ဒီတစ်ခေါက်မှာ Shwe Khit ပရိသတ်ကြီးကို ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ ယူအေအီး နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဒူဘိုင်းမြို့ရဲ့ ထူးဆန်းလှတဲ့ အကြောင်းအရာတွေကို ပြောပြပေးချင်ပါတယ်။ ဘယ်လို အကြောင်းအရာတွေ ဖြစ်မလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်နော်။ shwekhitonlinetv.com
၁။ ပြိုင်ကားတွေကို အသုံးပြုထားတဲ့ ဒူဘိုင်းရဲကားများ

ဒူဘိုင်းနိုင်ငံရဲ့ ရဲကားဟာ တစ်ခြားနိုင်ငံက ရဲကားတွေထက် ထူးပါတယ်။ အကြောင်းကတော့ နာမည်ကြီးပြိုင်ကားတွေကို ဝယ်ယူပြီး ရဲဌာနတွေမှာ အသုံးချလို့ပဲ ဖြစ်ပါတယ်။
အသုံးများတဲ့ ကားအများစုကတော့ Aston Martin ၊ Ferrari နဲ့ Mercedes တို့ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဒူဘိုင်းမြို့တော်ရဲ့ လူဦးရေ ( ၇၇ ) ရာခိုင်နှုန်းဟာ ရွှေ့ပြောင်းသူတွေပါ

စစ်တမ်းများအရ ယူအေအီးနိုင်ငံသား ၂၃ ရာခိုင်နှုန်းလောက်သာ ဒူဘိုင်းမြို့မှာသာ နေထိုင်ကြတာပါ။ ကျန်တဲ့ လူဦးရေတွေက ဆောက်လုပ်ရေး အလုပ်သမား အများစုဖြစ်ပြီး အိန္ဒိယ ၊ ပါကစ္စတန် နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ များပါတယ်။ ဒါ့အပြင် ထိုလုပ်သားတွေရဲ့ လူနေမှုဘ၀ဟာ ယူအေအီးနိုင်ငံသားတွေနဲ့ အတော်လေးကို ကွာခြားလှပါတယ်။ shwekhitonlinetv.com
၃။ တိရစ္ဆာန် ထူးထူးဆန်းဆန်းတွေလည်း မွေးပါတယ်

ချမ်းသာတဲ့ အိမ်ရှေ့စံ မင်းသားတွေ ၊ စော်ဘွားတွေ နဲ့ စီးပွားလုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ စည်းစိမ် ကြွယ်၀မှုကို ဆန်းဆန်းပြားပြား ဖြစ်အောင် သုံးကြပါတယ်။ အိမ်မွေးတိရစ္ဆာန်ဆိုရင်လည်း သာမန် ခွေးတွေ ၊ ကြောင်တွေ ထက် ကျားသစ် ၊ ကျား ၊ ခြင်္သေ့ တွေကို ခြံထဲမှာ ထားပြီး မွေးကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံက ချမှတ်ထားတဲ့ ဥပဒေအရ အန္တရာယ်ရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေကို မွေးမြူခွင့် မရှိတော့ ပါဘူး ။ shwekhitonlinetv.com
၄။ ဒူဘိုင်းမြို့တော်ရဲ့ အခွန်အခများ

လွန်ခဲ့တဲ့ကာလတွေတုန်းက ဒူဘိူင်းမြို့တော်ဟာ အခွန်အခ လုံး၀ မရှိတဲ့ မြို့တော် တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်လာစေရန် အခွန်တွေ စကောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်ချို့သော ထုတ်ကုန် (၁၀၀) ကျော် တွေ ၊ ကျန်းမာရေး ဝန်ဆောင်မှုတွေနဲ့ ပညာရေးတွေမှာတော့ အခုအချိန်အထိ အခွန်ပေးဆောင်ဖို့ မလိုပါဘူး။ shwekhitonlinetv.com
၅။ နှစ်အနည်းငယ်တွေ လျင်မြန်စွာတိုးတက် ပြောင်းလဲလာခြင်း

City Momentum Index ရဲ့ အစီရင်ခံစာအရ ဒူဘိုင်းမြို့တော်ဟာ အလျင်အမြန်ဆုံး တိုးတက်ပြောင်းလဲလာတဲ့ မြို့တော်အဖြစ် သတ်မှတ်ခံထားရပါတယ်။ (၃)နှစ်အတွင်းမှာ မီးရထားဘူတာရုံ ၄၂ ခု ဆောက်လုပ်နိုင်ခဲ့ပြီး ၂၀ ရာခိုင်နှုန်းသော elevating cranes တွေဟာ ဒူဘိုင်းမြို့တော်မှာ တည်ရှိတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အကြီးဆုံးသော ပန်းခြံကြီးဖြစ်တဲ့ Dubailand ကိုလည်း ဆောက်လုပ်လျက်ရှိပြီး ဒီပန်းခြံကြီးထဲမှာ လူလုပ် ကျွန်းအတုတွေနဲ့ Resorts တွေလည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ ကမ္ဘာ့တန်ဖိုးအကြီးဆုံး Hotel

The Burj Khalifa ဆိုတာ ကမ္ဘာ့ ဇိမ်ခံဖို့အကောင်းဆုံးနဲ့ တန်ဖိုးအကြီးဆုံး ဟိူတယ် တစ်ခုလည်း ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ အကျယ်အဝန်းဟာ 8,000 sqm ရှိပြီး ရွှေရောင်သစ်ရွက်ပုံစံနဲ့ အခန်းကို တန်ဆာဆင်ထားပါသေးတယ်။ shwekhitonlinetv.com
၇။ စက်ရုပ်တွေက ကုလားအုတ်တွေကို စီးပြီး ပြိုင်တဲ့ ပြိုင်ပွဲ

နိုင်ငံရဲ့ ရိုးရာ ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေတဲ့ ကုလားအုတ် အပြေးပြိုင်ပွဲဟာလည်း ဒူဘိုင်းမြို့မှာ ရှိပါတယ်။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက အရင်ခေတ်ကလို လူတွေ စီးကြတာမဟုတ်ပဲ စက်ရုပ်တွေကို စီးခိုင်းပြီး ပြိုင်ကြတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အသုံးပြုတဲ့ စက်ရုပ် တစ်ရုပ်ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၃၀၀၀ ကနေ ၁၀၀၀၀ အထိ ကုန်ကြပါတယ်။ shwekhitonlinetv.com
၈။ မိုနာကို မြို့အရွယ်အစားရှိတဲ့ အဆောက်အဦးကြီး

အခုလက်ရှိ ဆောက်လုပ်တော့မယ့် အမိုးခုံးပုံစံ အဆောက်အဦးကြီးဟာ စီမံကိန်းအရ 4.5 million sqm အကျယ်အဝန်းရှိမှာ ဖြစ်ပြီး ဒီအထဲမှာ ပြဇာတ်ရုံတွေ ၊ စျေးဝယ်စင်တာတွေ ၊ ဟိုတယ်တွေ နဲ့ ပန်းခြံတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒီအဆောက်အဦးကြီးကို ခြေကျင်လမ်းလျှောက်ပြီး သွားလို့ရအောင် အထူးစီမံတည်ဆောက်မှာ ဖြစ်ပြီး သက်တောင့်သက်သာရှိတဲ့ ရာသီဥတုမျိုးဖြစ်အောင် Computer စနစ်တွေနဲ့ ဖန်တီးထောက်ပံ့ပေးမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ မိုးလုံလေလုံ စကိတ်ကွင်းကြီး

ဒူဘိုင်းမြို့မှာ 22,500 sqm အကျယ်အဝန်းရှိတဲ့ မိုးလုံလေလုံ စကိတ်ကွင်းကြီးလည်း ရှိပါသေးတယ်။ နှင်းလျှောစီးလို့ အဆင်ပြေအောင် လူလုပ်တောင် တစ်ခု ဖန်တီးပေးထားပြီး slopes ( ၅ ) ခုပါဝင်ကာ မီတာ ၄၀၀ ရှည်ပါတယ်။ ဒီမိုးလုံလေလုံ စကိတ်ကွင်ူကြီးဟာဆိုရင် အပြင်က ရာသီဥတုနဲ့ ဆန့်ကျင်ဘက် ဖြစ်ကာ အေးစက်နေစေမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
အခုဖော်ပြပေးထားတာတွေကတော့ ဒူဘိုင်းမြို့တော်ရဲ့ ထူးခြားလှတဲ့ အကြောင်းအရာတွေ အကြောင်းကို စုစည်းတင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။ နောက်တစ်ခေါက်တွေမှာလည်း အခုလို ထူးဆန်းတဲ့ အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ စောင့်မျှော် ဖတ်ရှုပေးပါဦးနော်။ shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။