အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ တစ်ကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုဖြစ်ပြီး တိရိစ္ဆာန်လေးတွေရဲ့ သခင်တွေအပေါ်သစ္စာရှိမှု၊ ချစ်ခင်မှုတို့ကို သနားလွမ်းမောဖွယ် ထင်ဟပ်ဖော်ပြနေတဲ့ ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

တရုတ်နိုင်ငံ၊ Qidong ပြည်နယ်၊ Jiangsu မှာနေထိုင်တဲ့ မိသားစုတစ်ခုမှာတော့ Ping An လို့အမည်ပေးထားတဲ့ Golden Retriever ခွေးမကလေးတစ်ကောင်ရှိပါတယ်။ သူမဟာ သူမရဲ့သခင်ဖြစ်သူ မိသားစုနဲ့အတူ မိနစ်တိုင်းပျော်ရွှင်စွာနေထိုင်ခဲ့ပါတယ်။ shwekhitonlinetv.com
တစ်နေ့မှာတော့ သူမရဲ့သခင်တွေဟာ အိမ်ကိုပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ဖို့ရှိလို့ သူတို့ရဲ့ခွေးကလေးကို အန္တရာယ်ကင်းအောင် သူတို့ရဲ့ သူငယ်ချင်းဖြစ်သူအိမ်မှာ ခဏတာသွားထားဖို့စီစဉ်ခဲ့ကြပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့ Ping An ကိုသူမသခင်တွေဟာ မိုင် (၆၀) ကျော်အကွာအဝေးမှာရှိတဲ့ သူငယ်ချင်းမိသားစုဆီကို (၂) နာရီကျော်ကားမောင်းပြီး ပို့ဆောင်ခဲ့ပါတယ်။ သူမရဲ့သူငယ်ချင်းမိသားစုကလည်း Ping An ကိုချစ်ကြပြီး သေသေချာချာမွေးမြူစောင့်ရှောက်ထားခဲ့ကြပါတယ်။
ဒါပေမဲ့ လအနည်းငယ်ကြာတဲ့အခါမှာတော့ Ping An ဟာသူ့ရဲ့ သခင်မိသားစုကိုအပြင်းအထန်လွမ်းတဲ့စိတ်ဖြစ်ပေါ်လာခဲ့တာကြောင့် လက်ရှိနေထိုင်နေတဲ့ အိမ်ကနေ သူ့ရဲ့ သခင်ဟောင်းတွေရဲ့ အိမ်ကို ပြန်ဖို့အတွက် ထွက်ခွာခဲ့ပါတော့တယ်။ shwekhitonlinetv.com

သူ့သခင်မိသားစုရဲ့ သူငယ်ချင်းတွေကတော့ Ping An ပျောက်သွားတာကြောင့်စိုးရိမ်တကြီးဖြစ်ကြပြီး ခွေးပျောက်ကြော်ငြာတွေကို နေရာအနှံ့မှာကြော်ငြာပြီး လိုက်လံရှာဖွေခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ Ping An ရဲ့သတင်းအစအနကိုမရခဲ့ကြပါဘူး။ shwekhitonlinetv.com
ဒီလိုနဲ့ ရက်သတ္တပတ်နှစ်ပတ်ကျော်ကြာတဲ့ အခါမှာတော့ လူတစ်ဦးက ပင်ပန်းနွမ်းနယ်နေပြီး ခြေထောက်မှာလည်းသွေးတွေနဲ့ ခွေးကလေးတစ်ကောင်ကို တွေ့ရှိကယ်ဆယ်ထားကြောင်း ဆက်သွယ်လာလို့ သွားကြည့်တဲ့အခါမှာ Ping An ဖြစ်နေခဲ့ပါတယ်။ သူမအနေနဲ့ ရက်သတ္တနှစ်ပတ်ကြာအောင် ယခင် သခင်ဟောင်းဖြစ်သူတွေရဲ့ အိမ်အဟောင်းကို ခြေရာခံပြီး ပြန်လာခဲ့တာဖြစ်ပါတယ်။ သူမကိုတွေ့ရှိတဲ့ နေရာကလည်း ယခင်အိမ်အဟောင်းနဲ့ သိပ်မဝေးတဲ့နေရာမှာပါ။ shwekhitonlinetv.com

သူ့ရဲ့သခင်ဖြစ်သူတွေဟာ Ping An ကိုတွေ့ရှိတယ်ဆိုတဲ့နေရာကို အလျင်အမြန်သွားရောက်ခေါ်ဆောင်ခဲ့ပြီး တိရိစ္ဆာန်ဆရာဝန်နဲ့ ပြသခဲ့ပါတယ်။ နောက်ပြီး Ping An ကိုလည်းနောက်နောင် ဘယ်တော့မှ တစ်ခြားနေရာတစ်ခုကို မပို့ဆောင်ဖို့အတွက် ဆုံးဖြတ်လိုက်ကြပါတော့တယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။