ရွှေခေတ်ပရိသတ်တွေထဲမှာစတော်ဘယ်ရီသီးကို အထူးကြိုက်နှစ်သက်တဲ့သူတွေရှိမလားမသိဘူးနော်။ တစ်ကယ်လို့စတော်ဘယ်ရီသီးကိုကြိုက်နှစ်သက်တဲ့သူတွေရှိခဲ့မယ်ဆိုရင် အခုဖော်ပြပေးမယ့်နိုင်ငံတွေကိုအလည်အပတ်သွားရောက်စေခချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံတွေမှာက စတော်ဘယ်ရီသီးတွေကိုအများအပြားစိုက်ပျိုးထုတ်လုပ်နေပြီး တစ်ကမ္ဘာလုံးကိုလည်း အမြောက်အမြားတင်ပို့နေတဲ့နိုင်ငံတွေဖြစ်လို့ပါပဲ။ shwekhitonlinetv.com
၁၀။ မော်ရိုကို – (၁၆၇,၈၂၇) မက်ထရစ်တန်

အာဖရိကတိုက်က မော်ရိုကိုနိုင်ငံကတော့ တစ်ကမ္ဘာလုံးကို စတော်ဘယ်ရီသီးအများဆုံးတင်ပို့နေတဲ့ နိုင်ငံစာရင်းမှာ အဆင့် (၁၀) နေရာမှာရှိပါတယ်။ မော်ရိုကိုနိုင်ငံအနေနဲ့ ကမ္ဘာတစ်ဝန်းကို စတော်ဘယ်ရီသီး (၁၆၇,၈၂၇) မက်ထရစ်တန်နှစ်စဉ်တင်ပို့လျှက်ရှိပါတယ်။ shwekhitonlinetv.com
၉။ ပိုလန် – (၁၈၅,၄၀၀) မက်ထရစ်တန်

ဥရောပတိုက်ကပိုလန်နိုင်ငံကလည်း အရည်အသွေးကောင်းလွန်းတဲ့ စတော်ဘယ်ရီသီးတွေကို ကမ္ဘာတစ်လွှားဖြန့်ဖြူးလျှက်ရှိတဲ့နိုင်ငံပါ။ သူတို့အနေနဲ့နဲ့ နှစ်စဉ် စတော်ဘယ်ရီသီး မက်ထရစ်တန် (၁၈၅,၄၀၀) လောက်ကို ကမ္ဘာအနှံ့ဖြန့်ဖြူးနေပါတယ်။ shwekhitonlinetv.com
၈။ တောင်ကိုရီးယား – (၁၉၂,၉၇၁) မက်ထရစ်တန်

အေးမြတဲ့ရာသီဥတုကိုပိုင်ဆိုင်ထားတဲ့ အာရှတိုက်က တောင်ကိုရီးယားနိုင်ငံကတော့ ဒီစာရင်းရဲ့အဆင့် (၈) နေရာမှာရှိပါတယ်။ သူတို့အနေနဲ့ နှစ်စဉ်စိုက်ပျိုးပြီး တင်ပို့နေတဲ့စတော်ဘယ်ရီသီးပမာဏက မက်ထရစ်တန်ပေါင်း (၁၉၂,၉၇၁) တန်ရှိပါတယ်။ shwekhitonlinetv.com
၇။ ရုရှား – (၂၀၈,၈၀၀) မက်ထရစ်တန်

ကမ္ဘာပေါ်မှာပထဝီအနေအထားအရ အကျယ်ပြန့်ဆုံးလို့ဆိုရမယ့်ရုရှားနိုင်ငံကတော့ ဒီစာရင်းရဲ့အဆင့် (၇) နေရာမှာပါဝင်လို့နေပါတယ်။ ရုရှားနိုင်ငံရဲ့ နှစ်စဉ်စတော်ဘယ်ရီသီးစိုက်ပျိုးတင်ပို့မှုနှုန်းကတော့ မက်ထရစ်တန် (၂၀၈,၈၀၀) ဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ စပိန် – (၃၅၁,၉၆၀) မက်ထရစ်တန်

စပိန်နိုင်ငံကတော့ အရည်အသွေးကောင်းတဲ့ စပျစ်သီးတွေနဲ့ စတော်ဘယ်ရီသီးတွေထွက်ရှိတဲ့ ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ စပိန်နိုင်ငံအနေနဲ့ အရည်အသွေးကောင်းတဲ့တန်ဖိုးမြင့်စတော်ဘယ်ရီသီး မက်ထရစ်တန် (၃၅၁,၉၆၀) လောက်ကို နှစ်စဉ်ကမ္ဘာနဲ့တစ်ဝန်းတင်ပို့လျှက်ရှိပါတယ်။ shwekhitonlinetv.com
၅။ အီဂျစ် – (၄၆၀,၂၄၅) မက်ထရစ်တန်

သဲကန္တာရပေါ်မှာတည်ရှိပေမယ့် အီဂျစ်နိုင်ငံဟာစိုက်ပျိုးရေးကောင်းမွန်စွာဖြစ်ထွန်းတဲ့နိုင်ငံတစ်နိုင်ငံပါ။ စတော်ဘယ်ရီသီးထုတ်လုပ်တင်ပို့မှုမှာတော့ အီဂျစ်နိုင်ငံဟာ အဆင့် (၅) နေရာမှာရှိနေပြီး တစ်ကမ္ဘာလုံကို နှစ်စဉ်မက်ထရစ်တန် (၄၆၀,၂၄၅) တန် တင်ပို့နေတာပါ။ shwekhitonlinetv.com
၄။ တူရကီ – (၄၈၆,၇၀၅) မက်ထရစ်တန်

တူရကီနိုင်ငံကတော့ စတော်ဘယ်ရီသီးကို ခေတ်မီဆန်းပြားတဲ့စိုက်ပျိုးမနည်းစနစ်တွေနဲ့ စိုက်ပျိုးထုတ်လုပ်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ သူတို့အနေနဲ့ တစ်ကမ္ဘာလုံးကိုစတော်ဘယ်ရီသီး အမြောက်အမြားတင်ပို့လျှက်ရှိပြီးတော့ လက်ရှိအချိန်မှာတစ်နှစ်ကို (၄၈၆,၇၀၅) မက်ထရစ်တန်တင်ပို့ပြီး ဒီစာရင်းရဲ့ အဆင့် (၄) နေရာကိုယူထားပါတယ်။ shwekhitonlinetv.com
၃။ မက္ကဆီကို – (၈၆၁,၃၃၇) မက်ထရစ်တန်

မြောက်အမေရိကတိုက်က မက္ကဆီကိုနိုင်ငံကတော့ အဆင့် (၄) နေရာမှာရှိတဲ့ တူရကီနိုင်ငံရဲ့ စတော်ဘယ်ရီသီးတင်ပို့မှုထက် နှစ်ဆနီးပါးလောက်ထုတ်လုပ်တင်ပို့နိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံအနေနဲ့ တစ်နှစ်ကို စတော်ဘယ်ရီသီး မက်ထရစ်တန် (၈၆၁,၃၃၇) လောက် ကမ္ဘာ့နိုင်ငံတွေကို တင်ပို့နေတာဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ အမေရိကန် – (၁,၀၂၁,၄၉၀) မက်ထရစ်တန်

မြောက်အမေရိကတိုက်ကပဲ နောက်ထပ်အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံကလည်း အမျိုးအစားစုံလင်လှတဲ့ စတော်ဘယ်ရီသီးတွေကိုကမ္ဘာတစ်လွှားဖြန့်ဖြူးတင်ပို့နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ စတော်ဘယ်ရီသီးတင်ပို့မှုနှုန်းကတော့ တစ်နှစ်ကို (၁,၀၂၁,၄၉၀) မက်ထရစ်တန်ဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ တရုတ် – (၃,၂၂၁,၅၅၇) မက်ထရစ်တန်

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သလို ကဏ္ဍပေါင်းစုံးမှာလည်းထိပ်သီးနိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နေတဲ့ အင်အားကြီးတရုတ်နိုင်ငံကတော့ ဒီစာရင်းရဲ့ထိပ်ဆုံးမှာရှိနေပါတယ်။ တရုတ်နိုင်ငံအနေနဲ့ နှစ်စဉ်စတော်ဘယ်ရီသီး မက်ထရစ်တန် (၃,၂၂၁,၅၅၇) လောက်ကို တစ်ကမ္ဘာလုံးကိုတင်ပို့နေတာဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။