ဒီတစ်ခေါက်မှာတော့ Shwe Khit ပရိသတ်ကြီးကို အကြောင်းအရာ တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ အသက်ဘေးနဲ့ တည့်တည့်ကြီးကို ရင်ဆိုင်မိသူတွေရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုမျိုး တဲ့တိုးကြိး ရင်ဆိုင်မိကြတာလဲဆိုတာကတော့ အောက်ကပုံလေးတွေကို တစ်ပုံချင်းစီ ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com
၁။ ဒီအမျိုးသားကတော့ ရေကူးနေရင်း ငါးမန်းက အနောက်ကနေ တရစပ်လိုက်လာလို့ အသက်လုပြီးပြေးနေရတာပါ။ shwekhitonlinetv.com
၂။ ပိုလာ ဝက်ဝံတွေကတော့ တော်ရုံဆို လူတွေကို ရန်သိပ်မပြုတတ်ပေမယ့်လည်း ဒီတစ်ခါမှာတော့ အမျိုးသမီးကို သားကောင်ထင်ပြီး တိုက်ခိုက်နေပုံရပါတယ်။ shwekhitonlinetv.com

၃။ ဒီပုံကတော့ ကြည့်လိုက်တာနဲ့ကို အသည်းယားစရာပါ။ ကျားသစ်က အမျိုးသားရဲ့ ကျောဘက်ကို အလစ်ငိုက်ဖမ်းပြီး ခုန်အုပ်နေတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီပုံတွေဟာဆိုရင် တစ်ကယ့်ကို ကြောက်မက်ဖွယ်အခြေအနေတွေနဲ့ ကြုံတွေခဲ့ရတဲ့ အခြေအနေတွေကို အမိအရ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ တောရိုင်း သားရဲတွေရဲ့ သဘာ၀အတိုင်း တစ်ခါတစ်လေမှာ လူသားတွေကို သူတို့ရဲ့ သားကောင်လိုမျိုး သဘောထားပြီး အပြင်းအထန်ကို တိုက်ခိုက်ခဲ့ကြတာပါ။ ဒီလို တိုက်ခိုက်မှုတွေထဲမှာမှ အသက်ဘေးကနေ သီသီလေးလွတ်သွားတဲ့ သူတွေလည်း ရှိသလို ထိခိုက်အနာတရ ဖြစ်သွားတဲ့ သူတွေလည်း အများကြီးပါပဲ။ shwekhitonlinetv.com
၄။ သဘာ၀ ပတ်ဝန်းကျင်လေ့လာနေတဲ့ လူတစ်ယောက် လွင်ပြင်မှာ တဲထိုးနေရင်း ခြင်္သေ့နဲ့မှ ပက်ပင်း တိုးမိသွားတဲ့ ပုံပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ပင်လယ်ပြင်မှာ စိတ်အေးလက်အေး လှေလှော်ပြီး အပန်းဖြေနေတဲ့ အမျိုးသားတစ်ယောက် သူ့နောက်ကို ငါးမန်းလိုက်လာတာ မသိသေးပုံပါပဲ။ shwekhitonlinetv.com

၆။ ဒီမြွေမျိုးဟာ အန္တရာယ်မရှိဘူးလို့ ပြောကြပေမယ့်လည်း သူ့ခန္ဓာကိုယ်နဲ့ ရစ်ပတ်ပြီး ညှစ်လိုက်ရင် အသက်ရှုတောင် ရပ်သွားစေနိုင်ပါတယ်။ shwekhitonlinetv.com

တစ်ချို့သူတွေဆိုရင် ကိုယ့်ဆီကို လာတိုက်ခိုက်တဲ့ သားကောင်ကို သတိမမူပဲ အမှတ်မဲ့ နေမိသွားတဲ့ ပုံတွေလည်း ရှိပါသေးတယ်။ ဒီလို တိုက်ခိုက်ခံရသူတွေဟာ များသောအားဖြင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းသူတွေနဲ့ အမဲလိုက်မုဆိုးတွေက ခံရတာများတယ်လို့ ဆိုရမှာပါ။ ဒီအထဲမှာမှ ကမ်းခြေမှာ အပန်းဖြေနေရင်း တိုက်ခိုက် ခံရသူတွေလည်း ဒီပုံလေးတွေထဲမှာ ပါဝင်နေပါတယ်။ shwekhitonlinetv.com
၇။ ကမ်းခြေမှာ ရေကူးနေတဲ့ အမျိုးသားတစ်ယောက်ရဲ့ ကျောပေါ်ကို မထင်မှတ်ပဲ ရေဘဝဲ တစ်ကောင် ကပ်ပြီး ပါလာတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ မုဆိုးတစ်ယောက် အမဲလိုက်နေရင်း တောဝက်က ပြန်လိုက်လို့ ကြောက်လန့်ပြီး ပြန်ပြေးနေရပုံပါပဲ။ shwekhitonlinetv.com

၉။ ပုံထဲက အမျိုးသားတစ်ယောက်ဟာ သူ အမဲလိုက်ထားတဲ့ သမင်နဲ့ ဓာတ်ပုံရိုက်ပြီး ပျော်နေပုံရပါတယ် ။ ဒါပေမယ့် တစ်ကယ့် အန္တရာယ်က အနောက်ကနေ လာနေပြီဆိုတာ သတိမထားမိသေးတဲ့ ပုံပါပဲ။ shwekhitonlinetv.com

၁၀။ ငါးမန်းကြီးတစ်ကောင် ကုန်းပတ်ပေါ် ရောက်နေတာကို ရေထဲ ပြန်ရောက်အောင် ကူညီပေးနေတာပဲ ဖြစ်ပါတယ်။ အနီးကပ် လုပ်ကိုင်ရတာဖြစ်လို့ အတော်လေးကို အန္တရာယ်များလွန်း လှပါတယ်။ shwekhitonlinetv.com

ဒါ့ကြောင့် ဘယ်သားရဲ တိရိစ္ဆာန်မဆို သဘာ၀အရ တစ်ခါတစ်လေ အရိုင်းစိတ်ဝင်ပြီး တိုက်ခိုက်တတ်တယ်ဆိုတာ ဒီပုံလေးတွေက သက်သေပြနေတယ်လို့ပဲ ဆိုရမှာပါ။ အခုလိုမျိုး ထူးထူးဆန်းဆန်း ပုံလေးတွေကို နောက်ပိုင်းမှာလည်း စုစည်းပြီး ဖော်ပြဦးမှာမို့လို့ Shwe Khitt ကို စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော်…… shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။