ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို သမိုင်းထဲကအလွန်ထူးခြားလှတဲ့ ရှားပါးဓာတ်ပုံတွေရဲ့အကြောင်းကိုဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com
၁။ မိချောင်းကန်ထဲမှာ မိချောင်းတွေနဲ့အတူဖျော်ဖြေနေသည့် ဆပ်ကပ်ပြကွက်တစ်ခု။ (ဘာလင်၊ ၁၉၃၃ ခုနစ်) shwekhitonlinetv.com

၂။ အိုင်ယာလန်နိုင်ငံမှာ ပထမဆုံးအဖြစ် ရိုလာကိုစတာကို စီးနင်းကြစဉ်။ (၁၉၁၂ ခုနစ်) shwekhitonlinetv.com

၃။ အီတလီခရီးသွား Attilio Gatti ကို သူငှားရမ်းထားသည့် Pygmies လူမျိုးနှစ်ဦး၊ ဖမ်းမိထားသည့် ဂေါ်ရီလာတစ်ကောင်တို့နှင့်အတူ ကွန်ဂိုနိုင်ငံအတွင်း တွေ့ရစဉ်။ (၁၉၃၀ ခုနစ်) shwekhitonlinetv.com

၄။ ပထမဆုံးရိုက်ကူးခဲ့တဲ့ စူပါမင်းရုပ်ရှင်ဇာတ်ကား။ (၁၉၇၈ ခုနစ်) shwekhitonlinetv.com

၅။ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ အယ်ကာထရက်ဇ် (Alcatraz) အကျဉ်းထောင်မပိတ်သိမ်းခင် နောက်ဆုံးကျန်ရှိနေသည့်အကျဉ်းသားများကို ပြောင်းရွှေ့နေစဉ်။ (၁၉၆၃ ခုနစ်) shwekhitonlinetv.com

၆။ ပထမကမ္ဘာစစ်အတွင်းက ဗြိတိန်ရဲ့လေသင်္ဘောတစ်စင်း အော်စတမ်းဆိပ်ကမ်းပေါ်မှ ဖြတ်သန်းသွားသည်ကို ကြည့်ရှုနေကြသူများ။ (၁၉၁၄ ခုနစ်) shwekhitonlinetv.com

၇။ အင်တာဗျူးတစ်ခုမှာတွေ့ရသည့် ဆိုဗီယက်ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူ Igor Guzenko။ သူ့အနေနဲ့တစ်ချိန်က ဆိုဗီယက်သံရုံးမှာ လုပ်ကိုင်ခဲ့တာဖြစ်ပြီး သူလျှိုကွန်ယက်ရဲ့ အရေးကြီးစာရွက်စာတမ်းတွေကိုယူဆောင်ကာ အနောက်နိုင်ငံတွေဆီကိုထွက်ပြေးဖူးတာကြောင့် ယခုလို သူ့မျက်နှာကိုအမြင်မခံတာဖြစ်ပါတယ်။ (၁၉၄၅ ခုနစ်) shwekhitonlinetv.com

၈။ ရှန်ဟိုင်းမြို့က သူငယ်တန်းကျောင်းတစ်ခုမှာ ကလေးများနှင့်အတူတွေ့ရသည့် ချေဂွေဗားရား။ (၁၉၆၀ ခုနစ်) shwekhitonlinetv.com

၉။ စစ်ဘက်ဆိုင်ရာသုံးပစ္စည်းများကို ဆင်များအသွင်ရုပ်ဖျက်၍ ဖုံးအုပ်ကာ အိန္ဒိယနိုင်ငံအတွင်းဝင်ရောက်လာသည့် ဗြိတိန်တပ်ဖွဲ့ဝင်များ။ (ဒုတိယကမ္ဘာစစ်ကာလ) shwekhitonlinetv.com

၁၀။ လူ (၁၇) ဦးကိုတင်ဆောင်ကာ ၎င်းရဲ့စွမ်းရည်ကိုပြသနေသည့် Sikorsky R-5 ရဟတ်ယာဉ်။ (၁၉၄၆ ခုနစ်) shwekhitonlinetv.com

၁၁။ အထူးဒီဇိုင်းထုတ်ထားသော သားရေခေါင်းစွပ်မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် စစ်သေနာပတိ Richard Byrd။ သူ့အနေနဲ့ ဒီမျက်နှာဖုံးကို Spitzbergen ကနေ မြောက်ဝင်ရိုးစွန်း နဲ့ အနောက်ဘက်ဒေသတွေကို ပျံသန်းစဉ်မှာ ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၂။ တိုက်တန်းနစ်သင်္ဘောကိုနောက်ဆုံးရိုက်ကူးထားခဲ့တဲ့ပုံဖြစ်ပါတယ်။ shwekhitonlinetv.com

၁၃။ ဒီပုံကတော့ ၁၉၃၇ ခုနှစ် မေလ (၆) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ Hindenburg လေသင်္ဘောကြီးပျက်ကျခဲ့တဲ့ မြင်ကွင်းဖြစ်ပါတယ်။ ဒီလေသင်္ဘောကြီးမှာတော့ ခရီးသည် (၃၆) ဦး အမှုထမ်း (၆၁) ဦးလိုက်ပါသွားခဲ့ပြီး ခရီးသည် (၂၃) ဦးနဲ့ အမှုထမ်း (၃၉) ဦးအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ shwekhitonlinetv.com

၁၄။ ပထမကမ္ဘာစစ်အတွင်းက ဓာတ်ငွေ့အကာအကွယ်ဝတ်စုံတွေဝတ်ဆင်ထားကြတဲ့ သြစတြီးယား စစ်သင်္ဘောက သင်္ဘောသားတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၁၅။ ရှန်ဟိုင်း မီးရထားဘူတာရုံဗုံးပေါက်ကွဲမှု အပြီးမှာငိုကြွေးနေတဲ့ ကလေးငယ်တစ်ဦးဖြစ်ပါတယ်။ (၁၉၃၇ ခုနစ်) shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။