မီးတောင်တွေဆိုတာကတော့ အတော်လေးကိုအန္တရာယ်များတဲ့သဘာဝအတိုင်းဖြစ်တည်နေတဲ့အရာတွေပါ။ ကမ္ဘာအနှံ့မှာ မီးတောင်တွေအများအပြားရှိပါတယ်။ ဒီထဲမှာမှလှုပ်ရှားနေတဲ့မီးတောင်ရှင်တွေကို အများအပြားပိုင်ဆိုင်ထားတဲ့ နိုင်ငံအချို့ကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com
၁၀။ ပြင်သစ် – (၉) ခု

ဥရောပတိုက်က နိုင်ငံတွေကတော့လှုပ်ရှားနေတဲ့မီးတောင်တွေရှိတယ်ဆိုတာရှားပါးလှပါတယ်။ ဒီထဲမှာ ပြင်သစ်နိုင်ငံကထူးထူးခြားခြား မီးတောင်ရှင် (၉) ခုတောင်မှပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ အိုက်စလန် – (၉)

ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ အိုက်စလန်နိုင်ငံကလည်း လှုပ်ရှားနေတဲ့မီးတောင်ရှင် (၉) ခုကိုပိုင်ဆိုင်ထားပါတယ်။ ဒီမီးတောင်ရှက်တွေထဲမှာ ၂၀၁၀ ခုနှစ်တုန်းကပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ Eyjafjallajokull မီးတောင်ကတော့ အတော်လေးကိုထင်ရှားလှပါတယ်။ shwekhitonlinetv.com
၈။ တွန်ဂါ – (၁၁) ခု

သမုဒ္ဒရာပိုင်းဇုန်ကတွန်ဂါနိုင်ငံငယ်လေးဟာလည်းနိုင်ငံနဲ့မလိုက်အောင် မီးတောင်ရှင်တွေပေါများလှပါတယ်။ တွန်ဂါနိုင်ငံမှာရှိတဲ့ မီးတောင် (၁၁) ခုအနက်မှာ Hunga-Tonga-Hunga-Ha’apai ဆိုတဲ့မီးတောင်ကတော့ မကြာခဏပေါက်ကွဲတဲ့မီးတောင်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့မှာနောက်ဆုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com
၇။ အက်ကွေဒေါ – (၁၁) ခု

တောင်အမေရိကတိုက်က အက်ကွေဒေါနိုင်ငံကတော့ နာမည်ကျော် Chimborazo မီးတောင်အပါအဝင် သက်ဝင်လှုပ်ရှားနေပြီးအချိန်မရွေးပေါက်ကွဲနိုင်တဲ့ မီးတောင် (၁၁) ခုအထိပိုင်ဆိုင်ထားပါတယ်။ shwekhitonlinetv.com
၆။ ပါပူအာနယူးဂီနီ – (၁၅) ခု

သမုဒ္ဒရာပိုင်းဇုန်ကနောက်ထပ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ပါပူအာနယူးဂီနီနိုင်ငံကလည်း လှုပ်ရှားနေတဲ့မီးတောင် (၁၅) ခုအထိတောင်ရှိနေတဲ့နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ ချီလီ – (၁၉) ခု

တောင်အမေရိကတိုက်က ချီလီနိုင်ငံကတော့ လှုပ်ရှားနေတဲ့မီးတောင်တွေ (၁၉) ခုအထိပိုင်ဆိုင်ထားပါတယ်။ Villarrica ၊ Osorno ၊ Calbuno တို့ကတော့ ထင်ရှားလှတဲ့မီးတောင်ကြီးတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ ရုရှား – (၃၃) ခု

ကမ္ဘာပေါ်မှာအကြီးဆုံးနိုင်ငံကြီးဖြစ်တဲ့ ရုရှားနိုင်ငံကတော့ မီးတောင်ရှင်ပေါင်း (၃၃) ခုအထိရှိနေပါတယ်။ ဒီမီးတောင်တွေထဲကမှ Kamchatka ဒေသက Shiveluch မီးတောင်ကတော့အတော်လေးကို လှုပ်ရှားလျက်ရှိနေပြီး ပေါက်ကွဲနိုင်ခြေရှိတယ်လို့ သိပ္ပံပညာရှင်တွေက မကြာသေးမီကခန့်မှန်းထားပါတယ်။ ဒီမီးတောင်ဟာ ၂၀၀၇ ခုနှစ်တုန်းကလည်း ပေါက်ကွဲခဲ့ဖူးတဲ့မီးတောင်ဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ အမေရိကန်ပြည်ထောင်စု – (၄၂) ခု

မြောက်အမေရိကတိုက်က အမေရိကန်ပြည်ထောင်စုမှာတော့ သက်ဝင်လှုပ်ရှားနေတဲ့မီးတောင်ရှင်ပေါင်း (၄၂) ခုရှိပါတယ်။ ဒီမီးတောင်တွေထဲကမှ ဟာဝိုင်အီကျွန်းမှာရှိတဲ့ Kilauea မီးတောင်ကတော့ အန္တရာယ်အများဆုံးမီးတောင်အဖြစ် ကျော်ကြားလှပါတယ်။ shwekhitonlinetv.com
၂။ ဂျပန် – (၄၄) ခု

ငလျင်ပြတ်ရွှေ့ကြောတွေပေါ်မှာတည်ရှိတဲ့ ဂျပန်နိုင်ငံဟာ မီးတောင်ရှင်တွေလည်းအတော်လေးကိုပေါများတဲ့နိုင်ငံဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ မီးတောင်ရှင်စုစုပေါင်း (၄၄) ခုအထိရှိပြီးအများစုကတော့ ဟိုကိုင်းဒိုးကျွန်းပေါ်မှာရှိနေတာဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ အင်ဒိုနီးရှား – (၅၈) ခု

အင်ဒိုနီးရှားနိုင်ငံကတော့ ကမ္ဘာပေါ်မှာမီးတောင်ရှင်အများဆုံးရှိတဲ့နိုင်ငံဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ လက်ရှိမီးတောင်ရှင်ပေါင်း (၅၈) ခုရှိနေပြီး ဂျာဗားကျွန်းပေါ်မှာရှိတဲ့ Merapi မီးတောင်ဆိုရင် အေဒီ ၁၀၀၀ ကတည်းကတည်ရှိနေတာဖြစ်ပြီး အကြိမ် (၃၀) ကျော်ပေါက်ကွဲခဲ့ဖူးတဲ့မီးတောင်ဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။