အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေအတွက် အလွန်တရာရှားပါးပြီး မြင်တွေ့ရခဲတဲ့ မျိုးဗီဇချို့ယွင်းမှု တချို့အကြောင်းကိုဖော်ပြပေးချင်ပါတယ်။ ဒီလိုမျိုးအခြေအနေတွေဟာ အတော်လေးကိုဖြစ်ခဲတာကြောင့်မို့လို့ လူအယောက် (၁) သန်းမှာတစ်ယောက်တောင်မှ မြင်တွေ့ရဖို့မဖြစ်နိုင်ပါဘူး။ ဘယ်လိုမျိုး မျိုးဗီဇချို့ယွင်းမှုတွေများ ဖြစ်မလဲဆိုတာဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦးနော် ….. shwekhitonlinetv.com
၁။ Hutchinson-Gilford Syndrome – Rapidly Aging Children

လူအတော်များများကတော့ အချိန်မတိုင်ခင်မှာ အိုမင်းရင့်ရော်လာတာမျိုးကိုကြောက်ရွံ့ကြပါတယ်။ ဒါကြောင့် အိုမင်းရင့်ရော်ခြင်းဖြစ်စဉ်တွေကိုနှေးကွေးအောင် တက်စွမ်းသလောက်ပြုလုပ်လေ့ရှိကြပါတယ်။ ဒီကလေးလေးကတော့ Hutchinson-Gilford Syndrome ကြောင့် အသက် (၁) နှစ်အရွယ်မှာပဲ အိုမင်းရင့်ရော်မှုကို ခံစားနေရတာဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ The Big Eyes of Axenfeld-Rieger Syndrome

မျက်လုံးကြီးကြီးတွေက အလှအပရဲ့လက္ခဏာတစ်ရပ်မို့လို့ ယေဘုယျအားဖြင့်တော့ ကောင်းတယ်လို့ယူဆကြပါတယ်။ ဒီ ကလေးမလေးကတော့ Axenfeld-Rieger Syndrome ကြောင့် မျက်လုံးတွေအလွန်ကြီးနေတာဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ A Map Around the Vitiligo Spots

ဒါကတက်တူးထိုးထားတာတော့မဟုတ်ပါဘူး။ ကမ္ဘာ့လူဦးရေရဲ့ (ဝ.၅) ရာခိုင်နှုန်းကနေ (၁) ရာခိုင်နှုန်းလောက်မှာသာရှိတဲ့ မွေးရာပါ Vitiligo Spots တွေဖြစ်ပါတယ်။ ရုတ်တရက်ကြည့်ရင် မြေပုံတွေဆွဲထားသလိုထင်ရပြီး သူတို့ရဲ့သွင်ပြင်ပုံသဏ္ဍာန်က တစ်မျိုးလေးတော့ ဆွဲဆောင်မှုရှိနေတာအမှန်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Born With Anonychia and No Fingernails and Toenails

လက်သည်း၊ ခြေသည်းတွေဆိုတာက လူတိုင်းနီးပါးမွေးကတည်းကပါလာတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်ပါတယ်။ လူတစ်ယောက်အတွက်လက်သည်း၊ ခြေသည်းတွေကအရေးပါသလား၊ မပါလားဆိုတာတော့သေချာမပြောနိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ လက်သည်း၊ ခြေသည်းတွေလုံးဝမပါဘဲနဲ့ မွေးလာတဲ့သူတွေလည်း ရှိနေလို့ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေကိုတော့ Anonychia အခြေအနေရှိတဲ့သူတွေလို့ ခေါ်ကြပါတယ်။ shwekhitonlinetv.com
၅။ Bright Eyes With Waardenburg Syndrome

ဒီလူနှစ်ယောက်ရဲ့ပုံပန်းသဏ္ဍာန်ကိုကြည့်ပြီး အံ့အားသင့်စရာအစွမ်းပါဝါတွေရှိနေတယ်လို့ သင့်အနေနဲ့ထင်ကောင်းထင်နေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့မှာအင်မတန်သိသာထင်ရှားလှတဲ့ လျှပ်စစ်ဆန်ဆန်အပြာရောင်မျက်လုံးတွေပိုင်ဆိုင်ထားလို့ဖြစ်ပါတယ်။ ဒါပေမဲ့တကယ်တော့ သူတို့ဟာသာမန်လူတွေထဲက လူတွေပဲဖြစ်ပြီး Waardenburg Syndrome လို့ခေါ်တဲ့ ရှားပါးအခြေအနေတွေနဲ့မွေးဖွားလာကြသူတွေပါ။ Waardenburg Syndrome ရဲ့ လက္ခဏာဟာ ဆံပင်၊ မျက်လုံး၊ အသားအရေ အရောင်ကိုပြောင်းလဲမှုကိုဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ No Nose With Bam Syndrome

အသက်ရှုဖို့ အဓိကကျတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နှာခေါင်းမပါဘဲမွေးဖွားလာဖို့ဆိုတာက မဖြစ်နိုင်ဘူးလို့ထင်ရပေမယ့် တစ်ကယ်တမ်းနှာခေါင်းမပါဘဲ မွေးဖွားလာပြီးရှင်သန်နေထိုင်နေတဲ့ သူတွေတော့ရှိနေပါတယ်။ အလွန်ရှားပါးလှတဲ့ မျိုးဗီဇချို့ယွင်းမှုတစ်ခုဖြစ်တဲ့ Bam Syndrone နဲ့ မွေးဖွားလာသူတွေဟာ နှာခေါင်းလုံးဝမပါတဲ့ (သို့မဟုတ်) နှာခေါင်းသေးသေးလေးတွေနဲ့မွေးဖွားလာသူတွေပဲ ဖြစ်ပါတယ်။ သူတို့အတွက်နောက်ဆက်တွဲအဖြစ်များတဲ့ ပြဿနာကတော့ အမြင်အာရုံဆိုင်ရာပြဿနာဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Unable to Produce Collagen With Ehlers-Danlos Syndrome

Collagen ဆိုတဲ့စကားလုံးကတော့ ဒီနေ့ခေတ်အလှအပကဏ္ဍမှာ အတော်လေးကိုရေပန်းစားတဲ့စကားလုံးတစ်လုံးဖြစ်ပါတယ်။ အထူးသဖြင့်တော့ အမျိုးသမီးတွေဟာ အသားအရေလှပစိုပြေမှု၊ အရေးအကြောင်းတွေလျော့ချဖို့အတွက် Collagen ဖြည့်စွက်ဆေးတွေကို သောက်သုံးလျက်ရှိကြပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်ကလူအချို့ကတော့ ခန္ဓာကိုယ်တွင်းက Collagen ထုတ်လုပ်မှုကို ဟန့်တားခြင်းခံရတဲ့ Ehlers-Danlos Syndrome (EDS) ကိုခံစားနေကြရပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။