တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ စွဲလန်းနေတဲ့ အကျင့်ဆိုး တစ်ခုခုကို ပြောင်းလဲလိုက်တာနဲ့ ကိုယ့်ရဲ့ အနာဂတ်ကလည်း တစ်ခါတည်း ပြောင်းလဲသွားနိုင်ပါတယ်နော်။ shwekhitonlinetv.com
လောကကြီးမှာ မလှတဲ့သူဆိုတာ မရှိပဲ အပျင်းကြီးတဲ့သူပဲ ရှိတယ်ဆိုတာကို သက်သေပြလိုက်တဲ့ လူတစ်ချို့ရဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ ၆လအတွင်း မမှတ်မိနိုင်စရာ ပြောင်းလဲနိုင်ခဲ့သူ

ပုံမှာ မြင်တွေ့ရတဲ့ ဦးလေးကြီးကတော့ လပိုင်းလောက်အတွင်းမှာပဲ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ် ပြောင်းလဲနိုင်ခဲ့သူပါ။ အရမ်းကို ကြည့်ရဆိုးတဲ့ ဗိုက်က အဆီတွေကို ၆ လအတွင်းမှာပဲ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ရင်း လျှော့ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ကလည်း ကိုယ့်ရဲ့ ယုံကြည့်မှုကို မြင့်တက်စေပါတယ်နော်။ shwekhitonlinetv.com
၂။ ၀က်ခြံများအောက်က အလှတရား

အခုတွေ့ရတဲ့ ကောင်လေးကတော့ ပါးအပြည့်ဖုံးလွှမ်းနေခဲ့တဲ့ ၀က်ခြံတွေကြောင့် သူ့ရဲ့ မူရင်းမျက်နှာအလှကိုတောင် မမြင်ရလောက်အောင် ဖြစ်နေခဲ့ရတာ ဖြစ်ပါတယ်။ ဝက်ခြံတွေကို ဖယ်ရှားလိုက်တဲ့ အခါမှာတော့ သူ့ရဲ့ ယောက်ျားပီသတဲ့ မျက်နှာက အခုလို ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ အလှအပကို ဖုံးလွှမ်းနေတဲ့အရာတွေကို သေချာဖယ်ရှားပြစ်ဖို့ လိုပါတယ်နော်။ shwekhitonlinetv.com
၃။ အရက် ဆေးလိပ် တို့ကို ဖြတ်လိုက်တဲ့အခါ တွေ့ရတဲ့ ရလဒ်

အခု ဖော်ပြပေးတဲ့ ပုံလေးရဲ့ ဘယ်ဘက်က ပုံကတော့ ကောင်လေးတစ်ယောက်ရဲ့ အရက် ဆေးလိပ်တွေကို စွဲလန်းစွာ သောက်သုံးနေခဲ့စဥ်က ပုံရိပ်လေးပဲ ဖြစ်ပါတယ်။ မေးနှစ်ထပ် ဖြစ်နေပြီး ပြည့်ဖြိုးဖောင်းကားနေတဲ့ ပါးနှစ်ဖက်ကတော့ မိန်းကလေးတွေကို ဘယ်လိုမှ ဆွဲဆောင်နိုင်ခဲ့မှာ မဟုတ်ပါဘူးနော်။ ညာဘက်က ပုံလေးကတော့ အရက် နဲ့ ဆေးလိပ်ကို ဖြတ်တောက်လိုက်ရုံသာမက လေ့ကျင့်ခန်း ပုံမှန် လုပ်ပြီးတဲ့နောက်မှာ တွေ့ရတဲ့ ရလဒ်ဖြစ်ပါတယ်။ တကယ်ကို လူနှစ်ယောက်ကို တွေ့ရသလို ပြောင်းလဲသွားတာ တွေ့ရမှာပါ။ shwekhitonlinetv.com
၄။ စိတ်ကျရောဂါကို တိုက်ထုတ်ပြီးတဲ့နောက်

စိတ်ကျရောဂါကို ခံစားရတဲ့အခါ ဘာမှကို မလုပ်ချင် မကိုင်ချင်ပဲ အဆုံးမှာ ကိုယ့်အသက်ကို ရန်ရှာမိတဲ့အထိ ကြောက်စရာကောင်းတဲ့ စိတ်အခြေအနေပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် ပုံထဲက ကောင်လေးကတော့ စိတ်ကျရောဂါကို တိုက်ထုတ်နိုင်ခဲ့ပြီး မမှတ်မိလောက်အောင် ပြောင်းလဲ လှပသွားခဲ့တာ ဖြစ်ပါတယ်။ဘယ်ဘက်က ပုံလေးကတော့ စိတ်ကျရောဂါ ခံစားနေခဲ့ရစဥ်က ပုံဖြစ်ပြီး ညာဘက်က ပုံလေးကတော့ ရောဂါကို တိုက်ထုတ်နိုင်ခဲ့ပြီးနောက် ပြောင်းလဲသွားခဲ့တဲ့ ပုံလေး ဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ ကိုယ်၀ါသနာပါရာကို လုပ်ကိုင်ခွင့် ရပြီးနောက် ပြောင်းလဲသွားခဲ့တဲ့ ကောင်လေး

၀ါသနာမပါတဲ့ အလုပ်မှာ လုပ်ကိုင်ရတဲ့အခါ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်ရတယ်ဆိုတာ အားလုံးလည်း သိကြမယ် ထင်ပါတယ်နော်။ အခုတွေ့ရတဲ့ ပုံလေးရဲ့ ဘယ်ဘက်က ပုံလေးကတော့ လွန်ခဲ့တဲ့ ၂ နှစ်က သူမနှစ်သက်တဲ့ အလုပ်ထဲမှာ လုပ်ကိုင်ရစဥ်က ပုံလေးပဲ ဖြစ်ပါတယ်။ ညာဘက်က ပုံထဲမှာတော့ လက်ရှိ သူ ချစ်မြတ်နိုးရတဲ့ လုပ်ငန်းမှာ ၀င်ရောက်လုပ်ကိုင်နေစဥ် ရိုက်ကူးထားတဲ့ ပုံရိပ်လေး ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ အလုပ်အကိုင်ပြောင်းလဲ ခြင်းကလည်း သင့်ရဲ့ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲပေးသွားမှာပါနော်။ shwekhitonlinetv.com
၆။ ဆေးဖြတ်လိုက်ပြီးနောက် သိသာတဲ့ ရလဒ်

အခု ပုံထဲမှာ တွေ့ရတဲ့ အမျိုးသားကတော့ သူ့ရဲ့ ဆေးစွဲနေစဥ်က ပုံရိပ်နဲ့ ဆေးဖြတ်ပြီးနောက် ပြောင်းလဲသွားတဲ့ ပုံရိပ်ကို ယှဥ်တွဲပြခဲ့တာပါ ။ ဘယ်ဘက်က ပုံကတော့ ဆေးစွဲနေတဲ့ အချိန်က ပုံဖြစ်ပြီး ညာဘက်က ပုံလေးကတော့ ဆေးဖြတ်ပြီးနောက် တွေ့ရတဲ့ ပုံ ဖြစ်ပါတယ်။ လူနှစ်ယောက်ကို တွေ့ရသလို သိသိသာသာ ပြောင်းလဲသွားတဲ့ ရလဒ်ကို အားလုံးပဲ တွေ့ကြမှာပါနော်။ shwekhitonlinetv.com
၇။ ဆံပင်ညှပ်လိုက်ပြီးနောက် တွေ့ရတဲ့ အပြောင်းအလဲ

ဆံပင်ဟာ လူတစ်ယောက်ရဲ့ ဒုတိယ မျက်နှာဆိုတာ အားလုံး သိကြမယ်ထင်ပါတယ်နော်။ အခုတစ်ခါမှာတော့ လူငယ်လေး တစ်ယောက် ဆံပင်အရှည်ကြီးကို ညှပ်လိုက်တဲ့အခါမှာ ပြောင်းလဲသွားတဲ့ ရလဒ်ကို ဖော်ပြပေးသွားမှာပါ။ ဘယ်ဘက်က ပုံထဲမှာတော့ သူ့ရဲ့ မညှပ်ရသေးခင်က ဆံပင်အရှည်ကြီးနဲ့ ပုံ ဖြစ်ပါတယ်။ ညာဘက်က ပုံလေးကတော့ ဆံပင်ညှပ်ပြီးတဲ့နောက် တွေ့ရတဲ့ ပုံရိပ်လေးပါ။ ဆံပင်ညှပ်ပြီးတဲ့အခါမှာ နုနယ်တဲ့ သူ့ရဲ့ မျက်နှာဟာ သေချာပေါ်လွင်သွားပြီး အရမ်းကို ယောက်ျားပီသတဲ့ ရုပ်ရည်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ သတ်သတ်လွတ် မစားခင်နဲ့ စားပြီးတဲ့နောက် ပြောင်းလဲမှု

အခုပုံလေးကို ကြည့်ပြီးတဲ့ အခါမှာတော့ အသားမစားပဲ သတ်သတ်လွတ်ပဲ စားတော့မယ်လို့ ဆုံးဖြတ်မိတော့မယ့် အထိ ဖြစ်စေမယ့် ပုံရိပ်လေးပါ။ ဖော်ပြထားတဲ့ ဓာတ်ပုံထဲက ကောင်လေးကတော့ သတ်သတ်လွတ် မစားခင်နဲ့ စားနေဆဲ အချိန်ကာလက ခန္ဓာကိုယ်ကို ယှဥ်တွဲပြသခဲ့တာပဲ ဖြစ်ပါတယ်။ သတ်သတ်လွတ်မစားခင်ကတော့ ဘယ်ဘက်က ပုံရိပ်လေးထဲကအတိုင်း အဆီအနည်းငယ်နဲ့ ပြည့်ဖြိုးနေတဲ့ ခန္ဓာကိုယ်ကို တွေ့ရမှာပါ။ သတ်သတ်လွတ်စားနေတဲ့ လက်ရှိကာလမှာတော့ ညာဘက်က ပုံလေးထဲကအတိုင်း အဆီပိုမရှိ ကျစ်လစ်ပြီး ကြည့်ကောင်းနေတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ ပုလဲလုံးလေးတွေလို ညီညာနေတဲ့ သွားတွေရဲ့ အရေးပါမှု

မျက်နှာသွင်ပြင်တစ်ခု လှပဖို့ရာအတွက် သွားတွေရဲ့ ညီညာဖြူဖွေးမှုကလည်း အရမ်းကို အရေးကြီးတဲ့ တစ်ထောင့်တစ်နေရာက ပါ၀င်နေတယ်ဆိုတာ သိကြမှာပါနော်။ အခုပုံထဲမှာ တွေ့ရတဲ့ ကောင်လေးကတော့ သူ့ရဲ့ ကလေးဘ၀ကတည်းက မညီညာတဲ့ သွားတွေကို အသက်ကြီးတဲ့အခါ ပြုပြင်ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ ဖြူဖွေးပြီး ညီညာတဲ့ သွားလေးတွေကြောင့် အခုဆိုရင် ယုံကြည်မှုရှိရှိပြုံးနေတဲ့ ကောင်လေးကို တွေ့ရမှာပါနော်။ shwekhitonlinetv.com
၁၀။ အဆီတွေကို နှုတ်ဆက်လိုက်တဲ့နောက် ပြောင်းလဲသွားတဲ့ ရလဒ်

ညာဘက်က ပုံလေးကို ကြည့်လိုက်မယ်ဆိုရင်တော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့တောင် သတ်မှတ်ရမယ့် ခန္ဓာကိုယ်ပိုင်ရှင် ကောင်လေးကို တွေ့ကြမှာပါနော်။ လွန်ခဲ့တဲ့ ၄ နှစ်က သူ့ရဲ့ ပုံလေးကို ပြပါဆိုရင်တော့ ဘယ်ဘက်က ပုံလေးပဲ ဖြစ်ပါတယ်။ ဘယ်ဘက်က ပုံလေးထဲက အရမ်းကို ၀တဲ့ ကောင်လေးဘ၀ကနေ အခုလို လူတကာ ငေးရတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်အောင် ပြောင်းလဲနိုင်ခဲ့တာကတော့ အရမ်းကို အံ့မခန်းပါပဲနော်။ shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။