နည်းပညာတွေအရှိန်အဟုန်နဲ့ တိုးတက်ဖွံ့ဖြိုးနေတဲ့ ဒီနေ့ခေတ်အချိန်အခါမှာတော့ အာကာသထဲကိုခရီးသွားဖို့ဆိုတာ အထူးတလည်စာဖွဲ့ပြောစရာကိစ္စရပ်တစ်ခုမဟုတ်တော့ပါဘူး။ ကမ္ဘာ့နိုင်ငံအတော်များများက အာကာသယာဉ်မှုးတွေအနေနဲ့လည်း အာကာသထဲကို သွားရောက်ခဲ့ပြီး လေ့လာစူးစမ်းမှုတွေပြုလုပ်ခဲ့ဖူးပြီးပြီဖြစ်ပါတယ်။ ဒါဆိုရင်နည်းပညာတွေ အခုလိုမဖွံ့ဖြိုးမတိုးတက်သေးတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ကျော်တုန်းကရောဘယ်နိုင်ငံတွေက အာကာသခရီးကို အစောဆုံးသွားခဲ့ကြတာလဲ ? ဒီမေးခွန်းရဲ့အဖြေကိုသိချင်ရင်တော့ အကြောင်းအရာလေးကို ပြီးဆုံးအောင်ဆက်လက်ဖတ်ရှုလိုက်ရုံပါပဲ ….. shwekhitonlinetv.com
၁၀။ မွန်ဂိုလီးယား

၁၉၈၁ ခုနှစ် မတ်လ (၂၂) ရက်နေ့မှာတော့ မွန်ဂိုလီးယားနိုင်ငံသား Jügderdemidiin Gürragchaa ဟာ Soyuz 39 ယာဉ်နဲ့အာကသထဲကိုသွားရောက်ခဲ့ပါတယ်။ ဒါဟာအာကာသထဲကို ရောက်ရှိခဲ့တဲ့ (၁၀) ခုမြောက် နိုင်ငံအဖြစ် မွန်ဂိုလီးယားနိုင်ငံကို မှတ်တမ်းဝင်စေခဲ့ပါတယ်။ shwekhitonlinetv.com
၉။ ကျူးဘား

အာကာသထဲကို (၉) နိုင်ငံမြောက်အဖြစ်ရောက်ရှိခဲ့တာကတော့ ကျူးဘားနိုင်ငံပဲဖြစ်ပါတယ်။ ကျူးဘားနိုင်ငံသား အာကာသယာဉ်မှုး Arnaldo Tamayo Mendez ဟာ ၁၉၈၀ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့မှာ Soyuz 38 ယာဉ်နဲ့ အာကာသထဲကိုလိုက်ပါသွားခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ ဗီယက်နမ်

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတော့ ဗီယက်နမ်နိုင်ငံက အာကာသထဲကိုအစောဆုံးရောက်ရှိခဲ့တာဖြစ်ပြီး ဒီစာရင်းမှာတော့ (၈) နိုင်ငံမြောက်အဖြစ်မှတ်တမ်းဝင်ထားပါတယ်။ ဗီယက်နမ်နိုင်ငံသား Pham Tuan ဟာ Soyuz 37 အာကာသယာဉ်နဲ့ ၁၉၈၀ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာအာကသထဲကိုသွားရောက်ခဲ့တာပါ။ shwekhitonlinetv.com
၇။ ဟန်ဂေရီ

ဗီယက်နမ်နိုင်ငံသား Pham Tuan ထက် အချိန် (၁) လလောက်စောပြီးအာကာသထဲကိုသွားရောက်ခဲ့တာကတော့ ဟန်ဂေရီနိုင်ငံသား Bertalan Farkas ပဲဖြစ်ပါတယ်။ သူက ၁၉၈၀ ခုနှစ် မေလ (၂၆) ရက်နေ့မှာ Soyuz 36 ယာဉ်နဲ့အတူအာကသထဲကိုလိုက်ပါခဲ့တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ ဘူလ်ဂေးရီးယား

ဘူဂေးလ်ရီးယားနိုင်ငံသားဖြစ်တဲ့ Georgi Ivanov ကတော့ Soyuz 33 ယာဉ်နဲ့ ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက်နေ့မှာ အာကာသထဲကိုရောက်ရှိသွားတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ အရှေ့ဂျာမနီ

ဂျာမနီနိုင်ငံအနေနဲ့ အရှေ့အနောက် နှစ်ခြမ်းကွဲနေတဲ့အချိန်မှာ အရှေ့ဂျာမနီနိုင်ငံသားတစ်ဦးဖြစ်တဲ့ Sigmund Jahn က အာကာသထဲကိုသွားရောက်နိုင်ခဲ့တာကြောင့် အနောက်ဂျာမနီနိုင်ငံသားတွေထက် အာကာသခရီးမှာ ခြေတစ်လှမ်းသာခဲ့တယ်လို့ဆိုနိုင်ပါတယ်။ သူ့အနေနဲ့ Soyuz 31 ယာဉ်နဲ့အတူ ၁၉၇၈ သြဂုတ်လ (၂၆) ရက်နေ့မှာ အာကာသထဲထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ ပိုလန်

Miroslaw Hermaszewski ဆိုတဲ့ပိုလန်နိုင်ငံသားကတော့ ၁၉၇၈ ခုနှစ် ဇွန်လ (၂၇) ရက်နေ့မှာ အာကာသထဲကိုရောက်ရှိခဲ့သူဖြစ်ပါတယ်။ သူကလည်း ဆိုဗီယက်ယူနီယံကတည်ဆောက်ထားတဲ့ Soyuz 30 ယာဉ်နဲ့ အာကာသခရီးထွက်ခဲ့တဲ့သူပါ။ shwekhitonlinetv.com
၃။ ချက်ကိုဆလိုဗက်ကီးယား

တစ်ချိန်က ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ချက်ကိုဆလိုဗက်ကီးယားနိုင်ငံကတော့ အာကာသထဲကိုရောက်ရှိခဲ့တဲ့ (၃) ခုမြောက်နိုင်ငံအဖြစ် သမိုင်းမှတ်တမ်းမှာဖော်ပြထားပါတယ်။ ၁၉၇၈ ခုနှစ် မတ်လ (၂) ရက်နေ့မှာ ချက်ကိုဆလိုဗက်ကီးယားနိုင်ငံသား Vladimir Remek ဟာ Soyuz 28 ယာဉ်နဲ့အာကာသထဲရောက်ရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ အမေရိကန်ပြည်ထောင်စု

စစ်အေးကာလတွေမှာတော့ အမေရိကန်နိုင်ငံဟာ ဆိုဗီယက်နိုင်ငံနဲ့ အဘက်ဘက်မှာယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နို်င်ငံလို့ဆိုနိုင်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုအနေနဲ့ အာကသထဲကို ပထမဆုံးရောက်ရှိတယ်ဆိုတာနဲ့ မရှေးမနှောင်းမှာပဲ အမေရိကန်နိုင်ငံကလည်း သူ့နိုင်ငံသားဖြစ်တဲ့ Alan Shepard ကို အာကာသထဲစေလွှတ်ခဲ့ပါတယ်။ သူအနေနဲ့ ၁၉၆၁ ခုနှစ် မေလ (၅) ရက်နေ့မှာ အမေရိကန်နိုင်ငံကတည်ဆောက်ထားခဲ့ MR-3 (Mercury-Redstone 3) အာကာသယာဉ်နဲ့အတူ အာကာသထဲကို သွားရောက်ခဲ့တာပါ။ shwekhitonlinetv.com
၁။ ဆိုဗီယက်ယူနီယံ

အမေရိကန်နဲ့အားပြိုင်မှုမှာ နှာတစ်ဖျားအသာရသွားတဲ့အပြင် သမိုင်းမှတ်တမ်းမှာပါ ပထမဆုံးအနေနဲ့ အာကာသထဲရောက်ရှိတဲ့နိုင်ငံအဖြစ်မှတ်တမ်းရေးထိုးနိုင်ခဲ့တာကတော့ တစ်ချိန်ကကမ္ဘာကြီးကိုလွှမ်းမိုးနိုင်ခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုပဲဖြစ်ပါတယ်။ နည်းပညာပိုင်းခေတ်ရှေ့ပြေးတဲ့ ဆိုဗီယက်တွေဟာ အမေရိကန်ကလွဲရင် ဒီစာရင်းမှာပါတဲ့ နိုင်ငံသားအားလုံးကို သူတို့တည်ဆောက်ထားတဲ့ Soyuz Series အာကာသယာဉ်တွေနဲ့ အာကာသထဲကို သွားရောက်စေခဲ့တာလည်းဖြစ်ပါတယ်။ သူတို့နိုင်ငံသားဖြစ်တဲ့ အာကာသယာဉ်မှုး Yuri Gagarin ကတော့ Vostok 1 လို့အမည်ပေးထားတဲ့ အာကာသယာဉ်နဲ့ ၁၉၆၁ ခုနှစ် ဧပြီလ (၁၂) ရက်နေ့မှာ အာကသထဲကို ပထမဆုံးသွားရောက်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။