ယနေ့ခေတ်မှာတော့ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းများဟာ ပိုပြီးထူးခြားဆန်းပြားမှုတွေနဲ့ ပြည့်နှက်လာခဲ့ပါတယ်။ ဥပမာ ခြေချောင်းအများကြီးပါတဲ့သူ ၊ လက်သည်းအရှည်ဆုံးထားနိုင်တဲ့သူ နဲ့ ရှည်လျားလှတဲ့ အသားညှပ်ပေါင်မုန့်အရှည်ကို ၃ မိနစ်အတွင်း စားပြနိုင်သူ စသဖြင့် ပုံမှန်ထက်ထူးခြားဆန်းပြားတဲ့ အကြောင်းအရာများကို မှတ်တမ်းတင်ခဲ့ကြပါတယ်။ နာမည်ကြီးလူသိများသူတွေ ကမ္ဘာ့စံချိန်မှတ်တမ်းတင်ခံရတဲ့အချိန်မှာတော့ များသောအားဖြင့် ဖော်ပြလေ့မရှိခဲ့ကြပါဘူး။ ဒါ့ကြောင့် ပရိတ်သတ်တွေမသိကြသေးတဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းကို ချိုးဖောက်နိုင်ခဲ့တဲ့ ကမ္ဘာကျော်အနုပညာရှင်များအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ Betty White

မင်းသမီးကြီး Betty White ကတော့ သက်တမ်းအရှည်ကြာဆုံး အနုပညာလုပ်ကိုင်သူ မင်းသမီးကြီးအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ၁၉၃၉ ခုနှစ်ကတည်းက အနုပညာအလုပ်ကို စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး မြောက်များလှစွာသော တီဗွီရှိုးများ နဲ့ ရုပ်ရှင်ကားပေါင်း ၁၅ ကားထက်မနည်း ရိုက်ကူးခဲ့သူပါ။ ဒီနေ့ခေတ်မှာတော့ သူမရဲ့ အနုပညာသက်တမ်းဟာ နှစ်ပေါင်း ၈၀ အထက် ရှိနေပြီဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Martin Scorsese

ရုပ်ရှင်ဒါရိုက်တာတယောက်အနေနဲ့ အော်စကာစကာတင်စာရင်းဝင်နိုင်ခဲ့မှု အကြိမ်ရေအများဆုံးရရှိသူအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့သူ ဖြစ်ပါတယ်။ Martin Scorsese အနေနဲ့ စကာတင်စာရင်းဝင်ခဲ့တဲ့ ဇာတ်ကားများကတော့ Raging Bull (1981), The Last Temptation of Christ (1989), Goodfellas (1991), Gangs of New York (2003), The Aviator (2005), The Departed (2007), Hugo (2012), The Wolf of Wall Street (2014), နဲ့ The Irishman (2020) တို့ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Jennifer Lawrence

မင်းသမီး Jennifer Lawrence ကတော့ ငွေကြေးအများဆုံးရရှိတဲ့ အက်ရှင်မင်းသမီးအဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းဝင်ရောက်ခဲ့သူပါ။ The Hunger Games နဲ့ X-Men ရုပ်ရှင်ဇာတ်လမ်းတွဲများကြောင့် သူမဟာ နာမည်ကျော်ကြားခဲ့ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့မှာတော့ အမေရိကန်ဒေါ်လာ ၄,၀၀၅,၇၃၅,၄၄၈ အထိ ချမ်းသာခဲ့ပါတယ်။ shwekhitonlinetv.com
၄။ Eminem

တကိုယ်တော် တေးစီးရီးသီချင်းမှာ စကားလုံးအများဆုံး အသုံးပြုနိုင်ခဲ့သူအဖြစ် Eminem ကတော့ ဂင်းနစ်စံချိန်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ရက်ပ်အဆိုတော် Eminem ဟာ ၆ မိနစ်နဲ့ ၄ စက္ကန့်ကြာမြင့်တဲ့ Rap God ဆိုတဲ့ သီချင်းမှာ စကားလုံးပေါင်း ၁၅၆၀ ထည့်သွင်းသီဆိုခဲ့ပါတယ်။ ဒါကြောင့် သူဟာ စကားလုံး ၄ ခုကျော်လောက်ကို ၁ စက္ကန့်အတွင်း ရွတ်ဆိုနိုင်ခဲ့တယ်လို့ တွက်ချက်နိုင်ပါတယ်။ shwekhitonlinetv.com
၅။ Ariana Grande

အင်စတာဂရမ်မှာ ဖော်လိုဝါအများဆုံး အမျိုးသမီးအနုပညာရှင်အဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းတင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် မေလအတွင်း တွက်ချက်မှုများအရ သူမရဲ့ ဖော်လိုဝါအရေအတွက်ဟာ ၁၈၅,၃၈၇,၇၇၁ ထိ ရှိခဲ့ပါတယ်။ shwekhitonlinetv.com
၆။ Jackie Chan

အသက်ရှင်လျက်ရှိနေတဲ့ စတန့်အများဆုံး ပြုလုပ်နိုင်ခဲ့သူအဖြစ် Jackie Chan ကတော့ ဂင်းနစ်စံချိန်မှတ်တမ်းတင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းတလျှောက်မှာ ဇာတ်ကားပေါင်း ၁၀၀ နဲ့အထက် ရိုက်ကူးနိုင်ခဲ့သူပါ။ သူသရုပ်ဆောင်ခဲ့တဲ့ စတန့်ဇာတ်ကွက်များအားလုံးမှာ အသက်အန္တရာယ်နဲ့ နီးကပ်စွာ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း သူဟာ နှာခေါင်းကျိုးခြင်း ၊ ပါးရိုးများကျိုးခြင်း ၊ လက်ချောင်းများကျိုးခြင်း နဲ့ ဦးခေါင်းခွံထိခိုက်ဒဏ်ရာရခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com
၇။ Ed Sheeran

အဆိုတော် Ed Sheeran ကတော့ UK မှာ သီချင်းခွေအမြန်ဆုံးရောင်းကုန်နိုင်ခဲ့တဲ့ ပေါ့ပ်တေးဂီတ ယောကျ်ားလေးအဆိုတော်အဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းဝင်ရောက်ခဲ့ပါတယ်။ shwekhitonlinetv.com
၈။ Katy Perry

တွစ်တာမှာ ဖော်လိုဝါ ၁၀၀ မီလီယမ် အထိ ရရှိခဲ့တဲ့ အဆိုတော်အဖြစ် Katy Perry ကတော့ ဂင်းနစ်စံချိန်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Cristiano Ronaldo

ဘောလုံးအကျော်အမော် Cristiano Ronaldo ကတော့ တွစ်တာမှာ ဖော်လိုဝါအများဆုံးရရှိတဲ့ အားကစားသမားအဖြစ် ဂင်းနစ်စံချိန်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ Cristiano Ronaldo ရဲ့ ဖော်လိုဝါအရေအတွက်ကတော့ ၄၅,၆၄၂,၁၁၇ ရှိပါတယ်။ shwekhitonlinetv.com
၁၀။ Beyoncé Knowles

တနှစ်အတွင်းမှာ ဂရမ်မီဆု အများဆုံးရရှိတဲ့ အမျိုးသမီးအဆိုတော်အဖြစ် Beyoncé Knowles ကတော့ ဂင်းနစ်စံချိန်ဝင်ရောက်ခဲ့သူပါ။ ၂၀၁၀ ဇန်နဝါရီ ၃၁ရက်နေ့မှာ ပြုလုပ်တဲ့ ဂရမ်မီဆုပေးပွဲမှာတော့ Beyoncé Knowles ဟာ ဆုပေါင်း ၆ ခုကို တယောက်တည်းသိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၁၁။ Adele

Adele ကလည်း Beyoncé လိုပဲ တနှစ်အတွင်းမှာ ဂရမ်မီဆုအများဆုံးရရှိတဲ့ အမျိုးသမီးအဆိုတော်အဖြစ် စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Beyoncé ကတော့ ၂၀၁၀ မှာ မှတ်တမ်းဝင်ခဲ့ပြီး Adele ကတော့ ၂၀၁၂ ဖေဖော်ဝါရီ ဂရမ်မီဆုပေးပွဲမှာ ဂရမ်မီဆု ၆ ခု ရရှိခဲ့တာကြောင့် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။