ယောကျ်ားတယောက်ရဲ့ ဆံပင်စတိုင်လ်ဟာလည်း သူ့ရဲ့ ရုပ်ရည်သွင်ပြင်တခုလုံးကို ပြောင်းလဲပြစ်နိုင်တဲ့အထိ အရေးပါလှပါတယ်။ ယနေ့ခေတ်မှာတော့ ဆံပင်တိုခြင်း ရှည်ခြင်း စတဲ့ သတ်မှတ်ချက်တွေအပြင် ဆံပင်မပါတဲ့ ဂတုံးမင်းသားတွေဟာလည်း ညှို့အားပြင်းတဲ့ အမျိုးသားတွေအဖြစ် အားလုံးက လက်ခံလာကြပြီ ဖြစ်ပါတယ်။ ကျွမ်းကျင်သူများရဲ့ လေ့လာဆန်းစစ်ချက်များအရ ၂၀၂၂ ခုနှစ်ရဲ့ ဆွဲဆောင်မှုအရှိဆုံး ဂတုံးမင်းသားတွေကို နံပါတ်စဥ်အလိုက် ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁၀။ Mike Tyson

လက်ဝှေ့အကျော်အမော် Mike Tyson ကိုတော့ ယောကျ်ားလေးပရိတ်သတ်တွေအနေနဲ့ ရင်းနှီးကြမယ် ထင်ပါတယ်။ ၂.၅/၁၀ မှတ်ရရှိပြီး နံပါတ်စဥ် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။ shwekhitonlinetv.com
၉။ Dwayne “The Rock” Johnson

နပန်းသမားဘဝကနေပြီး ရုပ်ရှင်မင်းသားအဖြစ် အောင်မြင်ကျော်ကြားလာခဲ့တဲ့ မင်းသားကြီး The Rock ကတော့ နံပါတ် ၉ နေရာမှာ တည်ရှိပါတယ်။ ၃.၆၂/၁၀ မှတ် ရရှိထားသူဖြစ်ပြီး သူ့ရဲ့ ၆ ပေ ၄ လက်မရှိတဲ့ အရပ်အမြင့်ကလည်း ဆွဲဆောင်မှုရှိစေတဲ့ အရာတွေထဲက တခုဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ Joe Rogan

အစီအစဥ် တင်ဆက်သူအဖြစ်သာမက ဟာသသရုပ်ဆောင်အဖြစ်လည်း နာမည်ကြီးသူ Joe Rogan ပဲ ဖြစ်ပါတယ်။ ၄.၃၇/၁၀ မှတ်ရရှိပြီး အမှတ်ပေးဇယားရဲ့ နံပါတ် ၈ နေရာကို ပိုင်ဆိုင်ထားသူပါ။ shwekhitonlinetv.com
၇။ Bruce Willis

မင်းသားကြီး Bruce Willis ကတော့ အခုချိန်မှာ အနုပညာလောက ကနေပြီး အနားယူသွားပြီ ဖြစ်ပါတယ်။ လူကအနားယူသွားခဲ့ပေမယ့် အောင်မြင်ကျော်ကြားမှုတွေကတော့ ယနေ့ထိတိုင် ရပ်တန့်သွားခြင်း မရှိခဲ့ပါဘူး။ မင်းသားကြီးကတော့ ၄.၇၅/၁၀ မှတ်ရရှိပြီး နံပါတ် ၇ နေရာမှာ ရပ်တည်နေပါတယ်။ shwekhitonlinetv.com
၆။ Jason Statham

ကြမ်းကြမ်းတမ်းတမ်း အက်ရှင်ဇာတ်ကားကောင်းများမှာ သရုပ်ဆောင်လေ့ရှိသူ မင်းသား Jason Statham ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ ညှို့အားပြင်း ဆွဲဆောင်နိုင်တဲ့ မင်းသားတလက်အဖြစ် ပရိတ်သတ်တွေရဲ့ အားပေးခြင်းကို ရရှိနေသူပါ။ ၅.၉၆/၁၀ မှတ် ရရှိထားပြီး နံပါတ် ၆ နေရာမှာ တည်ရှိပါတယ်။ shwekhitonlinetv.com
၅။ Prince William

တော်ဝင်မင်းသား William ကတော့ ထိပ်ဆုံး ၅ ယောက်ထဲမှာ ပါဝင်လာခဲ့ပြီး ၆.၃/၁၀ မှတ် ရရှိထားပါတယ်။ မင်းသမီး ဒိုင်ယာနာရဲ့ အကြီးဆုံးသားတော် ဖြစ်တာနဲ့အညီ ဆွဲဆောင်မှုအားကောင်းတဲ့ နေရာမှာလည်း ထိပ်ဆုံးမှာ ရပ်တည်နေသူပါ။ shwekhitonlinetv.com
၄။ Pitbull

ဆံပင်မပါတာတောင် ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတွေကို ရေတွက်မယ်ဆိုရင်တော့ အဆိုတော် Pitbull ကိုလည်း ချန်ထားခဲ့လို့ မရပါဘူးနော်။ ၆.၁၆/၁၀ မှတ် အထိရရှိပြီး နံပါတ် ၄ နေရာမှာ ရပ်တည်နေပါတယ်။ shwekhitonlinetv.com
၃။ Shemar Moore

လက်ရှိမှာ အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ မင်းသား Shemar Moore ကတော့ Top 3 မှာ ပါဝင်လာခဲ့ပါတယ်။ တွစ်တာ လူမှုကွန်ရက်မှာ ရေပန်းစားတဲ့ မင်းသားတဦးဖြစ်ပြီး ၆.၂၅/၁၀ မှတ် ရရှိထားပါတယ်။ shwekhitonlinetv.com
၂။ Stanley Tucci

မင်းသားကြီး Stanley Tucci ကိုတော့ ပရိတ်သတ်တွေ တော်တော်များများ သိပြီးဖြစ်ကြမှာပါ။ ၆.၃၃/၁၀ မှတ်နဲ့ နံပါတ် ၂ နေရာကို ရရှိထားပါတယ်။ shwekhitonlinetv.com
၁။ Vin Diesel

ဆွဲဆောင်မှုအရှိဆုံး ဂတုံးမင်းသားအဖြစ် နံပါတ် တစ် နေရာကို ရရှိထားသူကတော့ Vin Diesel ပဲ ဖြစ်ပါတယ်။ အမျိုးသမီး ပရိတ်သတ်သာမက အမျိုးသား ပရိတ်သတ်များကိုလည်း ပိုင်ဆိုင်ထားတဲ့ Vin Diesel ရဲ့ ရမှတ်ကတော့ ၆.၄၆/၁၀ မှတ်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။