ဂင်းနစ်စံချိန်သတ်မှတ်ခြင်း ဖြစ်စဥ်ကိုတော့ ၁၉၅၅ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အစဦးမှာတော့ ကမ္ဘာ့စံချိန်စံညွှန်းများကို သတ်မှတ်တဲ့ စာအုပ်တခုအဖြစ်သာ ရှိခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာတော့ ကမ္ဘာ့စံနှုန်းသတ်မှတ်မှုဟာ ပေါ်ပြူလာဖြစ်လာခဲ့ပြီး တီဗွီအစီအစဥ်များအဖြစ် တင်ဆက်ပြသလာခဲ့ပါတယ်။ ထို့နောက်မှာတော့ ကမ္ဘာနဲ့ချီပြီး နာမည်ကြီးလိုသူများဟာ ဂင်းနစ်စံချိန်ချိုးနိုင်ဖို့ ကြိုးစားလာကြခဲ့ကြပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ထူးဆန်းပြီး အဓိပ္ပာယ်မရှိတဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်စံညွှန်းများကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ Elaine Davidson

Elaine Davidson ဆိုတဲ့ အမျိုးသမီးကတော့ ၁၉၉၇ ခုနှစ် ဇန်နဝါရီကတည်းက သူမရဲ့ ခန္ဓာကိုယ်မှာ ပထမဆုံးအပေါက်ဖောက်ခြင်းကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် ဇွန်လ ၈ ရက်နေ့မှာတော့ သူမရဲ့ ခန္ဓာကိုယ်မှာ စုစုပေါင်းအပေါက်ဖောက်ခြင်း အရေအတွက် ၄၂၂၅ ကြိမ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ သူမဟာ ကမ္ဘာ့ခန္ဓာကိုယ်အပေါက်အများဆုံး အမျိုးသမီးအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။ shwekhitonlinetv.com
၂။ Chris “The Dutchess” Walton

Christine Walton ကတော့ ကမ္ဘာ့လက်သည်းအရှည်ဆုံး အမျိုးသမီးအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ ဘယ်ဘက်လက်သည်းအရှည်ကတော့ ၁၀ပေ ၂ လက်မ ( ၃၀၉.၈ စင်တီမီတာ ) အထိရှည်ပြီး ညာဘက်လက်သည်းအရှည်ကတော့ ၁၉ပေ ၉လက်မ ( ၆၀၁.၉ စင်တီမီတာ ) အထိရှည်ပါတယ်။ အခုချိန်မှာတော့ သူမအသက် ၄၅ နှစ်ရှိပြီဖြစ်ပြီး ၁၉၉၀ ခုနှစ်ကတည်းက လက်သည်းမညှပ်ခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Devendra Suthar

Suthar ကတော့ polydactylism ဆိုတဲ့ ရောဂါကို ခံစားနေရသူ ဖြစ်ပါတယ်။ အဆိုပါရောဂါကတော့ ခြေချောင်းလက်ချောင်းတွေကို တိုးပွားလာစေတဲ့ ရောဂါဖြစ်ပြီး သူ့မှာ စုစုပေါင်း လက်ချောင်း ၁၄ ချောင်းနဲ့ ခြေချောင်း ၁၄ ချောင်းပါရှိပါတယ်။ ဒါ့ကြောင့်ပဲ သူဟာ ကမ္ဘာပေါ်က ဘယ်သူမဆိုထက် လက်ချောင်း ခြေချောင်း ပိုမိုပါရှိနေခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ You Jianxia

You Jianxia ဆိုတဲ့ အမျိုးသမီးကတော့ အင်မတန်ရှည်လျားတဲ့ မျက်တောင်မွှေးတွေကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ သူမရဲ့ မျက်တောင်မွှေးတွေက ရှည်လျားလွန်းတာကြောင့် နားရွက်နောက်မှာပါ စုသိမ်းထားရတယ်လို့ ဆိုပါတယ်။ အရှည်ဆုံး မျက်တောင်မွှေးဟာ ၂၀.၅ စင်တီမီတာ ( ၀.၈ လက်မ ) အထိရှည်လျားပြီး ဆက်လက်ပြီးလည်း ရှည်လျားနေတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com
၅။ John Evans

John Evans ဆိုတဲ့သူကတော့ ၁၉၉၉ ခုနှစ် မေလ ၂၄ရက်မှာ ကားအသေးလေးတစီးကို သူ့ရဲ့ခေါင်းပေါ်မှာ ညီမျှအောင်သယ်မထားနိုင်တဲ့သူပဲ ဖြစ်ပါတယ်။ ကားအသေးလေးရဲ့ အလေးချိန်ကတော့ ၃၅၂ ပေါင် ( ၁၅၉.၆ ကီလိုဂရမ် ) အထိရှိပြီး ၃၃ စက္ကန့်ကြာမျှ ထိန်းထားနိုင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ အလေးချိန် ၄၁၆ ပေါင် ( ၁၈၈.၇ ကီလိုဂရမ် ) ရှိတဲ့ အုတ်ခဲ ၁၀၁ ခဲကို ၁၀ စက္ကန့်ကြာမျှ သယ်ဆောင်ထားနိုင်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာတော့ နို့ပုလင်းတွေ ထည့်ထားတဲ့သေတ္တာ ၉၆ ခုကို သယ်ဆောင်ထားနိုင်ခဲ့ပါတယ်။ shwekhitonlinetv.com
၆။ Chad Fell

Chad Fell ကတော့ ပီကေကို ပူစီဖောင်းအကြီးကြီးအဖြစ် မှုတ်ထုတ်နိုင်သူဖြစ်ပြီး သူမှုတ်ထုတ်ခဲ့တဲ့ ပူစီဖောင်းအရွယ်အစားကတော့ အချင်း ၂၀ လက်မ ( ၅၀.၈ စင်တီမီတာ ) ရှိပါတယ်။ မှုတ်ထုတ်တဲ့အခါ သူရဲ့လက်တွေနဲ့ ကိုင်တွယ်ခြင်း မရှိခဲ့ပါဘူး။ shwekhitonlinetv.com
၇။ Joel Strasser

Joel Strasser ကတော့ သူ့ရဲ့မုတ်ဆိတ်မွှေးပေါ်မှာ မတူညီတဲ့ ပစ္စည်းတွေကို တင်ပြခဲ့ပြီး စံချိန်တင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သွားကြားထိုးတံအချောင်း ၃၅၀၀ ကို သူ့ရဲ့ မုတ်ဆိတ်မွှေးပေါ်မှာ တင်ပြခဲ့တာ ဖြစ်ပြီး အချိန်အားဖြင့် ၃ နာရီ ၁၃ မိနစ်ကြာမြင့်ခဲ့ပါတယ်။ ဒါ့အပြင် စက္ကူနဲ့ပြုလုပ်ထားတဲ့ အချိုရည်ပိုက်များ ၊ ခရစ္စမတ်သစ်ပင်မှာ အလှဆင်တဲ့ ဘောလုံးများ ၊ ခဲတံများ ၊ ခက်ရင်းများကိုလည်း သူ့ရဲ့ မုတ်ဆိတ်မွှေးပေါ်မှာ တင်ပြခဲ့ပါတယ်။ shwekhitonlinetv.com
၈။ Mochi “Mo” Rickert

St. Bernard ခွေးအမျိုးအစား Mochi ဆိုတဲ့ ခွေးကြီးကတော့ ကမ္ဘာ့လျှာအရှည်ဆုံးအဖြစ် စံချိန်ချိုးထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ လျှာအရှည်ကတော့ ၇.၃ လက်မအထိ ရှိပါတယ်။ shwekhitonlinetv.com
၉။ The world’s widest wig

ပုံမှာမြင်ရတဲ့ ဆံပင်တုကြီးကတော့ ၇ပေ ၄လက်မ ( ၂.၂၃ မီတာ ) အကျယ်ရှိပြီး ၅ပေ ၃လက်မ ( ၁.၆ မီတာ ) အရှည်ရှိပါတယ်။ Kelly Hanson နဲ့ Randy Carfagno Productions LLC တို့ပြုလုပ်ထားတဲ့ ဆံပင်တုကြီးဖြစ်ပြီး တီဗွီရှိုးတခုမှာ မင်းသမီး Drew Barrymore က ဆံပင်တုကြီးကို ဝတ်ဆင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီကြီးမားတဲ့ ဆံပင်တုကြီးကို ဝတ်ဆင်နိုင်ဖို့အတွက် လူ ၄ ယောက်က ကူညီဝတ်ဆင်ပေးခဲ့ရပါတယ်။ shwekhitonlinetv.com
၁၀။ Jyoti Kisanji Amge

အဓိပ္ပာယ်မရှိတဲ့ ဂင်းနစ်စံချိန်များလည်း ရှိသလို Jyoti Kisanji Amge ဆိုတဲ့ အမျိုးသမီးရဲ့ ဖြစ်စဥ်လိုမျိုး သဘာဝကို လွန်ဆန်ပြီး စစ်မှန်တဲ့ စံချိန်များလည်း အများအပြားရှိပါတယ်။ သူမကို ၁၉၉၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အရပ်အရှည်အားဖြင့် ၂ ပေ ( ၆၁.၉၅ စင်တီမီတာ ) ရှိပြီး ကိုယ်အလေးချိန်ကတော့ ၁၂ ပေါင် ( ၅.၄ ကီလိုဂရမ် ) ပဲရှိပါတယ်။ ကမ္ဘာပေါ်မှာ သက်ရှိထင်ရှားရှိနေဆဲဖြစ်တဲ့ ကမ္ဘာ့အပုဆုံးအမျိုးသမီးအဖြစ် စံချိန်တင်ထားပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။