ဖွံ့ဖြိုးတိုးတက်နေတဲ့ ယနေ့ခေတ်နည်းပညာကမ္ဘာကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၉၀၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်များဆီက လူသားများဟာ စိတ်ကူးယဥ်ပုံဖော်ခဲ့ကြပါတယ်။ သူတို့ရဲ့ စိတ်ကူးယဥ်ပုံဖော်မှုတွေဟာ ထိုခေတ်အခါက လူတွေအတွက်တော့ အငြင်းပွားစရာဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း အနီးစပ်ဆုံးအဖြစ် ခန့်မှန်းနိုင်ခဲ့ကြပုံကိုတော့ အခုဖော်ပြပါဓာတ်ပုံများကိုကြည့်ရင် သိရှိနိုင်ပါတယ်။ ဒါ့ကြောင့် ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ရှေးခေတ်လူတွေရဲ့ ယနေ့ခေတ်ကမ္ဘာကြီးကို ပုံဖော်စိတ်ကူးခဲ့ကြတဲ့ ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ Video Call

ရုပ်လည်းမြင်နိုင် အသံလည်းကြားနိုင်တဲ့ Video Call ပြောဆိုနိုင်ခြင်းကို ခန့်မှန်းခဲ့တဲ့ ပုံရိပ်ဖြစ်ပါတယ်။ အနီးစပ်ဆုံး ခန့်မှန်းနိုင်ခဲ့တဲ့ ပန်းချီကားလို့ ဆိုနိုင်ပါတယ်။ shwekhitonlinetv.com
၂။ မြေပုံကြည့်ကာမောင်းနှင်ခြင်း

မြေပုံပါတဲ့ ဖလင်လိပ်ကို ကားထဲမှာ တီဗွီနဲ့ချိတ်ဆက်ထားပြီး လမ်းကြောင်းကို ကြည့်ရှုတဲ့နည်းပညာ ပေါ်လာနိုင်တဲ့အကြောင်းကို ခန့်မှန်းထားတဲ့ ပုံရိပ်ဖြစ်ပါတယ်။ ယနေ့ခေတ်မှာလည်း GPS ကိုကြည့်ကာ သွားလာနိုင်နေပြီဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ အိမ်တိုင်ရာရောက်မုန့်ပို့ခြင်း

Food Truck လိုမျိုး ကားထဲမှာတင်မုန့်မျိုးစုံကို ပြုလုပ်ပြီး အိမ်ရှေ့အရောက် မုန့်ပို့ပေးနိုင်တဲ့ ခေတ်စနစ်ကို ခန့်မှန်းထားခဲ့တဲ့ ပုံရိပ်ဖြစ်ပါတယ်။ ခန့်မှန်းထားခဲ့သလိုပါပဲ ယနေ့ခတ်မှာတော့ အိမ်ရှေ့အရောက် ပစ္စည်းပို့နိုင်ခြင်း မုန့်ပို့ဆောင်နိုင်ခြင်းတို့အပြင် Food Truck လိုကားတွေလည်း ရှိနေပြီဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ အလိုအလျောက်မောင်းနှင်နိုင်တဲ့ကားများ

အလိုအလျောက်ကားမောင်းတဲ့စနစ်ကို စိတ်ကူးယဥ်ပုံဖော်ခဲ့တဲ့ ၁၉၆၀ ပြည့်လွန်နှစ်များဆီက ကာတွန်းလက်ရာဖြစ်ပါတယ်။ ယနေ့ခေတ်မှာလည်း ကားကိုကိုယ်တိုင်မောင်းစရာမလိုပဲ အလိုအလျောက်မောင်းနှင်တဲ့စနစ်ပါဝင်တဲ့ကားများကို ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ အနာဂတ်ဖုန်း

အနာဂတ်မှာဖြစ်ပေါ်လာမယ့် ဖုန်းဒီဇိုင်းကို စိတ်ကူးယဥ်ခဲ့တာ ဖြစ်ပါတယ်။ ဖုန်းခွက်ပေါ်မှာ တခါတည်း ဂဏန်းတွေပါဝင်လာနိုင်မယ်ဆိုတာကို စိတ်ကူးယဥ်ခဲ့ပေမယ့် ဖုန်းကြိုးမပါပဲ သွားလေရာသယ်ဆောင်နိုင်မယ်ဆိုတာအထိတော့ မတွေးမိခဲ့ကြဘူး ထင်ပါတယ်နော်။ shwekhitonlinetv.com
၆။ ၁၉၇၇ ခုနှစ်က Smart Watch

၁၉၇၇ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကား ” Spy Who Loved Me ” ထဲက ဂျိမ်းစ်ဘွန်းပတ်ခဲ့တဲ့ Smart Watch ပဲဖြစ်ပါတယ်။ အဆိုပါဇာတ်ကားထဲမှာ မင်းသားဟာ နာရီကနေတဆင့် ပေးပို့တဲ့စာကို လက်ခံရရှိတဲ့အကြောင်း ရိုက်ကူးထားခဲ့တာပါ။ ယနေ့ခေတ်မှာလည်း ဖုန်းတလုံးနဲ့မခြား လုပ်ဆောင်နိုင်တဲ့ Smart Watch တွေကို တီထွင်ဖန်တီးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ တိုက်ခန်းများ

၁၉၈၁ ခုနှစ်က ဆင်ခြေဖုံးရပ်ကွက်များမှာ နေထိုင်သူတို့ရဲ့ စိတ်ကူးယဥ်ပုံရိပ်တခု ဖြစ်ပါတယ်။ ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်သူများဟာ မြေနေရာအခက်အခဲဖြစ်လာခဲ့ပြီး နေထိုင်စရာမရှိတော့တဲ့နောက်မှာတော့ အခုလိုပုံရိပ်ကို စိတ်ကူးယဥ်ခဲ့ကြပါတယ်။ shwekhitonlinetv.com
၈။ အွန်လိုင်းရှော့ပင်း

နေအိမ်ကနေ စျေးဝယ်ယူနိုင်တဲ့ဖြစ်စဥ်ကို ၁၉၄၀ ခုနှစ်များဆီက အခုလိုပဲ စိတ်ကူးယဥ်ခဲ့ကြပါတယ်။ တီဗွီကိုကြည့်ရင်း ဖုန်းဆက်ပြီး ဝယ်ယူနိုင်မယ်ဆိုတဲ့ စိတ်ကူးယဥ်မှုဟာ အခုချိန်မှာတော့ အွန်လိုင်းရှော့ပင်းအဖြစ် အသက်ဝင်နေပြီဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ အနာဂတ်ကား

Ian Roussel ဆိုတဲ့သူရဲ့ စိတ်ကူးယဥ်တီထွင်ခဲ့တဲ့ အနာဂတ်ကားပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ အဆိုကားပုံစံမျိုး ပုံစံတူကားအမျိုးအစားပေါင်းများစွာကို ထုတ်လုပ်နိုင်နေပြီ ဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ Seiko smart watch

၁၉၈၄ ခုနှစ်ကတီထွင်ထုတ်လုပ်ခဲ့တဲ့ Seiko smart watch ဖြစ်ပါတယ်။ နာရီတခုရဲ့ လုပ်ဆောင်ချက်သာမက ဂဏန်းတွက်စက်အဖြစ်လည်း အသုံးပြုနိုင်စေဖို့ တီထွင်ထားတာလို့ ယူဆရပါတယ်။ shwekhitonlinetv.com
၁၁။ အနာဂတ်အိမ်

Monsanto ကုမ္ပဏီက ဆောက်လုပ်ထားတဲ့ ၁၉၅၇ ခုနှစ်က အနာဂတ်အိမ်ပဲ ဖြစ်ပါတယ်။ လှပတဲ့ဒီဇိုင်းနဲ့ မှန်တွေကာရံထားတဲ့ အပြင်အဆင်ကြောင့် ထိုခေတ်အခါက အရမ်းကိုခေတ်မှီတဲ့အိမ်တလုံး ဖြစ်ခဲ့မယ်ထင်ပါတယ်။ shwekhitonlinetv.com
၁၂။ ရေဒီယိုဦးထုပ်

အလွယ်တကူသွားလေရာကို သယ်သွားနိုင်မယ့် ရေဒီယိုဦးထုပ်ကို တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ရှေးယခင်ကတော့ ရေဒီယိုကို နေရာတိုင်းမှာဖမ်းယူနားဆင်နိုင်ဖို့ စိတ်ကူးခဲ့ကြတာ ဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။