ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာကတော့ အားလုံးသိတဲ့အတိုင်း (၄) နှစ်ကိုမှ တစ်ကြိမ်ကျင်းပတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သာမန်ကစားသမားတစ်ယောက်အနေနဲ့ ကစားသမားဘဝသက်တမ်းတစ်လျောက်များ ပျမ်းမျှအားဖြင့် ဒီပြိုင်ပွဲကို အများဆုံး (၄) ကြိမ်သာကစားဖို့ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမယ့်လည်း ဘောလုံးသမိုင်းကိုပြန်ကြည့်မယ်ဆိုရင်တော့ ကစားသမားဘဝအရွယ်လွန်ချိန်အထိ ခြေစွမ်းကိုထိန်းထားနိုင်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို (၅) ကြိမ်အထိပါဝင်ခွင့်ရခဲ့တဲ့ ကစားသမားအချို့လည်းရှိနေပါတယ်။ အဲ့ဒီကစားသမားတွေကတော့ ….. shwekhitonlinetv.com
၁။ လီယွန်နယ်မက်ဆီ – အာဂျင်တီးနား၊ (၅) ကြိမ်

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို အများဆုံးအဖြစ် (၇) ကြိမ်ရရှိထားတဲ့ အာဂျင်တီးနားတိုက်စစ်မှုး လီယွန်နယ်မက်ဆီကတော့ ကမ္ဘာ့ဖလားကို (၅) ကြိမ်ဆက်တိုက် (၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂) ဆင်နွှဲထားတဲ့သူဖြစ်ပါတယ်။ သူ့အတွက်အမြင့်ဆုံးအောင်မြင်မှုကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ အာဂျင်တီးနားအသင်းကို ဦးဆောင်ပြီး ဗိုလ်စွဲနိုင်ခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ လိုသာမားသီးယပ်စ် – ဂျာမနီ၊ (၅) ကြိမ်

ဂျာမနီ ဂန္တဝင်ကစားသမားကြီးဖြစ်တဲ့ လိုသာမားသီးယပ်စ်ကတော့ ဂျာမနီအသင်းနဲ့အတူ (၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀၊ ၁၉၉၄၊ ၁၉၉၈) ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ပါဝင်ဆင်နွှဲခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ ၁၉၉၀ ကမ္ဘာ့ဖလားကိုတော့ ကိုင်မြောက်ခဲ့ဖူးပါတယ်။ shwekhitonlinetv.com
၃။ ခရစ္စတီယာနိုရော်နယ်လ်ဒို – ပေါ်တူဂီ၊ (၅) ကြိမ်

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (၅) ကြိမ်ရထားတဲ့ ပေါ်တူဂီတိုက်စစ်မှုး ခရစ္စတီယာနိုရော်နယ်လ်ဒိုကလည်း ကမ္ဘာ့ဖလားကို (၅) ကြိမ်ဆက်တိုက်ပါဝင်ကစားခဲ့ဖူးပြီး အဲ့ဒီ (၅) ကြိမ်စလုံးဂိုးသွင်းယူနိုင်ခဲ့တဲ့တစ်ဦးတည်းသောကစားသမားဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ (၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး အမြင့်ဆုံးအောင်မြင်မှု ကတော့ ဆီမီးဖိုင်နယ်အဆင့်ကို ၂၀၀၆ တုန်းကတစ်ကြိမ်ရောက်ရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ ရာဖေးလ်မားကွက်ဇ် – မက္ကဆီကို၊ (၅) ကြိမ်

မက္ကဆီကိုနောက်ခံလူဟောင်း ရာဖေးလ်မားကွက်ဇ်ကတော့ (၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်ဖူးပြီး အကြိမ်တိုင်းကို (၁၆) သင်းရှုံးထွက်အဆင့်မှာပဲကျေနပ်ခဲ့ရတဲ့သူပါ။ shwekhitonlinetv.com
၅။ အန်တိုနီယိုကာဗာဟယ် – မက္ကဆီကို၊ (၅) ကြိမ်

လက်ရှိအချိန်မှာ အသက် (၉၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက္ကဆီကိုလက်ရွေးစင် ဂိုးသမားဟောင်းကြီး အန်တိုနီယိုကာဗာဟယ်ကလည်း မက္ကဆီကိုအသင်းအတွက် (၁၉၅၀၊ ၁၉၅၄၊ ၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆) ကမ္ဘာ့ဖလားပြိုင်ပွဲ (၅) ကြိမ်ဆက်ကစားပေးခဲ့တဲ့သူဖြစ်ပါတယ်။ အဲ့ဒီ (၅) ကြိမ်စလုံးမှာ မက္ကဆီကိုအသင်းဟာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပါတယ်။ shwekhitonlinetv.com
၆။ အန်ဒရေဂွာဒါဒို – မက္ကဆီကို၊ (၅) ကြိမ်

အန်ဒရေဂွာဒါဒိုကလည်း ကမ္ဘာ့ဖလားကို (၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂) ခုနှစ်တွေမှာ မက္ကဆီကိုအသင်းနဲ့အတူပါဝင်ကစားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ အုပ်စုအဆင့် ကျန်တဲ့ လေးကြိမ်မှာ (၁၆) သင်းရှုံးထွက်အဆင့်ကိုသာရောက်ရှိခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ ဂီယန်လူဂီဘတ်ဖွန် – အီတလီ၊ (၅) ကြိမ်

လက်ရှိအချိန်မှာ အသက် (၄၄) နှစ်အရွယ်ရှိပြီဖြစ်ပြီး အီတလီစီးရီးဘီက ပါးမားအသင်းမှာကစားနေတဲ့ ဂိုးသမားကြီး ဘတ်ဖွန်ကတော့ ကမ္ဘာ့ဖလားကို (၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄) ခုနှစ်တွေမှာ အီတလီအသင်းနဲ့အတူ လိုက်ပါခွင့်ရခဲ့တဲ့သူဖြစ်ပါတယ်။ ဘတ်ဖွန်အနေနဲ့ ၁၉၉၈ ကမ္ဘာ့ဖလားမှာတော့ အရံခုံမှာပဲအချိန်ဖြုန်းခဲ့ရပြီး ကျန်တဲ့ လေးကြိမ်မှာတော့ ပထမဂိုးသမားနေရာကနေပွဲထွက်ခွင့်ရခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အီတလီအသင်း ကမ္ဘာ့ဖလားရရှိအောင် အဓိကနေရာကနေ ပါဝင်ကူညီပေးနိုင်ခဲ့ပါတယ်။ shwekhitonlinetv.com
၈။ ဂွီလာမိုအိုချိုအာ – မက္ကဆီကို၊ (၅) ကြိမ်

မက္ကဆီကိုဂိုးသမား ဂွီလာမိုအိုချိုအာ ကလည်းအန်ဒရေဂွာဒါဒိုနဲ့အတူ (၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂) ကမ္ဘာ့ဖလားတွေရဲ့ မက္ကဆီအသင်းလူစာရင်းမှာပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၆ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလား (၂) ကြိမ်မှာတော့ ပွဲထွက်ခွင့်မရခဲ့ပါဘူး။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။