်တတ်ကြပြီး အရှည်အားဖြင့် မီလီမီတာရဲ့ တဝက်မျှသာ ရှိပါတယ်။ သူတို့တွေဟာ အစာမရရှိတဲ့အခါ ဇီဝဖြစ်စဥ်ဖြစ်ပျက်ခြင်းကို သာမန်ထက် ၀.၀၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။ ဒါ့အပြင် ရေပါဝင်မှုနှုန်းကိုလည်း ၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါသေးတယ်။ ဒါ့ကြောင့် သူတို့တွေဟာ အစာရေစာမရရှိပဲ နှစ်ပေါင်း ၃၀ အထိ နေထိုင်နိုင်ကြတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။