The Starr Bumble Bee II ဆိုတာကတော့ ကမ္ဘာ့အသေးဆုံးလေယာဉ် အဖြစ်ဂင်းနစ်မှတ်တမ်းဝင်ထားတဲ့ အမှန်တစ်ကယ်ပျံသန်းနိုင်တဲ့လေယာဉ်ပျံလေးဖြစ်ပါတယ်။ shwekhitonlinetv.com
ဒီလေယာဉ်လေးကိုတော့ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ဖီးနစ်မှာနေထိုင်တဲ့ Robert H. Starr ဆိုသူက ဒီဇိုင်းဆွဲပြီးဖန်တီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ Bumble Bee I ဆိုတဲ့လေယာဉ်လေးကိုလဲ တည်ဆောက်ပြီး ဂင်းနစ်စံချိန်တင်ဖူးပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် Donald Stits ဆိုသူက Baby Bird လို့အမည်ပေးထားတဲ့ လေယာဉ်လေးကိုဒီဇိုင်းထွင်ပြီး Robert ရဲ့ စံချိန်ကိုချိုးလိုက်လို့ Robert ကလည်း Bumble Bee I ထက်ပိုမိုသေးငယ်တဲ့ Bumble Bee II ဆိုတဲ့လေယာဉ်လေးကို ဖန်တီးပြီး သူ့ရဲ့စံချိန်ကို ပြန်လည်ရယူဖို့ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
ဒီလေယာဉ်လေးကို မြင်းကောင်ရေ (၈၅) ကောင်အားအင်ဂျင်တပ်ဆင်ပေးထားပြီး ကိုယ်ထည်တွေကိုတော့ စတီးတွေနဲ့ သုံးထပ်သားတွေကိုရောစပ်ပြီးဖုံးအုပ်တည်ဆောက်ထားတာဖြစ်ပါတယ်။ လေယာဉ်ချည်းသက်သက်အလေးချိန်က (၁၈၀) ကီလိုဂရမ်ရှိပြီး အများဆုံးအလေးချိန်နဲ့ ပျံသန်းနိုင်တာက (၂၆၀) ကီလိုဂရမ်ဖြစ်လို့ လေယာဉ်မှုးတစ်ဦးသာ စီးနင်းနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

အရွယ်အစားအားဖြင့်တော့ Bumble Bee II လေးဟာ အမြင့် (၄) ပေ၊ ရှေ့နောက်အရှည်က (၈) ပေ (၁၀) လက်မရှိပါတယ်။ တောင်ပံတစ်ဘက်စွန်းကနေ အခြားတစ်ဘက်စွန်းအထိအရှည်ကတော့ (၅) ပေ (၆) လက်မရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com
လောင်စာဆီကိုအများဆုံး (၃) ဂါလံအထိဖြည့်တင်းထားနိုင်တဲ့ Bumble Bee II လေးဟာ အမြင့်ဆုံးအရှိန်အဖြစ် တစ်နာရီကို (၁၉၀) မိုင်နှုန်းနဲ့ပျံသန်းနိုင်ပါတယ်။ အမြင့်ဆုံးပျံသန်းနိုင်တာကတော့ ပေ (၁၄၀၀၀) ဖြစ်ပြီး တစ်မိနစ်ကို ပေ (၄၅၀၀) အထိတက်ရောက်နိုင်စွမ်းရှိပါတယ်။ shwekhitonlinetv.com

Robert ရဲ့ Bumble Bee II လေးဟာ လေယာဉ်မှုးလိုက်ပါမောင်းနှင်နိုင်တဲ့ အသေးဆုံးလေယာဉ်ပျံအဖြစ် ၁၉၈၈ မေလ (၅) ရက်နေ့မှာ ဂင်းနစ်စံချိန်သစ်ပြန်တင်နိုင်ခဲ့ပါတယ်။ ဂင်းနစ်စံချိန်တင်အပြီး (၃) ကြိမ်မြောက်အဖြစ်ပျံသန်းမှုမှာတော့ ပေ (၄၀၀) အမြင့်ကနေ Bumblee Bee II လေးဟာပျက်ကျခဲ့ပြီး လေယာဉ်မှုး Robert Starr အနေနဲ့လည်း ပြင်းထန်စွာဒဏ်ရာရှိခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။