ရုပ်ရှင်သမိုင်းမှာတော့ Vampire တွေ Dracula တွေနဲ့ပတ်သက်တဲ့ သွေးစုပ်ဖုတ်ကောင်ရုပ်ရှင်ဇာတ်ကားတွေအများအပြားရိုက်ကူးထွက်ရှိခဲ့ဖူးပါတယ်။ အခုဖော်ပြပေးချင်တာကတော့ ဒီလိုသွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းတွေမှာ သွေးစုပ်ဖုတ်ကောင်တစ်ဦးနေရာကနေပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီး သရုပ်ဆောင်တွေအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ Ingrid Pitt – The Vampire Lovers (1970)
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2022/11/Top-12-Sexy-Vampires-In-Movies2.jpg?resize=678%2C368&ssl=1)
ဗြိတိန်သရုပ်ဆောင် Ingrid Pitt ကတော့ ၁၉၇၀ ခုနှစ်တုန်းကထွက်ရှိတဲ့ The Vampire Lovers ဆိုတဲ့ဇာတ်ကားမှာ Carmilla Karnstein ဆိုတဲ့ ဗန်ပိုင်းယားမလေးအဖြစ်သရုပ်ဆောင်ထားပြီး နုံအရိုးသားတဲ့ အမျိုးသမီးလေးတွေကို ဖြားယောင်းပြီးသွေးစုပ်တဲ့ လိင်တူချစ်သူဗန်ပိုင်းယားအဖြစ်သရုပ်ဆောင်ထားပါတယ်။ ထူးခြားတာကသူမဟာ တစ်ခြားဗန်ပိုင်းယားတွေလို လည်ပင်းကိုပဲကိုက်ပြီး သွေးစုပ်တာမဟုတ်ဘဲ ရင်အုံတွေကိုကိုက်ပြီးသွေးစုပ်တာဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Sharon Tate – The Fearless Vampire Killers (1967)
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2022/11/Top-12-Sexy-Vampires-In-Movies8p.jpg?resize=678%2C533&ssl=1)
The Fearless Vampire Killers ကတော့ ဟာသနဲ့ထိတ်လန့်သည်းဖိုရောစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့အောင်မြင်မှုမှာအဓိကကျခဲ့တာကတော့ Vampire မလေးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ အမေရိကန်သရုပ်ဆောင် Sharon Tate ပဲဖြစ်ပါတယ်။ ဒီကားကြောင့်သူမအနေနဲ့လည်း ပိုမိုနာမည်ကျော်ကြားလာခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဒီကားထွက်ရှိပြီး (၂) နှစ်အကြာမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့ရပါတယ်။ shwekhitonlinetv.com
၃။ Monica Bellucci – Bram Stoker’s Dracula (1992)
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2022/11/Monica-Bellucci.jpg?resize=678%2C367&ssl=1)
နာမည်ကျော်စာရေးဆရာ Bram Stoker ရဲ့ Dracula ဝတ္ထုကိုပြန်လည်ဆန်းသစ်ပုံဖော်ပြီး ရိုက်ကူးထားတဲ့ Bram Stoker’s Dracula ဇာတ်ကားမှာတော့ အီတလီနာမည်ကျော်မင်းသမီး Monica Bellucci က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ Nude ဆန်ဆန်ဇာတ်ကားတွေရိုက်ကူးလေ့ရှိပြီး ခန္ဓာကိုယ်အချိုးအစားကျလှပလွန်းတဲ့ Monica Bellucci ရဲ့ မိမွေးတိုင်း၊ ဖမွေးတိုင်း အလှတရားတွေကို ဒီကားမှာမြင်တွေ့ကြရမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Zoey Deutch – Vampire Academy (2014)
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2022/11/1452272162-3-red-hotk.jpg?resize=678%2C405&ssl=1)
အမေရိကန်ဆယ်ကျော်သက် သရုပ်ဆောင်မလေး Zoey Deutch ဟာ ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ Vampire Academy ဆိုတဲ့ဇာတ်ကားမှာလှပချောမောပြီး သွေးဆာနေတဲ့ သွေးစုပ်ဖုတ်ကောင်မလေး Rose Hathaway အဖြစ်သရုပ်ဆောင်ထားပါတယ်။ သူမအနေနဲ့ ဒီဇာတ်ကားရိုက်ကူးနေချိန်မှာ အသက် (၁၈) နှစ်သာရှိသေးပေမယ့် လှပချောမောသလို ပီပီပြင်ပြင်လည်း သရုပ်ဆောင်နိုင်ခဲ့တာကြောင့် သရုပ်ဆောင်လောကမှာ ပိုမိုထင်ရှားလာခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Gemma Arterto – Byzantium (2012)
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2022/11/8fed02ecf0f61fae685c1cc5a68dd57b.jpg?resize=678%2C424&ssl=1)
၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Byzantium ဆိုတဲ့ဇာတ်ကားမှာတော့ ယူကေမင်းသမီး Femma Arteto ကအဓိကဇာတ်ဆောင်တစ်ယောက်အဖြစ်ပါဝင်ထားပါတယ်။ ဒီဇာတ်ကားမှာ သူမအနေနဲ့ သူမနဲ့ သူမရဲ့သမီးကို အခြားသွေးစုပ်ဖုတ်ကောင်တွေရဲ့ရန်ကနေကာကွယ်ဖို့ ကြိုးစားနေတဲ့ သွေးစုပ်ဖုတ်ကောင်မ Clara နေရာကနေသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။