စိတ်နဲ့လူနဲ့ မကပ်တဲ့ ဆောက်လုပ်ရေးသမားတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်အမှားတွေကလည်း အများအပြားရှိလို့နေပါတယ်။ တချို့အရာတွေကတော့ ပြန်လည်ပြုပြင်တည်ဆောက်လို့ ရနိုင်ပေမယ့် တချို့အမှားတွေကတော့ ပြုပြင်လို့ မရနိုင်တော့ပါဘူး။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ထူးဆန်းပြီး ရယ်စရာကောင်းတဲ့ အိမ်သာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ မှန်တံခါးများနဲ့ အိမ်သာ

အိမ်သာဆိုတဲ့ သဘောတရားဟာ လုံလုံခြုံခြုံနဲ့ လူအမြင်မခံရစေဖို့ သေချာဆောက်လုပ်သင့်တဲ့ နေရာတခုဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှာတွေ့မြင်ရတဲ့ အိမ်သာတွေကတော့ မှန်တံခါးတွေနဲ့ပဲ ဆောက်လုပ်ထားတာကို တွေ့ရမှာပါ။ တကယ့်ကို အချိန်ကုန် ငွေကုန် လူပန်းဖြစ်စေခဲ့တဲ့ ဆောက်လုပ်ရေးအမှားလို့ပဲ ဆိုချင်ပါတယ်။ shwekhitonlinetv.com
၂။ လှေကားရဲ့အဆုံးက အိမ်သာ

လှေကားရဲ့အဆုံးမှာ တည်ဆောက်ထားတဲ့ အိမ်သာကို တွေ့မြင်ရမှာပါ။ တော်တော်ကို ဆိုးဝါးခဲ့တဲ့ ဒီဇိုင်းပါပဲနော်။ shwekhitonlinetv.com
၃။ မျက်နှာချင်းဆိုင်အိမ်သာ

ညဘက်အိမ်သာတက်ရမှာ ကြောက်ရွံ့တတ်တဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့ ဒီဇိုင်းပါပဲနော်။ အိမ်သာနှစ်ခုကို တံခါးတချပ်မှ မပါဝင်ပဲ မျက်နှာချင်းဆိုင် ဆောက်လုပ်ထားတာကြောင့် အရမ်းကို ရယ်စရာကောင်းနေပါတယ်။ shwekhitonlinetv.com
၄။ အမျိုးသားတွေအတွက် ဆီးခွက်

အမျိုးသားတွေအတွက် ဆီးခွက်ကို တည်ဆောက်ထားရာမှာ တခုနဲ့ တခု အရမ်းကို နီးကပ်ပြီး ဆောက်လုပ်ထားတာကို တွေ့ရမှာပါ။ ဘေးချင်းကပ်ပြီး အသုံးပြုမယ်ဆိုရင်တောင် ဘယ်လိုမှ အဆင်မပြေနိုင်စေမယ့် ဒီဇိုင်းပါ။ shwekhitonlinetv.com
၅။ ခရုများ ကမာခွံများနဲ့ အလှဆင်ထားတဲ့ အိမ်သာ

ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ ခရု ကမာခွံတွေနဲ့ အလှဆင်ထားတာကြောင့် ဆန်းသစ်တဲ့ဒီဇိုင်းလို့ ထင်ရနိုင်ပါတယ်။ ဒါပေမယ့် အိမ်သာခွက်ရဲ့ ဘေးနှုတ်ခမ်းတွေမှာပါ အချွန်အတက်များနဲ့ အလှဆင်ထားတာကြောင့် ဘယ်လိုမှ အသုံးပြုလို့ရနိုင်မယ် မထင်ပါဘူးနော်။ shwekhitonlinetv.com
၆။ လျှို့ဝှက်အိမ်သာ

မီးဖိုချောင်ရဲ့ အတွင်းဘက်ဗီရိုတွေထဲမှာ တည်ဆောက်ထားတဲ့ အိမ်သာကို တွေ့ရမှာပါ။ ဘယ်လိုရည်ရွယ်ချက်နဲ့ တည်ဆောက်ထားလဲဆိုတာ မသိနိုင်ပေမယ့် တကယ့်ကို ထူးဆန်းတဲ့ အကြံဥာဏ်ပါပဲနော်။ shwekhitonlinetv.com
၇။ မူးနေချိန်မှာ မတက်သင့်တဲ့အိမ်သာ

သာမန်အိမ်သာတလုံးဖြစ်ပေမယ့် ကြမ်းပြင်မှာ အလှဆင်ထားတဲ့ ကျောက်ပြားတွေကတော့ မျက်စိကို လှည့်စားစေတဲ့ ဒီဇိုင်းကို အသုံးပြုထားပါတယ်။ ဒါ့ကြောင့် မူးနေချိန်မှာ ဒီလိုအိမ်သာထဲ ဝင်ရောက်သွားမယ်ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူးနော်။ shwekhitonlinetv.com
၈။ ထိုင်ခုံတွေပါ ထည့်သွင်းတည်ဆောက်ထားတဲ့ အိမ်သာ

အိမ်သာထဲမှာ လူအရမ်းများတဲ့အခါ ထိုင်စောင့်နိုင်ဖို့အတွက် ထိုင်ခုံတွေ ထည့်သွင်းထားတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုလူမျိုးကမှ အိမ်သာထဲမှာ ထိုင်စောင့်နေမယ် မထင်ပါဘူးနော်။ shwekhitonlinetv.com
၉။ မလုံမလဲဖြစ်စေမယ့် အိမ်သာ

အိမ်သာရဲ့ကြမ်းခင်းမှာ အသုံးပြုရမယ့် ကျောက်ပြားရဲ့ ဒီဇိုင်းကလည်း အရမ်းကို အရေးပါပါတယ်။ ပုံမှာတွေ့မြင်ရတဲ့ ကျောက်ပြားဒီဇိုင်းကတော့ အိမ်သာအသုံးပြုရတဲ့သူတွေအတွက် စိတ်မသက်မသာဖြစ်စေမယ့် ဒီဇိုင်းပါပဲ။ shwekhitonlinetv.com
၁၀။ ရေဆေးစက်

အိမ်သာတက်ပြီးနောက် ရေဆေးဖို့အတွက် ပြင်ဆင်ထားတဲ့ ဖန်တီးမှုကို တွေ့ရမှာပါ။ ဒီဖန်တီးမှုကတော့ တကယ်အလုပ်ဖြစ်နိုင်ပါ့မလားဆိုတာ မသေချာပါဘူးနော်။ shwekhitonlinetv.com
၁၁။ လူမြင်ကွင်းကအိမ်သာ

အိမ်သာလည်းတက်ချင် ဆွေးနွေးပွဲလည်း မလွတ်ချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ ဒီဇိုင်းပါ ။ ဘယ်လိုစိတ်ကူးနဲ့ တည်ဆောက်ထားလဲဆိုတာ မသိနိုင်ပေမယ့် ဘယ်လိုမှ အဆင်မပြေနိုင်မယ့် အခြေအနေပါပဲ။ shwekhitonlinetv.com
၁၂။ ကားပါကင်က အိမ်သာ

ကားပါကင်မှာ ပါကင်သွင်းရင်း အရေးပေါ်ကိစ္စဖြစ်လာတဲ့အခါ ဖြေရှင်းနိုင်ဖို့အတွက် ဆောက်လုပ်ထားတဲ့ အိမ်သာကို တွေ့ရမှာပါ။ ဘေးပတ်လည် ဘယ်လို အကာအရံမှ မပါဝင်ပဲ တည်ဆောက်ထားတဲ့ အိမ်သာကတော့ တကယ်ကို ထူးဆန်းနေမှာပါ။ shwekhitonlinetv.com
၁၃။ တံခါးမပါဝင်တဲ့အိမ်သာများ

အများသုံးအိမ်သာတွေကို တည်ဆောက်ထားပေမယ့် နံရံနဲ့ တံခါးထည့်ဆောက်ဖို့တော့ မေ့သွားတယ် ထင်ရပါတယ်။ shwekhitonlinetv.com
၁၄။ ထူးဆန်းတဲ့ဒီဇိုင်းနဲ့ ဆီးခွက်

ထူးဆန်းတဲ့ အရာတွေကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့ အိမ်သာပါ။ လူလက်ထောက်နေတဲ့ ဒီဇိုင်းနဲ့ ဆီးခွက်ကတော့ တကယ့်ကို ထူးဆန်းလို့နေပါတယ်။ shwekhitonlinetv.com
၁၅။ မြွေအရေခွံနဲ့ အိမ်သာ

အိမ်သာကြွေခွက်ကို အဖြူရောင်သုံးရမှာ မကြိုက်နှစ်သက်တဲ့သူတွေအတွက် အထူးဖန်တီးထုတ်လုပ်ထားတဲ့ မြွေအရေခွံအိမ်သာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၁၆။ အခန်းနှစ်ခန်းကြားက အိမ်သာ

အခန်းနှစ်ခန်းကြားမှာ ဘုံအဖြစ် အသုံးပြုလို့ရနိုင်မယ့် အိမ်သာနဲ့ ရေချိုးခန်းကို ဆောက်လုပ်ထားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆောက်လုပ်ရေးသမားရဲ့ မှားယွင်းတဲ့ အယူအဆကြောင့် အသုံးပြုလို့ အဆင်မပြေနိုင်မယ့် အခြေအနေ ဖြစ်ပေါ်ခဲ့ရပါတယ်။ shwekhitonlinetv.com
၁၇။ အိမ်သာတံခါး

အိမ်သာတခုကို ဆောက်လုပ်ရမှာ လုံခြုံတဲ့ တံခါးကို အသုံးပြုဖို့ကလည်း အရေးကြီးလှပါတယ်။ ပုံမှာတွေ့မြင်ရတာကတော့ မှားယွင်းတဲ့တံခါးကို အသုံးပြုမိတာကြောင့် အိမ်သာထဲကို အပြင်ကနေ မြင်နေရပြီး အဆင်မပြေဖြစ်ခဲ့တဲ့ ဒီဇိုင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁၈။ အိမ်သာနံရံအပြင်အဆင်

ပုံမှာတွေ့မြင်ရတာကတော့ ထူးခြားလှတဲ့ အိမ်သာနံရံအပြင်အဆင်ပဲ ဖြစ်ပါတယ်။ ပြဇာတ်ရုံတခုကို ရောက်ရှိသွားရသလို ဖြစ်သွားစေမယ့် အိမ်သာပါပဲနော်။ shwekhitonlinetv.com
၁၉။ မြေတိုက်ခန်းနဲ့တွဲလျက်အိမ်သာ

မြေတိုက်ခန်းကနေ တက်လာတဲ့အခါ တွေ့ရနိုင်မယ့် အိမ်သာပဲ ဖြစ်ပါတယ်။ ဘယ်လိုစိတ်ကူးတွေနဲ့ ဆောက်လုပ်လိုက်တယ်ဆိုတာ မသိနိုင်ပေမယ့် တော်တော်ကို အဆင်မပြေဖြစ်စေတဲ့ စိတ်ကူးပါပဲ။ shwekhitonlinetv.com
၂၀။ ဘောလုံးရူးသွပ်သူများအတွက်အိမ်သာ

အိမ်သာခွက်ထဲမှာ ဘောလုံးကစားတဲ့ ကစားစရာအရုပ်လေးတွေကို ထည့်သွင်းတည်ဆောက်ထားတာကို တွေ့ရမှာပါ။ ပြန်လည်သန့်ရှင်းရေးလုပ်ဖို့ ခက်ခဲနိုင်စေမယ့် ဒီဇိုင်းပါပဲ။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။