ဒီတစ်ခေါက်ရွှေခေတ်ပရိသတ်တွေကို ဖော်ပြပေးချင်တာကတော့ ရင်သပ်ရှုမောဖွယ်ရာကောင်းလွန်းတဲ့ ဓာတ်ပုံလေးတွေဖြစ်ပါတယ်။ ဒီဓာတ်ပုံလေးတွေဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ လူ၊ တိရိစ္ဆာန်၊ သဘာဝပတ်ဝန်းကျင် စတဲ့ သက်ဆိုင်ရာကဏ္ဍတွေမှာအကောင်းဆုံး ဓာတ်ပုံဆုရရှိခဲ့တဲ့ ပုံလေးတွေလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ လမု ဒီရေတောများထဲမှ မိချောင်းတစ်ကောင်။ ဒီပုံကိုရိုက်ကူးခဲ့တာကတော့ ကျူးဘားနိုင်ငံသူ ဓာတ်ပုံပညာရှင် Tanya Houppermans ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ပျားရည်မုဆိုးများ။ ဒီပုံကိုရိုက်ကူးခဲ့တာကတော့ ဘင်္ဂဘားဒေ့ရှ်နိုင်ငံသားဓာတ်ပုံပညာရှင် Muhammad Mostafigur Rahman ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ အဖြူရောင်လမုတောများအတွင်းနေထိုင်ခြင်း။ ဗီယက်နမ်ဓာတ်ပုံပညာရှင် Alex Cao ရဲ့လက်ရာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Walakiri Dancing Trees လို့ခေါ်တဲ့သစ်ပင်များကို အလှပဆုံးရိုက်ကူးထားပုံ။ ဒါကတော့ အင်ဒိုနီးရှားဓာတ်ပုံပညာရှင် Loic Dupuis ရဲ့ လက်ရာပါ။ shwekhitonlinetv.com

၅။ ဒီပုံကတော့ အမေရိကန်ဓာတ်ပုံပညာရှင် Melodi Roberts ရဲ့ Dreamlife of Mangrove လို့အမည်ပေးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ လမုဒီရေတောများအတွင်းမှ အပြာရောင်ဂဏန်းတစ်ကောင်။ အလွန်တရာ အံ့သြမှင်သက်ဖို့ကောင်းတဲ့ ဒီဓာတ်ပုံကို ရိုက်ကူးထားသူကတော့ မက္ကဆီကိုဓာတ်ပုံပညာရှင် Martini Broen ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ရေအောက်ထဲမှာစွန့်စားပြီးရိုက်ကူးထားတဲ့ အခုပုံလေးရဲ့အမည်ကတော့ At the Edge ဖြစ်ပါတယ်။ ဘဟားမားနိုင်ငံသား ဓာတ်ပုံပညာရှင် Jillian E Morris ရဲ့လက်ရာပါ။ shwekhitonlinetv.com

၈။ ဒီပုံလေးရဲ့နာမည်က Take Off လို့အမည်ရပါတယ်။ အမေရိကန်နိုင်ငံသားဓာတ်ပုံပညာရှင် Jayakumar MN ရဲ့ လက်ရာပါ။ shwekhitonlinetv.com

၉။ ဒီပုံကတော့ ဘရာဇီးလ်နိုင်ငံသား Priscila Forone ရဲ့လက်ရာဖြစ်ပြီး Colhereiro လို့အမည်ရပါတယ်။ shwekhitonlinetv.com

၁၀။ လူငယ်လေးတွေရဲ့ စူးစမ်းမှုလေ့လာမှုနဲ့ ပတ်ဝန်းကျင်ဂေဟစနစ်ထိန်းသိမ်းနေမှုကို လှပအောင်ပုံဖော်ရိုက်ကူးခဲ့တာကတော့ အင်ဒိုနီးရှားဓာတ်ပုံပညာရှင် Fakhirzal Setiawan ဖြစ်ပါတယ်။ ဓာတ်ပုံလေးရဲ့နာမည်ကတော့ Healty Ecosystem ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၁။ ဒါကလည်း ဗီယက်နမ်ဓာတ်ပုံပညာရှင် Alex Cao ရဲ့လက်ရာပဲဖြစ်ပါတယ်။ ဓာတ်ပုံလေးရဲ့နာမည်က To Be Continuing ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၂။ Tree of Life ဆိုတဲ့ ဒီပုံလေးကိုရိုက်ကူးခဲ့တာကတော့ ယူအေအီးနိုင်ငံသား Amar Habeeb ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၃။ Flying Crocodile ဆိုတဲ့ လက်ရာမြောက်လွန်းတဲ့ ဒီဓာတ်ပုံကတော့ မက္ကဆီကိုဓာတ်ပုံပညာရှင် Alvaro Herrero Lopez-Bletran ရဲ့လက်ရာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၄။ French Grunts ဆိုတဲ့ဒီပုံကလေးကတော့ ငါးကလေးတွေအစုလိုက်အပြုံလိုက်နေကြတဲ့ အလှပုံလေးဖြစ်ပါတယ်။ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံပညာရှင်ကတော့ နယ်သာလန်နိုင်ငံသား Lorenzo Mittiga ပါ။ shwekhitonlinetv.com

၁၅။ ရေရှားပါးလွန်းတဲ့ ဒေသတစ်ခုရဲ့မြင်ကွင်းကို ရိုက်ကူးခဲ့တဲ့ဓာတ်ပုံပညာရှင်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Meharab Hossain ဖြစ်ပါတယ်။ ဓာတ်ပုံလေးရဲ့အမည်ကိုတော့ ပုံလေးနဲ့လိုက်ဖက်စွာပဲ Source of Little Water လို့ပေးထားပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။