တိုးတက်လာတဲ့ခေတ်ကြီးမှာ လိုအပ်တဲ့အသုံးအဆောင် ပစ္စည်းတွေကို အိမ်ကနေ ခြေတလှမ်းမခွာပဲ အွန်လိုင်းကနေ ဝယ်ယူနိုင်နေပြီ ဖြစ်ပါတယ်။ ကိစ္စရပ်တိုင်းမှာ ကောင်းခြင်း ဆိုးခြင်း ဒွန်တွဲနေသလိုပါပဲ အွန်လိုင်းကနေ ပစ္စည်းဝယ်ယူရတာကလည်း အမြဲအဆင်ပြေနေတာတော့ မဟုတ်ပါဘူး။ တခါတရံမှာ တင်ပြီးရောင်းချတဲ့ပစ္စည်းနဲ့ တကယ်ရောက်ရှိလာတဲ့ပစ္စည်းဟာ လုံးဝကိုကွဲပြားခြားနားပြီး ခေတ်စကားလိုပြောရရင် ဂျင်းထည့်ခံကြရပါတယ်။ ဒါ့ကြောင့် ရွှေခေတ်ပရိတ်သတ်ကြီးအတွက် အွန်လိုင်းကနေ ပစ္စည်းမှာတဲ့အခါ မျှော်လင့်ချက်ကြီးကြီးမထားဖို့ သက်သေပြနေတဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ ရင်ခေါင်းထိရောက်နေတဲ့ဘောင်းဘီ

ဘယ်ဘက်ဓာတ်ပုံထဲက မော်ဒယ်လ်မင်းသားဝတ်ထားသလို စတိုင်လ်ကျလှတဲ့ ဘောင်းဘီအဖြူကို မှာယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းဝတ်ကြည့်လိုက်တဲ့အခါမှာတော့ ဖြစ်သလိုချုပ်ထားပြီး ရင်ခေါင်းအထိတောင် ရောက်နေပြီဖြစ်တဲ့ ဘောင်းဘီကိုပဲ ရရှိခဲ့ပါတယ်။ shwekhitonlinetv.com
၂။ ခွေးလေးအတွက် ဖြစ်ခဲ့ရတဲ့စောင်

လှပပြီး နွေးထွေးနိုင်မယ်လို့ ထင်ရတဲ့ စောင်အကြီးကြီးကို မှာခဲ့တာပါ။ ဒါပေမယ့်လည်း ခွေးသေးသေးလေးခြုံဖို့အတွက်ပဲ ဖြစ်ခဲ့ရပါတယ်။ ပြထားတဲ့စောင်နဲ့ တကယ်ရောက်ရှိလာတဲ့စောင်ဟာ အရမ်းကို ကွာခြားလွန်းနေပါတယ်။ shwekhitonlinetv.com
၃။ အမျိုးသမီးညဝတ်အင်္ကျီ

အမွှေးဖွားဖွားလေးတွေနဲ့ လှပလွန်းတဲ့ ညအိပ်ဝတ်စုံဟာ တကယ်ရောက်ရှိလာတဲ့အခါမှာတော့ ညာဘက်ကပုံအတိုင်း ဖြစ်လို့နေပါတယ်။ ပါတယ်ဆိုရုံမျှ တပ်ဆင်ချုပ်လုပ်ထားတဲ့ အမွှေးအနည်းငယ်နဲ့ ချုပ်ရိုးချုပ်သားပုံစံဆိုးဝါးလှတဲ့ ညအိပ်ဝတ်စုံသာ ရရှိခဲ့ပါတယ်။ shwekhitonlinetv.com
၄။ ထင်သလိုမဖြစ်ခဲ့ရတဲ့ကော်ဇော

မှာယူခဲ့စဥ်က ၆ ပေပတ်လည်ရှိတဲ့ ကော်ဇောအကြီးကြီးတခုကို မှာယူခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်းရောက်ရှိလာတဲ့အခါမှာတော့ ၆ လက်မပတ်လည်တောင် မရှိနိုင်တဲ့ အခင်းသေးလေးတခုသာ ရောက်ရှိလာပါတယ်။ shwekhitonlinetv.com
၅။ ဆောင်းဝတ်အနွေးထည်

ပုံနှစ်ပုံကို ယှဥ်ကြည့်လိုက်တာနဲ့တင် မတူကွဲပြားမှုကို ကောင်းကောင်းကြီးမြင်နေရမှာပါ။ ပုံစံကျလှပပြီး နွေးနွေးထွေးထွေးရှိနိုင်မယ့် အနွေးထည်အကြီးကြီးကို မှာယူခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ စျေးပေါပေါပိတ်ဆနဲ့ ချုပ်လုပ်ထားတဲ့ ပုံစံမကျတဲ့ဒီဇိုင်းနဲ့ အင်္ကျီကိုပဲ ရရှိခဲ့ပါတယ်။ shwekhitonlinetv.com
၆။ တရားဝင်ဝက်ဘ်ဆိုဒ်တွေက ထည့်တဲ့ဂျင်း

ပုံမှာတွေ့မြင်ရတဲ့ ဖုန်းကာဗာကို တရားဝင်ရောင်းချတဲ့ ဝက်ဘ်ဆိုဒ်ကနေ မှာယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မှာထားတာနဲ့ ရောက်လာတာဟာ အရမ်းကို လွဲမှားနေခဲ့တာကြောင့် တရားဝင်ဝက်ဘ်ဆိုဒ်တွေက မှာတိုင်းလည်း မယုံကြည်ရပါဘူးနော်။ shwekhitonlinetv.com
၇။ အမေဇုံကနေမှာတဲ့အရုပ်

ချစ်စရာကောင်းတဲ့ baby Grinch ဆိုတဲ့ အရုပ်လေးကို ဘယ်ဘက်ကပုံစံလေးအတိုင်း မျှော်လင့်ပြီး အမေဇုံကနေ မှာယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ညာဘက်ကပုံစံအတိုင်း လက်ခံရရှိခဲ့တာကြောင့် တော်တော်စိတ်ပျက်ခဲ့ရမယ် ထင်ပါတယ်နော်။ shwekhitonlinetv.com
၈။ ပုံပျက်ပန်းပျက်ဖြစ်ခဲ့ရတဲ့ Baby Yoda

ကလေးပစ္စည်းဖြစ်တဲ့ Baby Yoda အရုပ်လေးကို အွန်လိုင်းကနေမှာယူခဲ့ပေမယ့်လည်း Baby Yoda နဲ့လုံးဝမတူတဲ့ အရုပ်လေးကိုသာ ရရှိခဲ့ပါတယ်။ shwekhitonlinetv.com
၉။ မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့တဲ့အနွေးထည်

အနွေးထည် ခပ်မိုက်မိုက်လေးတထည်ကို အွန်လိုင်းကနေ မှာယူခဲ့ပေမယ့် ရောက်ရှိလာတဲ့အခါမှာတော့ ငိုချင်စိတ်ပါပေါက်သွားစေပါတယ်။ ဘယ်လိုမှမတူညီတဲ့ ဒီဇိုင်းနဲ့အနွေးထည်ကိုသာ ရရှိခဲ့ပါတယ်။ shwekhitonlinetv.com
၁၀။ ကိုယ်တိုင်ဖန်တီးလို့ရတဲ့ဦးထုပ်

ဦးထုပ်မှာ စတေကာကပ်ဖို့အတွက် ပုံပါတဲ့ Link ကိုပို့ပေးပြီး စိတ်တိုင်းကျ စတစ်ကာနဲ့ ဦးထုပ်နှစ်လုံးမှာယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပို့ပေးတဲ့ပုံနဲ့မဟုတ်ပဲ Link adress ကိုသာ ဦးထုပ်မှာ မှားယွင်းပြီးရိုက်နှိပ်ခဲ့တာကို တွေ့ရမှာပါ။ shwekhitonlinetv.com
၁၁။ ဆိုးဝါးလွန်းတဲ့ဘောင်းဘီရှည်

အပြဲဒီဇိုင်းနဲ့ မိမိုက်တဲ့စတိုင်လ်ရှိတဲ့ ဘယ်ဘက်ကပုံစံအတိုင်း ဂျင်းဘောင်းဘီကို အွန်လိုင်းကနေ မှာယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ညာဘက်ကပုံစံအတိုင်း ရှုးတွေပေါက်ချမိသလို စိုနေတဲ့ဒီဇိုင်းနဲ့ ဘောင်းဘီကိုသာရရှိခဲ့ပါတယ်။ ဘယ်လိုမှကို ဝတ်လို့အဆင်မပြေနိုင်တဲ့ ဒီဇိုင်းပါပဲနော်။ shwekhitonlinetv.com
၁၂။ သိုးမွှေးခေါင်းစွပ်အနွေးထည်ရဲ့အဖြစ်

မှာယူခဲ့တာကတော့ သိုးမွှေးခေါင်းစွပ်ပါတဲ့ ဟူဒီအနွေးထည်ကို မှာခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်းဝတ်ကြည့်တဲ့အခါမှာတော့ သိပ္ပံစိတ်ကူးယဥ်ကားထဲက ဇာတ်ကောင်ဝတ်စုံလို ဖြစ်သွားခဲ့ပါတော့တယ်။ shwekhitonlinetv.com
၁၃။ eBay ရဲ့ဂျင်း

စျေးဝယ်ယူနိုင်တဲ့ နေရာတခုဖြစ်တဲ့ eBay ကနေပြီး စတီးလ်ပလိတ်ပြားတခုကို မှာယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပလပ်စတစ်နဲ့ပြုလုပ်ထားတဲ့ ကလေးကစားစရာ အပေါစားပလိတ်ပြားသာ ရောက်ရှိလာခဲ့တာပါ။ shwekhitonlinetv.com
၁၄။ စာကြည့်မီးအိမ်

စာကြည့်မီးအိမ်တခုကို Amazon ကနေမှာယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပုံမှာတွေ့မြင်ရတဲ့အတိုင်း ဖုန်းလောက်တောင်အရွယ်အစားမရှိတဲ့ ကလေးကစားစရာ စာကြည့်မီးအိမ်သာ ရရှိခဲ့ပါတယ်။ shwekhitonlinetv.com
၁၅။ သက်တန့်ရောင်သစ်ပင်

၆ ပေအမြင့်ရှိပြီး လှပလွန်းတဲ့ သက်တန့်ရောင်စုံပါတဲ့ သစ်ပင်ကြီးတခုကို Facebook ကြော်ညာတခုကနေတဆင့် မှာယူခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်းရောက်ရှိလာတဲ့အခါမှာတော့ ကျိုးတို့ကျဲတဲ အရွက်တွေနဲ့ မလှပတဲ့ သက်တန့်ရောင်သစ်ပင်ကိုပဲ ရရှိခဲ့ပါတယ်။ shwekhitonlinetv.com
၁၆။ AliExpress ကအနွေးထည်

တြိဂံနဲ့ ဒိုင်နိုဆောအရုပ် အနွေးထည်လေးကို မှာယူခဲ့ပေမယ့်လည်း ပုံစံခပ်ဆင်ဆင်နဲ့ အပေါစား အင်္ကျီကိုသာ ရရှိခဲ့ပါတယ်။ အဆိုပါအနွေးထည်ကိုတော့ AliExpress ကနေ မှာယူခဲ့တာလို့ သိရပါတယ်။ shwekhitonlinetv.com
၁၇။ AliExpress ကဖိနပ်

AliExpress ကနေမှာမယ်ဆိုရင် အများကြီးမမျှော်လင့်နဲ့ဆိုတဲ့ စနောက်တဲ့စကားဟာ ဝယ်ယူသူများကြားမှာတော့ ရေပန်းစားလေ့ရှိပါတယ်။ အခုတခေါက်မှာလည်း နာမည်ကြီးဖိနပ်တခုကို မှာယူခဲ့ပေမယ့်လည်း ရောက်ရှိလာတဲ့အခါမှာတော့ ပုံစံတူခပ်ညံ့ညံ့ သိုးမွှေးဖိနပ်ကြီးသာ ရောက်ရှိလာပါတယ်။ ဝယ်ယူသူကို လုံးဝကို စိတ်ပျက်စေမိမှာ အသေအချာပါပဲ။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။