ကမ္ဘာအနှံ့အပြားက နိုင်ငံတချို့ကတော့ ခွေးအမျိုးအစားနဲ့ ပက်သက်ပြီး သက်ဆိုင်ရာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်တတ်ကြပါတယ်။ ဒီလိုအရေးယူဆောင်ရွက်မှုတွေဟာ ရန်လိုပြီး အန္တရာယ်ကြီးမားတဲ့ ခွေးအမျိုးအစားပေါ်မူတည်ပြီး ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ နိုင်ငံတချို့မှာဆိုရင်တော့ ခွေးလေးတွေကို မွေးမယ့်ပိုင်ရှင်ရဲ့ နောက်ကြောင်းမှုခင်းများကိုပါ စစ်ဆေးလေ့လာတတ်ကြပါတယ်။ အခုဖော်ပြပေးမယ့် ခွေးအမျိုးအစားတွေကတော့ အန္တရာယ်ကြီးမားပြီး ရန်လိုတတ်တယ်လို့ သတ်မှတ်ခံရတာကြောင့် နိုင်ငံတချို့ရဲ့ တားမြစ်ခြင်းကို ခံရတဲ့ ခွေးလေးတွေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ Presa Canario

Dogo Canario လို့လည်း ခေါ်ဝေါ်နိုင်ပြီး စပိန်မျိုးနွယ်ဝင် ကြီးမားတဲ့ အိမ်စောင့်ခွေးမျိုးရိုးဖြစ်ကြပါတယ်။ လက်ရှိမှာတော့ နိုင်ငံပေါင်း ၈ နိုင်ငံရဲ့ ပြည်ဝင်ခွင့်မရရှိတဲ့ အကောင်ကြီးတွေပါ။ ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ ကြောက်စရာကောင်းတဲ့ အကောင်ကြီးတွေဖြစ်ပေမယ့် တကယ်တမ်းမှာတော့ ဥာဏ်ရည်မြင့်မားတဲ့ ခွေးအမျိုးအစားပဲ ဖြစ်ပါတယ်။ တည်ငြိမ်အေးဆေးတဲ့ အကျင့်စရိုက်ရှိပြီး သခင်အပေါ်မှာလည်း သစ္စာရှိတဲ့ ခွေးကြီးတွေ ဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Rottweiler

အိမ်မွေးခွေးမျိုးရိုးဖြစ်ပြီး အရွယ်အစားအနေနဲ့ အလယ်အလတ်ကနေ ကြီးမားတဲ့ အကောင်ကြီးတွေအထိ ရှိပါတယ်။ Rottweiler အမျိုးအစားတွေကို ကယ်ဆယ်ရေးလုပ်ငန်းများ ၊ ရဲလုပ်ငန်းဆိုင်ရာ အမှုအခင်းများနဲ့ ကျွဲ နွား အစရှိတဲ့ တိရစ္ဆာန်အုပ်တွေကို ထိန်းကျောင်းပေးတဲ့ နေရာများမှာ အသုံးပြုကြပါတယ်။ သူတို့တွေဟာ ယုံကြည်ပြီး စိတ်ချရတဲ့ အစောင့်ခွေးလေးတွေ ဖြစ်ကြပြီး အဆော့လည်းသန်တဲ့ အကောင်လေးတွေပါ။ ဒါပေမယ့် သူတို့လေးတွေကို နိုင်ငံပေါင်း ၁၀ နိုင်ငံက ပိတ်ပင်တားဆီးထားပါတယ်။ shwekhitonlinetv.com
၆။ American Staffordshire Terrier

သူတို့လေးတွေကို AmStaff သို့မဟုတ် American Staffy လို့လည်း ခေါ်ကြပြီး အရွယ်အစားအားဖြင့် အလယ်အလတ်ဆိုဒ်ရှိကြပါတယ်။ ၁၇ လက်မကနေ ၁၉ လက်မထိ မြင့်မားကြပြီး ပေါင် ၄၀ ကနေ ၇၀ အထိ လေးလံကြပါတယ်။ သူတို့တွေကို နိုင်ငံပေါင်း ၁၁ နိုင်ငံကနေပြီး ခွေးမျိုးရိုးဆိုင်ရာဥပဒေအရ ပိတ်ပင်တားဆီးထားပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာအနှံအပြားက နာမည်အကြီးဆုံး ခွေးအမျိုးအစားတွေထဲမှာ American Staffordshire Terrier လေးတွေဟာ ထိပ်ဆုံးမှာ ရပ်တည်နေကြပါတယ်။ shwekhitonlinetv.com
၅။ Staffordshire Bull Terrier

Staffy သို့မဟုတ် Stafford လို့လည်း ခေါ်ဆိုနိုင်ပြီး မျိုးရိုးသန့်တဲ့ ခွေးအမျိုးအစားဖြစ်ပါတယ်။ သေးငယ်တဲ့ အရွယ်ကနေ အလယ်အလတ်ဆိုဒ်ထိ ရှိကြပါတယ်။ တိုက်ခိုက်တတ်တဲ့ ခွေးအမျိုးအစားတွေထဲက တမျိုးဖြစ်ပါတယ်။ ဒါ့အပြင် သူတို့တွေဟာ ခင်မင်တတ်ပြီး ကြင်နာသနားတတ်တဲ့ မျိုးရိုးလည်းဖြစ်တာကြောင့် အိမ်မွေးခွေးအဖြစ် မွေးဖို့အတွက် အသင့်တော်ဆုံးပါ။ ဒါပေမယ့်လည်း သူတို့လေးတွေကို နိုင်ငံပေါင်း ၁၂ နိုင်ငံက ပိတ်ပင်တားဆီးထားပါတယ်။ shwekhitonlinetv.com
၄။ Brazilian Mastiff

ဘရာဇီးမျိုးနွယ်ဝင် အိမ်စောင့်ခွေးကြီးမျိုးရိုးဖြစ်ပြီး လှပပြီး သနားစဖွယ်မျက်လုံးလေးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အမှတ်အသားဖြစ်ပါတယ်။ ကျွဲ နွားအုပ်များကို သေချာထိန်းကျောင်းနိုင်ပြီး အမဲလိုက်တဲ့အခါများနဲ့ အလုပ်လုပ်ကိုင်ရတဲ့အခါတွေမှာလည်း ကူညီပေးတတ်တဲ့ အကောင်ကြီးတွေ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၄ နိုင်ငံရဲ့ ပြည်ဝင်ခွင့်ပိတ်ပင်ခံထားရတဲ့ အကောင်ကြီးတွေလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Tosa

နိုင်ငံပေါင်း ၁၈ နိုင်ငံကနေပြီး အန္တရာယ်ကြီးမားတဲ့ ခွေးအမျိုးအစားလို့ သတ်မှတ်ခံထားရတဲ့ အမျိုးအစားဖြစ်ပါတယ်။ မူလမျိုးနွယ်ကတော့ ဂျပန်မျိုးရိုးဖြစ်ပြီး ရှားပါးအမျိုးအစား ခွေးကြီးတွေဖြစ်ပါတယ်။ ဝမ်းနည်းစရာအကောင်းဆုံးကတော့ ဒီခွေးလေးတွေကို ဂျပန်နိုင်ငံက တရားဝင်ခွေးတိုက်ပွဲတွေမှာ ဆက်လက်အသုံးပြုနေတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Dogo Argentino

ကြွက်သားတွေအပြည့်နဲ့ ကြီးမားပြီး အဖြူရောင်ရှိတဲ့ အမဲလိုက်ခွေးအမျိုးအစားဖြစ်ပါတယ်။ Argentina နိုင်ငံဟာ သူတို့ရဲ့ မွေးရပ်မြေဖြစ်ပြီး တောဝက်လို အန္တရာယ်ကြီးမားတဲ့ အကောင်ကြီးတွေကို အမဲလိုက်တဲ့နေရာမှာ အသုံးပြုတတ်ကြပါတယ်။ သူတို့တွေကို တားမြစ်ထားတဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံအထိ ရှိပါတယ်။ shwekhitonlinetv.com
၁။ Pit Bull

ဒီချစ်စရာကောင်းတဲ့ အကောင်ကြီးတွေကတော့ တားမြစ်ခံရတဲ့ စာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေကြသူတွေပါ။ စံချိန်တင်အဖြစ် နိုင်ငံပေါင်း ၂၄ နိုင်ငံရဲ့ ပိတ်ပင်တားဆီးခြင်းကို ခံထားရတဲ့ အကောင်ကြီးတွေဖြစ်ပါတယ်။ Pit Bull အမျိုးအစားတင်မကပဲ Pit Bull မျိုးနဲ့ ဆက်စပ်ထားတဲ့ အမျိုးအစားတွေကိုပါ တရားဥပဒေရဲ့ ထိန်းချုပ်မှုအောက်မှာ အကျုံးဝင်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။