ယနေ့ခေတ်မှာတော့ အစားအသောက်တွေကို သုံးဆောင်တဲ့အခါ အနံ့ အရသာနဲ့တင်မဟုတ်ပဲ အမြင်အာရုံနဲ့လည်း သုံးဆောင်လာကြပါတယ်။ အပြိုင်အဆိုင်များလာတဲ့အခါ ပုံမှန်သာမန်ရိုးကျ အပြင်အဆင်များကနေပြီး ခွဲထွက်ဖို့ကြိုးစားကြလာကြပါတယ်။ အနံ့ အရသာ ပုံမှန်ဖြစ်နေခဲ့ရင်တောင် အစားအသောက်ကို ပြင်ဆင်တင်ဆက်တဲ့နေရာမှာတော့ သူများထက်ထူးဆန်းနေစေဖို့ ဖန်တီးမှုများပြုလုပ်လာကြပါတယ်။ အဆိုပါထူးဆန်းတဲ့ အစားအသောက်အပြင်အဆင်များကို Shwe Khit ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ လေပေါ်ဝဲ စပါကတီ

စပါကတီဆိုတဲ့ အစားအစာတမျိုးဟာ စားသောက်ဆိုင်တိုင်းနီးပါးမှာ ရရှိနိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ အစားအသောက်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုရိုးရှင်းတဲ့ စပါကတီကို လေပေါ်ဝဲနေတဲ့ ခက်ရင်းပေါ်မှာ တင်ဆောင်ပြီး စားသုံးသူကို ဆွဲဆောင်နိုင်စေဖို့ ပြင်ဆင်ထားတာကို တွေ့ရမှာပါ။ shwekhitonlinetv.com
၂။ ကယ်လိုရီအပြည့်နဲ့ အချိုပွဲ

တကမ္ဘာလုံးမှာ အချိုစားသုံးမှုဟာ အလွန်အမင်းများပြားလျက်ရှိပါတယ်။ ဒီလိုအချိုကြိုက်သူတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ကယ်လိုရီအပြည့်အစားအသောက်များကို ပုံစံမျိုးစုံ ဖန်တီးပြုလုပ်လာကြပါတယ်။ တွေ့မြင်ရတဲ့အတိုင်းပါပဲ ချောကလက်အနှစ်အပြည့် ဖန်ခွက်ပေါ်မှာ ကိတ်မုန့်တုံးကိုတင်ပြီး အချိုကြိုက်သူတွေကို ဆွဲဆောင်နေပါတော့တယ်။ shwekhitonlinetv.com
၃။ ထိုင်ခုံပေါ်က စတော်ဘယ်ရီနှစ်ခြမ်း

စျေးကြီးတဲ့ အစားအသောက်များဟာ စျေးကြီးလွန်းလှပေမယ့်လည်း တကိုက်စာ တခုစာလောက် ခပ်သေးသေးအရွယ်အစားသာ ရှိတတ်ကြပါတယ်။ စတော်ဘယ်ရီအသီးတခုကို နှစ်ခြမ်းခြမ်းပြီး ထိုင်ခုံပေါ်မှာ တင်ထားပြီး စားသုံးသူတွေအတွက် ဝန်ဆောင်မှုပေးထားတာကို တွေ့မြင်ရမှာပါ။ တကယ်ကို နားမလည်နိုင်ဖြစ်စေမယ့် စတော်ဘယ်ရီနှစ်ခြမ်းပါပဲနော်။ shwekhitonlinetv.com
၄။ ဆူးခွေပေါ်က ကွတ်ကီး

ရိုးရှင်းပြီး အရသာရှိလှတဲ့ ကွတ်ကီးတွေကို သံဆူးခွေပေါ်မှာ တင်ဆောင်ထားတာဖြစ်ပါတယ်။ သာမန်ရိုးကျဆန်တဲ့ ပန်းကန်ပြားပေါ်မှာတင်ထားတာ မဟုတ်ပဲ ဆူးခွေပေါ်မှာ တင်ဆောင်ထားတာ ဖြစ်တဲ့အတွက် စားသုံးသူကို တမျိုးဆွဲဆောင်နေမှာ အမှန်ပါပဲ။ shwekhitonlinetv.com
၅။ ပလပ်စတစ်အိတ်ထဲက အချိုရည်

ဒီလိုတင်ဆက်မှုမျိုးက သဘာဝပတ်ဝန်းကျင်နဲ့လည်း မကိုက်ညီသလို ပလပ်စတစ်နဲ့ထုတ်ပိုးထားလို့ ကျန်းမာရေးနဲ့လည်း မညီညွတ်ဘူးလို့ သုံးသပ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုနည်းနဲ့ စားသုံးသူကို ဆွဲဆောင်မှုကတော့ အဆင်မပြေနိုင်ပါဘူးနော်။ shwekhitonlinetv.com
၆။ သဘာဝဆန်တဲ့ ပင်လယ်စာ တင်ဆက်မှု

ကျောက်ဆောင်ကျောက်ခဲများကြားမှာ ပင်လယ်စာတွေကို ညှပ်ထားပြီး သဘာဝဆန်ဆန်ဆွဲဆောင်နေတဲ့ တင်ဆက်မှု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျောက်ခဲတွေကြားညပ်နေတဲ့ အစားအသောက်ကိုတော့ သေချာရှာဖွေစားသောက်နိုင်ဖို့တော့ လိုမယ်ထင်ပါတယ်။ shwekhitonlinetv.com
၇။ ဖုန်းအိမ်ထဲက အသားညှပ်ပေါင်မုန့်နဲ့ အာလူးကြော်

အသားညှပ်ပေါင်မုန့်နဲ့ အာလူးကြော်ကို ဖုန်းအိမ်သေးသေးလေးထဲမှာ ထည့်ထားပြီး အမြင်သစ်တမျိုးနဲ့ စားသုံးသူကို ဆွဲဆောင်ထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သာမန်ဆန်တဲ့ အသားညှပ်ပေါင်မုန့်နဲ့ အာလူးကြော်ဟာ ပိုပြီးဆွဲဆောင်မှုရှိသွားမှာတော့ အမှန်ပါပဲနော်။ shwekhitonlinetv.com
၈။ တူနာကုဗတုံး

စျေးကြီးလှတဲ့ တူနာငါးကို ကုဗတုံးပုံစံ ပြုလုပ်ပြီး စားသုံးသူကို ဆွဲဆောင်ထားတာကို တွေ့ရမှာပါ။ တူနာကုဗတုံး တပ်ဆင်ထားတဲ့ တုတ်တံလေးရဲ့ အောက်ခြေကို ထိလိုက်မယ်ဆိုရင် သူဟာ တပတ်လည်သွားပြီး စားသုံးသူရှေ့ကို ကျရောက်သွားမှာဖြစ်ပါတယ်။ အသစ်အဆန်းကို ကြိုက်နှစ်သက်သူတွေအတွက်တော့ စိတ်ကျေနပ်စေမယ့် ပြင်ဆင်တင်ဆက်မှုပါပဲနော်။ shwekhitonlinetv.com
၉။ ရေခဲမုန့်ကို အချိန်ဆွဲစားသုံးလိုသူများအတွက်

ရေခဲမုန့်တွေဆိုတာ အရည်ပျော်လွယ်ပြီး အချိန်ကြာကြာသုံးဆောင်လို့ အဆင်ပြေမယ့် အစားအသောက်မဟုတ်ပါဘူး။ ဒါပေမယ့် ပုံထဲမှာတွေ့မြင်ရတဲ့ စားသောက်ဆိုင်ကတော့ ရေခဲမုန့်ကို ရေခဲတုံးကြီးကြီးပေါ်မှာ တင်ဆောင်ထားပြီး စားသုံးသူတွေကို ဝန်ဆောင်မှုပေးထားပါတယ်။ ဒီလိုဆန်းကြယ်တဲ့ စိတ်ကူးကြောင့် ရေခဲမုန့်ကို ဖြေးဖြေးအေးအေးနဲ့ အချိန်ကြာကြာစားသုံးလိုသူတွေအတွက် အဆင်ပြေသွားစေပါတယ်။ shwekhitonlinetv.com
၁၀။ ရာဘာဖိနပ်ပေါ်က အဖြူရောင်ချောကလက်

သူ့ထက်ငါ ထူးဆန်းတဲ့ ပြင်ဆင်တင်ဆက်မှုများကြောင့် ပြိုင်ဆိုင်မှုတွေဟာလည်း ပြင်းထန်လျက်ရှိပါတယ်။ ပုံမှာတွေ့မြင်ရတာကတော့ ရာဘာဖိနပ်ပေါ်မှာ အဖြူရောင်ချောကလက်တွေနဲ့ စားသုံးသူကို တည်ခင်းဧည့်ခံထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုဖိနပ်ပေါ်မှာ တင်ဆက်တဲ့ အစားအသောက်ကတော့ တချို့သောသူတွေအတွက် ဘယ်လိုမှ အဆင်ပြေနိုင်မယ် မထင်ပါဘူးနော်။ shwekhitonlinetv.com
၁၁။ ဖန်ခွက်အကွဲထဲက အစားအသောက်

ကွဲသွားပြီး တစစီဖြစ်သွားတဲ့ ဖန်ခွက်ရဲ့ အပိုင်းအစတွေထဲမှာ အစားအသောက်ကို တည်ခင်းဧည့်ခံထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဖန်ခွက်ကွဲတွေဟာ မကောင်းမှုကို ဆောင်ယူတယ်လို့ ခံယူထားတဲ့လူတွေအတွက်တော့ ဒီလိုအပြင်အဆင်ဟာ တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေမှာပါ။ shwekhitonlinetv.com
၁၂။ ဒေါက်ဖိနပ်ထဲက ဖန်ခွက်များ

ရာဘာဖိနပ်ပေါ်က အစားအသောက်တွေကို တွေ့ပြီးသွားချိန်မှာတော့ ဒေါက်ဖိနပ်အနီထဲက အစားအသောက်တင်ဆက်မှုဟာ ထူးဆန်းတယ်လို့ မဆိုနိုင်ပါဘူးနော်။ ဒါပေမယ့်လည်း ခြေထောက်မှာ ဝတ်ဆင်ရတဲ့ ဖိနပ်များကို အသုံးပြုပြီး အစားအသောက်ပြင်ဆင်တည်ခင်းတာကတော့ အဆင်မပြေနိုင်ပါဘူး ။ shwekhitonlinetv.com
၁၃။ သစ်သီးချိတ်

သစ်သီးစုံကို ချိတ်နဲ့ချိတ်ကာ ချောကလက်အနှစ်နဲ့ တို့စားရတဲ့ အစားအသောက်ဖြစ်ပါတယ်။ ပန်းကန်ပြားပေါ်မှာ ရိုးရိုးရှင်းရှင်းတင်ထားတာထက် ချိတ်လေးတွေနဲ့ ချိတ်ထားတဲ့ သီးစုံအစားအသောက်ဖြစ်တာကြောင့် စားသုံးသူကို ဆွဲဆောင်နိုင်မှာ အသေအချာပါပဲ။ shwekhitonlinetv.com
၁၄။ တောတွင်းအသားကင်

ပေါက်ဆိန်တလက် မီးအိမ်တခုနဲ့ တင်ဆက်ထားတဲ့ အသားကင်ဟင်းလျာဖြစ်ပါတယ်။ တောတွင်းမှာ ကိုယ်တိုင်ချက်ပြုတ်တဲ့ အငွေ့အသက်ရရှိစေမယ့် တင်ဆက်မှုပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၁၅။ ထရပ်ကားတင်ဆက်မှု

အစားအသောက်များကို ကစားစရာထရပ်ကားအသေးပေါ်မှာ တင်ဆောင်ထားပြီး စားသုံးသူကို ဆွဲဆောင်ထားတာကို တွေ့ရမှာပါ။ ကလေးငယ်တွေအတွက်တော့ စိတ်ဝင်တစားနဲ့ ပျော်ရွှင်စေမယ့် အစားအသောက်ဆိုလည်း မမှားပါဘူးနော်။ shwekhitonlinetv.com
၁၆။ အဝတ်လှန်းစင်က အစားအစာများ

အဝတ်လှန်းစင်ကဲ့သို့ စင်အသေးစားလေးမှာ အစားအသောက်တွေကို ညှပ်သေးသေးလေးတွေနဲ့ တွဲလောင်းချိတ်ဆွဲထားတာပဲ ဖြစ်ပါတယ်။ ထူးဆန်းတဲ့ အစားအသောက်တင်ဆက်မှုတခုဖြစ်ခဲ့ပေမယ့်လည်း စားချင်စိတ်ကိုတော့ ဘယ်လိုမှမဖြစ်ပေါ်စေတဲ့ အကျိုးမဲ့ဖန်တီးမှုလို့ပဲ ဆိုချင်ပါတယ်။ shwekhitonlinetv.com
၁၇။ ချောကလက်တုံးများကြားက ဖန်ခွက်အကွဲ

ပုံမှာတွေ့မြင်ရတာကတော့ ချောကလက်တုံးများကြားမှာ ကန့်လန့်ဖြစ်နေတဲ့ ဖန်ခွက်အကွဲပဲ ဖြစ်ပါတယ်။ စားသုံးသူကို နည်းလမ်းမျိုးစုံနဲ့ ဆွဲဆောင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဖန်ခွက်အကွဲကတော့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူးနော်။ shwekhitonlinetv.com
၁၈။ ကျောက်ခုံးပေါ်ကအစားအစာ

ပုံမှန်ဆန်ပြီး သေးငယ်လွန်းလှတဲ့ အစားအစာကို ကျောက်ခုံးပေါ်မှာ တင်ဆောင်ပြီး စားသုံးသူကို ဆွဲဆောင်ထားတဲ့ ဟင်းလျာဖြစ်ပါတယ်။ ကြီးမားတဲ့ကျောက်ခုံးပေါ်မှာ သေးငယ်တဲ့အစားအသောက်ကို မြင်တွေ့ရတာဟာ ထူးဆန်းပြီးစားသုံးသူကို အမြင်အာရုံနဲ့ ဆွဲဆောင်ထားနိုင်မယ်လို့ ထင်ရပါတယ်။ shwekhitonlinetv.com
၁၉။ သေတ္တာထဲက ဖန်ခွက်များ

မှော်ဝင်ဇာတ်ကားတွေထဲက ထူးဆန်းမှုတွေပြည့်နေတဲ့ သေတ္တာလိုပုံစံထဲမှာ အစားအသောက်တွေကို ထည့်ထားပြီး စားသုံးသူတွေကို ဆွဲဆောင်ထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဟယ်ရီပေါ်တာလို မှော်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအဖို့တော့ သဘောကျစေမယ့် တင်ဆက်မှုပါ။ shwekhitonlinetv.com
၂၀။ ကြေးမီးပူထဲက ပုဇွန်ကင်

ရှေးယခင် လျှပ်စစ်မီးပူများမပေါ်ပေါက်ခင်က အသုံးပြုတဲ့ ကြေးမီးပူထဲမှာ ပုဇွန်ကင်တွေထည့်ပြီး စားသုံးရတဲ့ အစားအသောက်ပုံစံပဲ ဖြစ်ပါတယ်။ အနံ့ အရသာနဲ့ ပြည့်စုံနေမယ့် ပုဇွန်ကင်တွေကို ကြေးမီးပူထဲမှာ ထည့်ပြီးစားသောက်ရတာဟာ အထူးအဆန်းတခုအဖြစ် ခံစားရစေမယ်ထင်ပါတယ်။ shwekhitonlinetv.com
၂၁။ ထီးအကြည်ရောင်ထဲက အချိုရည်

ထူးဆန်းပြီး ပုံမှန်မဟုတ်တဲ့ အစားအသောက်တင်ဆက်မှုတွေထဲမှာ ထီးအကြည်ရောင်ထဲက အချိုရည်ကို ခပ်သောက်ရတာလည်း အပါအဝင်ပါပဲ။ ပုံမှန်ထက်ထူးဆန်းတဲ့ အကြံဥာဏ်ဖြစ်ပြီး တော်တော်ကို အလုပ်ရှုပ်စေမယ်လို့လည်း ထင်ရပါတယ်။ shwekhitonlinetv.com
၂၂။ ကာတွန်းဇာတ်ကောင်ဟော့ဒေါ့

ကာတွန်းဇာတ်ကောင်ဖြစ်တဲ့ ရေသူမလေးပုံစံအတိုင်း ပြင်ဆင်တင်ဆက်ထားတဲ့ ဟော့ဒေါ့ဖြစ်ပါတယ်။ ကလေးငယ်တွေအတွက် ရည်ရွယ်ပြီး ပြင်ဆင်ထားတယ်လို့ ယူဆရပေမယ့် မသေမသပ်ဖြစ်နေတဲ့ပုံစံကြောင့် ဆိုးဝါးလွန်းတဲ့ ဟော့ဒေါ့ဖြစ်ခဲ့ရပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။