ရွှေခေတ်ပရိသတ်တွေကို အခုတစ်ခေါက်မှာတော့ ထူးထူးခြားခြားအဓိပ္ပါယ်နဲ့တက်တူးတွေကို ပုံမှန်မဟုတ်တဲ့နေရာတွေမှာ ရေးထိုးထားကြတဲ့ ကမ္ဘာကျော် Cele တွေအကြောင်းလေးဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com
၁။ ဟာဝိုင်အီနွယ်ဖွားအမေရိကန်သရုပ်ဆောင် ဂျေဆွန်မိုမိုအာ (Jason Momoa) ကတော့သူ့ရဲ့ဦးခေါင်း ဘေးခြမ်းမှာ တက်တူးတွေထိုးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ လေဒီဂါဂါ (Lady Gaga) ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ အင်္ဂလိပ်လူမျိုး တေးရေး၊ တေးဆို ဒေးဗစ်ဘိုဝီ (David Bowie) ရဲ့မျက်နှာပုံကိုသူမရဲ့ ကိုယ်မှာတက်တူးထိုးထားပါတယ်။ shwekhitonlinetv.com

၃။ နာမည်ကျော်အဆိုတော် ပို့စ်မာလုန်း (Post Malone) ကတော့သူ့မျက်လုံးနှစ်လုံးရဲ့အောက်ဘက်မှာ “Always Tired” ဆိုတဲ့ စာသားတစ်ခုကိုရေးထိုးထားပါတယ်။ shwekhitonlinetv.com

၄။ မင်းသမီးချောလေး ဒါကိုတာဂျွန်ဆင် (Dakota Johnson) ကတော့ သူမရဲ့ခြေဖမိုးဘေးမှာ “Look at the Moon” ဆိုတဲ့စာသားကို ကြယ်ကလေးတွေဝန်းရံပြီးထိုးထားပါတယ်။ shwekhitonlinetv.com

၅။ ဒါကတော့ နာမည်ကျော်ဘောလုံးသမားဟောင်းတစ်ဦးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း (David Beckham) ကို သူ့သမီး (၄) နှစ်အရွယ်တုန်းက တက်တူးထိုးဖို့အကြံပြုပြီးရေးဆွဲခဲ့ပုံလေးပါ။ shwekhitonlinetv.com

၆။ ဘောလိဝုဒ်မင်းသမီးချောလေး ပရီယန်ကာချိုပရားကတော့ (Priyanka Chopra) ငယ်စဉ်ကတည်းကသူမရဲ့အဖေကိုအရမ်းချစ်မြတ်နိုးတဲ့သူဖြစ်ပြီး ညာဘက်လက်မှာ “Daddy’s lil girl” ဆိုပြီးတက်တူးရေးထိုးထားပါတယ်။ shwekhitonlinetv.com

၇။ အမေရိကန်ရက်ပါ အာရွန်ကာတာ (Aaron Carter) ကတော့ အဆိုတော်ရီဟားနား (Rihanna) ရဲ့မျက်နှာပုံကို သူ့ရဲ့မျက်နှာပေါ်မှာတက်တူးထိုးထားတဲ့သူပါ။ shwekhitonlinetv.com

၈။ နာမည်ကျော် မော်ဒယ်မလေး ကန်ဒဲလ်ဂျန်နာ (Kendall Jenner’s) ရဲ့နှုတ်ခမ်းအတွင်းသားမှာတော့ “meow” ဆိုတဲ့ စာသားလေးကိုထိုးထားပါတယ်။ shwekhitonlinetv.com

၉။ ကမ္ဘာကျော်လက်ဝှေ့သမားကြီးမိုက်တိုင်ဆန် (Mike Tyson) ကိုတော့ အားလုံးက သူ့မျက်နှာပေါ်ကတက်တူးနဲ့တွဲပြီး မြင်တက်ကြပါတယ်။ shwekhitonlinetv.com

၁၀။ အမေရိကန်အဆိုတော်မလေး ဒမ်မီလိုဗာတို (Demi Lovato) ကတော့ သူမရဲ့ဦးခေါင်းဘေးဘက်မှာ ခပ်ကြီးကြီးပင့်ကူတစ်ကောင်ပုံကိုရေးထိုးထားပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။