အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ကမ္ဘာပေါ်မှာတည်ရှိတဲ့ အမြင့်ဆုံးရေတံခွန်ကြီး (၁၀) ခုအကြောင်းကို ဗဟုသုတအဖြစ် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော် ….. shwekhitonlinetv.com
၁၀။ ပူအာကာအိုကူ ရေတံခွန် – (၈၄၀) မီတာ

အမေရိကန်နိုင်ငံအနောက်ဘက် ပစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့ ဟာဝိုင်အီကျွန်းပေါ်က ပူအာကာအိုကူ ရေတံခွန် (Pu’uka’oku Falls) ကတော့ အမြင့် ၈၄၀ မီတာ (၂၇၅၆ ပေ) မြင့်ပြီး ကမ္ဘာပေါ်မှာ (၁၀) ခုမြောက်အမြင့်ဆုံး ရေတံခွန်ဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ မတ်တမ်ဘာ့ချ် ရေတံခွန် – (၈၄၀) မီတာ

ဆွစ်ဇာလန်နိုင်ငံရဲ့ သာယာလှပလွန်းတဲ့ Lauterbrunnen ရွာလေးမှာရှိတဲ့ မတ်တမ်ဘာ့ချ် ရေတံခွန် (Mattenbachfall) ကလည်း အမြင့် (၈၄၀) မီတာ (၂၇၅၆ ပေ) မြင့်တဲ့ ရေတံခွန်တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ ဘယ်လာဖာ့ဆန် ရေတံခွန် – (၈၅၀) မီတာ

စကင်ဒီနေးဗီးယန်းဒေသက နော်ဝေးနိုင်ငံရဲ့ ဗက်စ်လန်းကောင်တီ (Vestland County) မှာရှိတဲ့ ဘယ်လာဖာ့ဆန် ရေတံခွန် (Balåifossen Waterfalls) ကြီးကတော့ ၈၅၀ မီတာ (၂၇၈၉ ပေ) မြင့်တာကြောင့် ကမ္ဘာ့ (၈) ခုမြောက်အမြင့်ဆုံးရေတံခွန်အဖြစ်မှတ်တမ်းဝင်နေပါတယ်။ shwekhitonlinetv.com
၇။ ဗင်နျူဖာ့ဆန် ရေတံခွန် – (၈၆၀) မီတာ

နောက်ထပ်ကမ္ဘာ့ (၇) ခုမြောက်အမြင့်ဆုံးရေတံခွန်ကလည်း နော်ဝေးနိုင်ငံမှာပဲတည်ရှိတာဖြစ်ပါတယ်။ Møre og Romsdal County မှာရှိတဲ့ ဗင်နျူဖာ့ဆန် ရေတံခွန် (Vinnufossen Waterfalls) ဟာဆိုရင် မီတာ ၈၆၀ (၂၈၂၂ ပေ) မြင့်တဲ့ ရေတံခွန်တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ စကော်ယာ ရေတံခွန် – (၈၇၅) မီတာ

စကော်ယာ ရေတံခွန် (Skorga Waterfalls) ကတော့ နော်ဝေးနိုင်ငံ Møre og Romsdal County မှာပဲရှိတာဖြစ်ပြီး ဗင်နျူဖာ့ဆန်ရေတံခွန်နဲ့ တူညီတဲ့တောင်ကြောပေါ်မှာတည်ရှိတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် စကော်ယာရေတံခွန်ကတော့ ဗင်နျူဖာ့ဆန်ရေတံခွန်ထက်ပိုမြင့်ပြီး ၈၇၅ မီတာ (၂၈၇၁ ပေ) မြင့်ပါတယ်။ shwekhitonlinetv.com
၅။ ယွန်ဘီလာ ရေတံခွန် – (၈၉၆) မီတာ

တောင်အမေရိကတိုက် ပီရူးနိုင်ငံရဲ့ အမေဇိုးနားစ် ဒေသမှာရှိတဲ့ ယွန်ဘီလာ ရေတံခွန် (Yumbilla Falls) ကတော့ အမြင့် ၈၉၆ မီတာ (၂၉၄၀ ပေ) မြင့်တဲ့ရေတံခွန်တစ်ခုဖြစ်ပါတယ်။ ဒီစာရင်းမှာတော့ ယွန်ဘီလာရေတံခွန်က အဆင့် (၅) ပါ။ shwekhitonlinetv.com
၄။ အိုးလပ်ပင်နာ ရေတံခွန် – (၉၀၀) မီတာ

ဒီရေတံခွန်ကလည်း ဟာဝိုင်အီကျွန်းပေါ်မှာတည်ရှိတာဖြစ်ပါတယ်။ အမြင့် ၉၀၀ မီတာ (၂၉၅၃ ပေ) မြင့်တဲ့ အိုးလပ်ပင်နာ ရေတံခွန် (Olo’upena Falls) ကတော့ ကမ္ဘာပေါ်မှာ စတုတ္ထမြောက်အမြင့်ဆုံးရေတံခွန်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ လာ့သရီးစရာမန်းနက်စ် ရေတံခွန် – (၉၁၄) မီတာ

ကမ္ဘာ့တတိယမြောက်အမြင့်ဆုံးရေတံခွန်ကလည်း ပီရူးနိုင်ငံမှာပဲတည်ရှိတာဖြစ်ပါတယ်။ ဂျူနင်ပြည်နယ်မှာရှိတဲ့ လာ့သရီးစရာမန်းနက်စ် ရေတံခွန် (Las Tres Hermanas Falls) ကတော့ အမြင့် ၉၁၄ မီတာ (၂၉၉၉ ပေ) မြင့်တဲ့ရေတံခွန်တစ်ခုဖြစ်ပါတယ်။ Las Tres Hermans ဆိုတာကတော့ ပီရူးဘာသာနဲ့ ညီအစ်မသုံးဖော်လို့ အဓိပ္ပါယ်ရပါတယ်။ shwekhitonlinetv.com
၂။ အိန်ဂျယ် ရေတံခွန် – (၉၇၉) မီတာ

ယခင်တုန်းကတော့ ဒီရေတံခွန်ကြီးကို ကမ္ဘာပေါ်မှာအမြင့်ဆုံးရေတံခွန်အဖြစ်သတ်မှတ်ထားခဲ့ကြဖူးပါတယ်။ ဒါပေမယ့် ဒီနေ့အချိန်အခါမှာတော့ ဒီ အိန်ဂျယ်ရေတံခွန် (Angel Falls) ဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက်အမြင့်ဆုံးရေတံခွန်အဖြစ်ကိုရောက်ရှိသွားပြီပဲဖြစ်ပါတယ်။ တောင်အမေရိကတိုက် ဗင်နီဇွဲလားနိုင်ငံမှာ ရှိတဲ့ အိန်ဂျယ်ရေတံခွန်ကြီးဟယ အမြင့် ၉၇၉ မီတာ (၃၂၁၂ ပေ) မြင့်တဲ့ရေတံခွန်ကြီးဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ တူဂီလာ ရေတံခွန် – (၉၈၃) မီတာ

တောင်အာဖရိကနိုင်ငံရဲ့ ကွာဇူလူး စီရင်စုမှာရှိတဲ့ တူဂီလာရေတံခွန် (Tugela Falls) ကိုတော့ ၂၀၁၆ ခုနှစ်တိုင်းတာမှုတွေအရ ကမ္ဘာပေါ်မှာအမြင့်ဆုံးရေတံခွန်အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ ဒီရေတံခွန်ကြီးကတော့ အမြင့် ၉၈၃ မီတာ (၃၂၂၅ ပေ) မြင့်မားတဲ့ ရေတံခွန်ကြီးဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။