ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အမေရိကန်နှင့် ကနေဒါတို့မှာ ဆောင်းတွင်းမုန်တိုင်းကြီးတွေ တိုက်ခတ်ပြီးတဲ့နောက်မှာတော့ အမေရိကန်-ကနေဒါ နယ်စပ်မှာရှိတဲ့ နာမည်ကျော် နိုင်အာဂရာရေတံခွန်ကြီးဟာ ခြေရင်းနေထိပ်ဖျားအထိ အေးခဲပြီး ရေခဲဖြစ်သွားခဲ့ပါတယ်။ shwekhitonlinetv.com

ဒါပေမဲ့ ဒီမြင်ကွင်းဟာအထူးအဆန်းမြင်ကွင်းတစ်ခုတော့ မဟုတ်ပါဘူး။ ဒီရေတံခွန်ကြီးဟာ အပူချိန်အလွန်ကျဆင်းတဲ့ ဆောင်းရာသီကာလတွေမှာ မကြာခဏဆိုသလို ရေခဲရေတံခွန်ကြီး ဖြစ်သွားတက်တဲ့ သမိုင်းကြောင်းတွေအဖြစ်အပျက်တွေရှိနေပါတယ်။ shwekhitonlinetv.com

လတ်တလေတိုက်ခတ်သွားတဲ့ နှင်းမုန်တိုင်းကြောင့် မြောက်အမေရိကတစ်ဝှမ်းမှာတော့ အကြီးအကျယ် အနှောင့်အယှက်ဖြစ်ပေါ်စေခဲ့ပြီး နယူးယောက်ပြည်နယ်တစ်ခုတည်းမှာတင်ပဲ လူ (၃၉) ဦး ေ-သဆုံးခဲ့ရတယ်လို့ သိရပါတယ်။ သေဆုံးမှုအများစုကတော့ ရေတံခွန်ရဲ့ တောင်ဘက်မှာရှိတဲ့ Buffalo မြို့မှာဖြစ်ပွားခဲ့တာပါ။ shwekhitonlinetv.com

မုန်တိုင်းကြောင့် မြို့တော်ကို နှင်းထု ၄ ပေ (၁.၂ မီတာ) ကျော်အထိ ကျဆင်းစေခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှု ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ကာ အိမ်ထောင်စုအများအပြားလည်း လျှပ်စစ်မီးပြတ်တောက်ခဲ့ပါတယ်။ ထူးခြားချက်တစ်ခုကတော့ အေးခဲနေတဲ့ ဒီရေတံခွန်ကြီးကနေ မိုးခြိမ်းသံတွေကိုကြားရပြီး လျှပ်စီးတန်းတွေကို မြင်တွေ့ရတာဖြစ်ပါတယ်။ shwekhitonlinetv.com

အခုလိုမျိုးအေးခဲပြီး ရေခဲဖြစ်သွားတဲ့ နိုင်ရာဂရာ ရေတံခွန်ကြီးကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကတော့ ကနေဒါ တောင်တက်သမားတစ်ဦးဖြစ်တဲ့ Will Gadd (၄၇ နှစ်) ဟာ အောင်မြင်စွာတက်ရောက်နိုင်ခဲ့ဖူးပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။