အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့မှာရှိတဲ့ လေဘာတီရုပ်တု (Statue of Liberty) ကိုတော့ အားလုံးပဲတွေ့မြင်ဖူးကြမယ်လို့ထင်ပါတယ်။ ဒီရုပ်တုနဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာအချက်အလက်လေးတွေကိုတော့ မသိရှိသေးတဲ့သူတွေအတွက် ဗဟုသုတအဖြစ် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော် ….. shwekhitonlinetv.com
၁။ လေဘာတီရုပ်တု (Statue of Liberty) ၏ မူရင်းအမည်မှာ La Liberté éclairant le monde ဖြစ်ပြီး အဓိပ္ပါယ်ကတော့ Liberty Enlightening the World (ကမ္ဘာကြီးကိုလွတ်လပ်ခြင်း အလင်းရောင်ပေးနေသူ) လို့ဆိုနိုင်ပါတယ်။ shwekhitonlinetv.com

၂။ ပြင်သစ်က အမေရိကန်ကို လက်ဆောင်ပေးစဉ်ကရုပ်တုရဲ့အရောင်ကကြေးနီရောင်ဖြစ်ပါတယ်။ ကြေးနဲ့ပြုလုပ်ထားတာဖြစ်လို့ ပြင်ပလေထုနဲ့တွေ့တဲ့အချိန်မှာ ဓာတုဗေဒသဘောအရ ဓာတ်တိုးခြင်းဖြစ်စဉ်ဖြစ်ပေါ်ပြီး အစိမ်းရောင်ပြောင်းသွားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ လေဘာတီရုပ်တုကို ပြင်သစ်လူမျိုး Frédéric Auguste Bartholdi က ဒီဇိုင်းရေးဆွဲပြီး ၁၈၇၅ ကနေ ၁၈၈၄ ခုနှစ်အထိ ကြေးနီတန်ချိန် (၃၁) တန်နီးပါးအသုံးပြုကာ (၉) နှစ်ကြာအောင်ထုလုပ်ခဲ့တာဖြစ်ပါတယ်။ ပဲရစ်မြို့က အီဖယ်လ်မျှော်စင်ကို ဒီဇိုင်းဆွဲခဲ့တဲ့ Alexandre-Gustave Eiffel ကလည်း လေဘာတီရုပ်တုပြုလုပ်ဖန်တီးရာမှာ ဒုတိယဒီဇိုင်နာအဖြစ် ပူးပေါင်းပါဝင်ခဲ့ပါတယ်။ shwekhitonlinetv.com

၄။ လေဘာတီရုပ်တုချည်းသက်သက် အမြင့်ကတော့ (၁၅၁) ပေရှိပြီး အောက်ခံခုံကတော့ အမြင့် (၁၅၄) ပေ ရှိပါတယ်။ ဒါကြောင့်မြေပြင်ကနေ ရုပ်တုရဲ့မီးတောက်ထိပ်ဖျားအထိဆိုရင် စုစုပေါင်း (၃၀၅) ပေ မြင့်ပါတယ်။ shwekhitonlinetv.com

၅။ လေဘာတီရုပ်တုဟာ တစ်နှစ်ကိုအနည်းဆုံး မိုးကြိုးအကြိမ်ရေ (၆၀၀) လောက်ပစ်ခံနေရပါတယ်။ shwekhitonlinetv.com

၆။ လေဘာတီရုပ်တုကို ထုလုပ်ရာမှာမတူညီတဲ့ တူအမျိုးအစားပေါင်း (၃၀၀) နီးပါးအသုံးပြုခဲ့ရပါတယ်။ shwekhitonlinetv.com

၇။ လေဘာတီရုပ်တုကို ပြင်သစ်ရေတပ်သင်္ဘော Isère က ၁၈၈၅ ခုနှစ် ဇွန်လ (၁၇) ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကိုပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒီလိုသယ်ဆောင်ရာမှာ ရုပ်တုကိုအစိတ်အပိုင်းတွေအဖြစ်ခွဲခြမ်းစိတ်ဖြာပြီး သေတ္တာ (၂၁၄) လုံးနဲ့ထုပ်ပိုးတင်ဆောင်သွားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ရုပ်တုပြုလုပ်ရာမှာ ပြင်သစ်တို့အနေနဲ့ အမေရိကန်ဒေါ်လာ (၂၅၀,၀၀၀) ကုန်ကျခဲ့ပြီး အမေရိကန်တွေကတော့ အောက်ခံခုံပြုလုပ်ဖို့အတွက် အမေရိကန်ဒေါ်လာ (၃၀၀,၀၀၀) တောင် အသုံးပြုခဲ့ရပါတယ်။ shwekhitonlinetv.com

၉။ လေဘာတီရုပ်တုရဲ့သရဖူက အချွန်အတက်ပုံသဏ္ဍာန်ဆန်ဆန် အလင်းတန်း (၇) ခုကတော့ ကမ္ဘာပေါ်ကတိုက်ကြီး (၇) ခုကိုကိုယ်စားပြုပါတယ်။ သရဖူအောက်ခြေက ပြတင်းမှန် (၂၅) ခုကတော့ ကမ္ဘာပေါ်မှာရှိတဲ့ အဖိုးတန်ကျောက်မျက်ရတနာတွေကို ကိုယ်စားပြုတာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ လေဘာတီရုပ်တုဆီကို လာရောက်လေ့လာကြည့်ရှုသူဟာ နှစ်စဉ်ပျမ်းမျှ (၄) သန်းကျော်ရှိပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။