အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ကမ္ဘာပေါ်မှာဖြစ်တည်နေတဲ့ အိုအေစစ်လေးတွေထဲက အလှပဆုံးလို့ဆိုရမယ့် အိုအေစစ်လေးတွေအကြောင်းကို ရေးသားဖော်ပြလိုက်ရပါတယ်နော်။ shwekhitonlinetv.com
၁။ Wadi Bani Khalid – Oman

Wadi Bani Khalid အိုအေစစ်လေးကတော့ Oman နိုင်ငံအရှေ့ပိုင်းက သဲကန္တာရထဲမှာရှိပြီး တောင်ကြားကိုဖြတ်သန်းစီးဆင်းနေတဲ့ စမ်းချောင်းကလေးတစ်ခုကြောင့် အမြဲတမ်းစိမ်းစိုနေတဲ့ နေရာဖြစ်ပါတယ်။ ဒီစမ်းချောင်းလေးထဲမှာ ငါးကလေးတွေလည်း အသက်ရှင်နေထိုင်လျက်ရှိတာကို မြင်တွေ့ခံစားနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Huacachina Oasis – Peru

တောင်အမေရိကတိုက်က ပီရူးနိုင်ငံရဲ့ အနောက်တောင်ဘက်က သဲလွင်ပြင်တွေမှာရှိတဲ့ ဒီအိုအေစစ်လေးကတော့ နာမည်ကျော်ကြားပြီး ပါတီပွဲတွေမကြာခဏပြုလုပ်လေ့ရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ သဲလျှောစီးတဲ့သူတွေလည်း နှစ်စဉ်အများအပြားလာရောက်တက်ကြတဲ့နေရာလေးတစ်ခုပါ။ shwekhitonlinetv.com
၃။ Siwa Oasis – Egypt

လစ်ဗျားနယ်စပ်နဲ့ ကီလိုမီတာ (၅၀) လောက်ဝေးတဲ့ မဟာသဲပင်လယ်လို့အမည်ရတဲ့ သဲကန္တာရထဲမှာရှိတဲ့ Siwa Oasis ကတော့ မြေသြဇာအလွန်ကောင်းမွန်တဲ့နေရာတစ်ခုဖြစ်ပြီး လူပေါင်း (၃၀၀၀၀) ကျော်လောက်ခြေချနေထိုင်တဲ့ နေရာဖြစ်ပါတယ်။ ဒေသခံအများစုကတော့ စွန်ပလွံသီးနဲ့ သံလွင်သီးတွေကိုစိုက်ပျိုးကြပါတယ်။ ပင်လယ်သေလိုမျိုး ရေမနစ်တဲ့ရေကန်ငယ်လေးတွေလည်း ဒီအိုအေစစ်မှာရှိပါတယ်။ shwekhitonlinetv.com
၄။ Chebika Oasis – Tunisia

နေမင်းရဲ့ရဲတိုက် (Castle of the Sun) လို့အမည်ပေးထားတဲ့ Chebika Oasis ကတော့ တူနီးရှားနိုင်ငံ Djebel el Negueb တောင်ခြေရင်းမှာရှိပါတယ်။ တစ်ချိန်က ရောမတွေရဲ့ကင်းစခန်းဖြစ်ခဲ့ဖူးပြီး နောက်ပိုင်းမှာတော့ ဘာဘာလူမျိုးတွေရဲ့ တောင်ပေါ်ခိုလိုရာဒေသဖြစ်ခဲ့ပါတယ်။ Star War နဲ့ The English Patient ဇာတ်ကားတွေထဲက ဇာတ်ဝင်ခန်းအချို့ကို ဒီနေရာမှာရိုက်ကူးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Havasu Falls , Grand Canyon – USA

ဂရင်းကင်ညွှန် (Grand Canyon) ဒေသမှာရှိတဲ့ အိုအေစစ်လေးဖြစ်ပါတယ်။ ဒီအိုအေစစ်လေးမှာတော့ အေးမြစွာစီးဆင်းနေတဲ့ ချောင်းငယ်လေးတွေရှိသလို ရေတွေဟာလည်း စိမ်းပြာရောင်လဲ့လဲ့နဲ့ ကြည်လင်အေးမြနေပါတယ်။ ဒီနေရာဟာ Havasupai Indian Reservation ရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ Tafilalt – Morocco

ဇစ်မြစ် (Ziz River) ကမ်းနံဘေးမှာရှိတဲ့ Tafilalt Oasis ကတော့ မော်ရိုကိုနိုင်ငံမှာရှိတဲ့ အကြီးဆုံးဆာဟာရ အိုအေစစ်ပဲဖြစ်ပါတယ်။ ဒီ အိုအေစစ်လေးဟာ သာယာလှပတဲ့ကျေးရွာလေးတွေတည်ရှိတာကြောင့်လည်း နာမည်ကျော်ကြားလှပါတယ်။ နိုင်ဂျားမြစ် (Niger River) ကနေ တန်ဂီယား (Tangiers) ကိုသွားတဲ့လမ်းကြောင်းမှာရှိလို့လည်း ခရီးသွားတွေအတွက် အဓိကနားခိုရာအိုအေစစ်လေးဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ AlUla Oasis – Saudi Arabia

ခြောက်သွေ့လွန်းလှတဲ့ အာရေဗျသဲကန္တာရတွေအလယ်က စိုပြေစိမ်းလန်းတဲ့ ဒီ AlUla Oasis ကတော့ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက လူသားတို့အခြေချနေထိုင်ခဲ့တဲ့နေရာဖြစ်ပြီး ပင်ပန်းနွမ်းနယ်နေတဲ့ ခရီးသွားတွေကိုလည်း ဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီ နေရာမှာ စွန်ပလွံပင်ပေါင်း (၂.၃) သန်းကျော်ရှိနေပြီး တစ်နှစ်ကို စွန်ပလွံသီးတန်ချိန် (၉၀၀၀၀) လောက်ထွက်ရှိတဲ့ အိုအေစစ်လည်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေရာမှာ အခြား သံပရာသီး၊ လိမ္မော်သီး စတဲ့အပင်တွေကိုလည်း အများအပြားတွေ့ရှိရမှာဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။