“ဥတုရာသီ တောကိုမှီ” ဆိုတဲ့အတိုင်းပဲ နိုင်ငံတစ်နိုင်ငံရဲ့ရာသီဥတုဖြစ်တည်မှုမှာသစ်တောတွေက အဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဆိုးရွားတဲ့ရာသီဥတုဖောက်ပြန်မှုတွေဟာ သစ်တောပြုန်းတီးမှုနဲ့တိုက်ရိုက်စပ်ဆက်နေတယ်ဆိုလည်းမမှားပါဘူး။ shwekhitonlinetv.com
တိုးပွားလာတဲ့ကမ္ဘာ့လူဦးရေကြောင့် သစ်တောလိုသဘာဝအရင်းအမြစ်တွေကိုထုတ်ယူသုံးစွဲမှုများလာတာကြောင့် နောက်ဆက်တွဲသဘာဝကပ်ဘေးတွေနဲ့ရင်ဆိုင်နေရတဲ့နိုင်ငံတွေ၊ ဖြစ်ရပ်တွေကလည်းအများအပြားရှိလို့နေပါတယ်။ ဒါကြောင့်နောက်ပိုင်းမှာတော့နိုင်ငံအများစုဟာ သစ်တောတွေရဲ့တန်ဖိုးကိုသိမြင်လာကြပြီး အလေးပေးကာကွယ်ထိန်းသိမ်းမှုတွေပြုလုပ်လာနေကြပါတယ်။ အခုဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်မှာသစ်တောဧရိယာအများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံ (၁၀) နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ ပီရူး

ဒီစာရင်းရဲ့ နံပါတ် (၁၀) နေရာမှာရှိနေတာကတော့ တောင်အမေရိကတိုက်က ပီရူးနိုင်ငံဖြစ်ပါတယ်။ ပီရူးနိုင်ငံအနေနဲ့ နိုင်ငံတစ်ဝှမ်းမှာသစ်တောဧရိယာ ဟတ်တာစုစုပေါင်း (၇၂) သန်းလောက်ကို မပြုန်းတီးအောင်ထိန်းသိမ်းထားလျက်ရှိပါတယ်။ shwekhitonlinetv.com
၉။ အိန္ဒိယ

အာရှတိုက်ကအိန္ဒိယနိုင်ငံကတော့ ပထဝီအနေအထားအရ ဧရိယာအတော်လေးကိုကျယ်ဝန်းပေမယ့် ဒီစာရင်းမှာအဆင့် (၉) နေရာမှာသာရပ်တည်နိုင်ပါတယ်။ အိန္ဒိယနိုင်ငံဟာလည်း ပီရူးနိုင်ငံလိုပဲ နိုင်ငံတစ်ဝှမ်းမှာ သစ်တောဧရိယာ ဟတ်တာပေါင်း (၇၂) သန်းရှိပါတယ်။ shwekhitonlinetv.com
၈။ အင်ဒိုနီးရှား

လူဦးရေထူထပ်တဲ့ကျွန်းကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အရှေ့တောင်အာရှဒေသတွင်းက အင်ဒိုနီးရှားနိုင်ငံကတော့ သိပ်မဖွံ့ဖြိုးသေးတဲ့ကျေးလက်ဒေသအများအပြားရှိနေတာကြောင့် သစ်တောတွေကိုကောင်းမွန်စွာထိန်းသိမ်းထားနိုင်တယ်လို့ဆိုရမှာပါ။ သူတို့အနေနဲ့ သစ်တောဧရိယာ ဟတ်တာပေါင်း (၉၂) သန်းလောက်ပိုင်ဆိုင်ထားပါတယ်။ shwekhitonlinetv.com
၇။ DR ကွန်ဂို

အာဖရိကတိုက်ကနိုင်ငံတွေထဲမှာတော့ ကွန်ဂိုနိုင်ငံကထူးခြားစွာနဲ့ဒီစာရင်းမှာပါဝင်နေပါတယ်။ အာဖရိကတိုက်က နိုင်ငံအတော်များများကတော့ သဲကန္တာရတွေ၊ မိုးခေါင်မှုတွေကြောင့်ပူပြင်းတဲ့ရာသီဥတုဒဏ်ကိုခံနေကြပေမယ့် သစ်တောဧရိယာ ဟတ်တာပေါင်း (၁၂၆) သန်းလောက်ပိုင်ဆိုင်ထားတဲ့ DR ကွန်ဂိုနိုင်ငံကတော့ မျှတတဲ့ရာသီဥတုကိုရေရှိလို့နေပါတယ်။ shwekhitonlinetv.com
၆။ သြစတြေးလျ

သြစတြေးလျတိုက်က သြစတြေးလျနိုင်ငံကတော့ သစ်တောပြုန်းတီးမှုကာကွယ်ရေးကိုအထူးအလေးပေးလုပ်ဆောင်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ သူတို့အနေနဲ့ လက်ရှိအချိန်မှာ သစ်တောဧရိယာ ဟတ်တာသန်းပေါင်း (၁၃၄) သန်းလောက်အထိပြန်လည်ထိန်းသိမ်းထားနိုင်နေပြီဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ တရုတ်

အာရှတိုက်က တရုတ်နိုင်ငံကလည်းနိုင်ငံရဲ့ အကျယ်အဝန်းနဲ့ယှဉ်ရင်သစ်တောဧရိယာကအတော်လေးကိုနည်းပါးတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ သစ်တောဧရိယာ ဟတ်တာပေါင်း သန်း (၂၂၀) လောက်ထိ ရှိနေပါသေးတယ်။ shwekhitonlinetv.com
၄။ အမေရိကန်ပြည်ထောင်စု

ကမ္ဘာပေါ်မှာအဖွံ့ဖြိုးအတိုးတက်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကလည်း အနာဂတ်ကာလမှာကျရောက်နိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေကနေကာကွယ်နိုင်ဖို့အတွက် သစ်တောတွေကိုအထူးအလေးထားထိန်းသိမ်းနေတဲ့နိုင်ငံဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ စုစုပေါင်း သစ်တောဧရိယာ ဟတ်တာသန်းပေါင်း (၃၁၀) လောက်ကိုကောင်းမွန်စွာထိန်းသိမ်းထားပါတယ်။ shwekhitonlinetv.com
၃။ ကနေဒါ

အေးချမ်းတဲ့နိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့ မြောက်အမေရိကတိုက်က ကနေဒါနိုင်ငံကတော့ သစ်တောဧရိယာပေါင်း ဟတ်တာသန်း (၃၄၇) သန်းလောက်ရှိတဲ့နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့ဧရိယာကျယ်ဝန်းပေမယ့် လူဦးရေထူထပ်သိပ်သည်းခြင်းမရှိတာက သစ်တောတွေကောင်းအလွန်အမင်းမပြုန်းတီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ ဘရာဇီးလ်

နာမည်ကျော်အမေဇုန်မိုးသစ်တောလိုမျိုး သစ်တောကြီးတွေကိုပိုင်ဆိုင်ထားတဲ့ တောင်အမေရိကတိုက်က ဘရာဇီးလ်နိုင်ငံကတော့ ဒီစာရင်းရဲ့အဆင့် (၂) နေရာမှာရပ်တည်နေပါတယ်။ ကမ္ဘာပေါ်မှာဘယ်သူမှမမြင်မတွေ့ဖူးလောက်သေးတဲ့ ဇီဝမျိုးစိတ်တွေတည်ရှိနေခြင်းနဲ့ အန္တရာယ်များပြားလွန်းတာက အမေဇုန်သစ်တောကြီးကို ပြုန်းတီးမယ့်အရေးကနေကာကွယ်ထားသလိုဖြစ်နေစေပါတယ်။ ဘရာဇီးလ်နိုင်ငံတစ်ခုလုံးမှာ ရှိနေတဲ့သစ်တောဧရိယာစုစုပေါင်းကတော့ ဟတ်တာသန်းပေါင်း (၄၉၇) သန်းဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ ရုရှား

ကမ္ဘာပေါ်မှာဧရိယာအားဖြင့်အကျယ်ဝန်းဆုံးဖြစ်တဲ့ ရုရှားနိုင်ငံကတော့လက်ရှိအချိန်မှာသစ်တောဧရိယာ ဟတ်တာသန်းပေါင်း (၈၁၅) သန်းပိုင်ဆိုင်ထားတာကြောင့် ဒီစာရင်းရဲ့ထိပ်ဆုံးနေရာမှာရှိနေတာဖြစ်ပါတယ်။ သစ်တောပြုန်းတီးမှုတွေရှိနေပေမယ့် သဘာဝအလျောက်ပြန်လည်ပွားများတဲ့နှုန်းက ပိုများနေတာကြောင့်လည်း သစ်တောပြုန်းတီးမှုကသိသာမှုမရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။