ကမ္ဘာပေါ်မှာရှိသမျှနိုင်ငံတိုင်းမှာ မိမိတို့သင်္ကေတ၊ မိမိတို့အဓိပ္ပါယ် နဲ့ နိုင်ငံတော်အလံကိုယ်စီရှိကြပါတယ်။ အခုဖော်ပြပေးချင်တာကတော့ တစ်ခြားဘယ်နိုင်ငံရဲ့အလံနဲ့မှလည်း ဆင်တူခြင်းမရှိဘဲ ထူးခြားတဲ့ပုံသဏ္ဍာန်တဲ့ အလံတွေကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ ဂူအမ် (Guam)

အာရှတိုက်က ဂူအမ် နိုင်ငံရဲ့အလံကတော့ အမိုက်စားအမှတ်တရလက်ဆောင် တီရှပ်တွေနဲ့တူအောင် ဒီဇိုင်းထုတ်ထားသလားထင်မှတ်ရပါတယ်။ shwekhitonlinetv.com
၂။ ကာဂျစ္စတန် (Kyrgyzstan)

အာရှတိုက်ကနောက်ထပ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကာဂျစ္စတန်နိုင်ငံရဲ့ အလံကတော့ ပီတန်းအားကစားနည်းက ဘောလုံးကိုမှမီးတောက်နေတဲ့အသွင်ဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ ဗဟိုအာဖရိကသမ္မတနိုင်ငံ (Central Arfrican Republic)

ဗဟိုအာဖရိကသမ္မတနိုင်ငံကတော့ သချာၤအတိုင်းအတာတွေမှာအသုံးပြုတဲ့ Cuisenaire rods တွေကိုအသုံးပြုထားတဲ့ အလံလို့ဆိုရမလိုပါပဲ။ shwekhitonlinetv.com
၄။ မြောက်မာရီယားနားကျွန်းစုများ (Northern Matianas Islands)

ကမ္ဘာပေါ်မှာတစ်ခုတည်းသော Clip Art ပါရှိတဲ့အလံဖြစ်ပါတယ်။ နောက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ခေါင်းစွပ်နဲ့လူတစ်ဦးလည်း မြောက်မာရီယားနားကျွန်းစုများရဲ့ နိုင်ငံတော်အလံမှာပါရှိနေပါတယ်။ shwekhitonlinetv.com
၅။ မိုဇမ်ဘစ် (Mozambique)

အာဖရိကတိုက်က မိုဇမ်ဘစ်နိုင်ငံရဲ့အလံမှာတော့ ပေါက်ပြားတစ်လက်၊ AK-47 သေနတ်တစ်လက် နဲ့ စာအုပ်တစ်အုပ်ပါရှိပါတယ်။ သူတို့ရဲ့နိုင်ငံတော်အလံကလည်း တစ်ခြားဘယ်နိုင်ငံနဲ့မှမတူဘဲကွဲပြားနေတာအမှန်ပါ။ shwekhitonlinetv.com
၆။ ဘာမြူဒါ (Bermuda)

မြောက်အမေရိကတိုက်ရဲ့ ဘာမြူဒါနိုင်ငံကတော့ နိုင်ငံတော်အလံမှာ နစ်မြုပ်နေတဲ့ သင်္ဘောပုံစံပါဝင်တဲ့တစ်ခုတည်းသောအလံဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ ဒိုမီနီကာ (Dominica)

မြောက်အမေရိကရဲ့ ကျွန်းနိုင်ငံလေးတစ်နိုင်ငံဖြစ်တဲ့ ဒိုမီနီကာနိုင်ငံရဲ့ အလံဟာလည်း ခရမ်းရောင်ကြက်တူရွေးတစ်ကောင်ပါဝင်နေတဲ့ ထူးခြားတဲ့အလံဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ အယ်ဘေးနီးယား (Albania)

ဥရောပတိုက်က အယ်ဘေးနီးယားနိုင်ငံကတော့ အနီရောင်နောက်ခံပေါ်မှာ ခေါင်းနှစ်လုံးနဲ့ ဒဏ္ဍာရီလာ အနက်ရောင်သိမ်းငှက်ပုံစံပါရှိပြီး ထူးခြားတဲ့အလံတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ ဘူတန် (Bhutan)

ဘူတန်နိုင်ငံရဲ့ နိုင်ငံတော်အလံမှာတော့ နဂါးတစ်ကောင်က မှော်ဓာတ်လုံး (Magic Orbs) တွေကိုကိုင်ဆောင်ထားတာကိုတွေ့ရမှာပါ။ ဒီအလံကလည်းအတော်လေးကို အမြင်ဆန်းစေတဲ့ အလံတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။